စာအုပ်နှင့်သီချင်းlink: သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား ဟင်္သာကျွန်း (Ko Khan)ပေါ်သို့ ယိုးဒယားတို့ တက်ရောက်သိမ်းပိုက်လိုက်ခြင်း(1999)...

Search This Blog

Saturday, July 1, 2017

သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား ဟင်္သာကျွန်း (Ko Khan)ပေါ်သို့ ယိုးဒယားတို့ တက်ရောက်သိမ်းပိုက်လိုက်ခြင်း(1999)...

#သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသေား
ဟင်္သာကျွန်း (Ko Khan)ပေါ်သို့ ယိုးဒယားတို့ တက်ရောက်သိမ်းပိုက်လိုက်ခြင်း(1999)...
..................................................................
အခန်း(၁)
#ယိုးဒယားတို့စတင်သွေးတိုးစမ်းခြင်း

ပင်လယ်ပြင်၏ရာသီဥတုသည် sunny နှင့် ရေပြင်သည် slide sea ဖြင့် တည်ငြိမ်သာယာလျှက်ရှိပါသည် မိမိတပ်မတော်(ရေ)မှစစ်ရေယာဉ် ရန်ဇွဲအောင် (FAC 450) Submarine Chaser အမျိုးအစားစစ်သင်္ဘေားသည် ယိုးဒယား မြန်မာ နှစ်နိုင်ငံရေပြင်နယ်နိမိတ်
border line တစ်လျှောက် မြန်မာရေပိုင်နက်မှ အနောက်မှအရှေ့ သို့ဦးတည်လျှက် ရေပြင်လုံခြုံရေးတာဝန် ကိုထမ်းဆောင် လျှက်ရှိသည်...

ထိုအချိန်တွင်
စစ်ရေယာဉ်၏ radar မျက်နှာပြင်ပေါ်သို့ ယိုးဒယား
ပိုင် ရေပြင်ဘက်မှပုံမှန်မဟုတ်သည့် ပစ်မှတ်တစ်ခု မိမိတို့
ရေယာဉ်အားဦးတည် ဝင်ရောက်လာကြောင်း
ထူးခြားစွာတွေ့ရှိပြီးနောက်

RO အရာရှိမှအချိန်မဆိုင်းပဲ ရေယာဉ်အတွင်း telex phoneဖြင့် စစ်ရေယာဉ်မှုးကိုချက်ချင်း အခြေအနေကို
သတင်းပို့လိုက်လေသည်

စစ်ရေယာဉ်မှုးသည် ချက်ချင်းပြန်လည်၍

"RO"..!!(အာအို)
Point mark ပေးပြီးထူးခြားမှု့ ကိုချက်ချင်းသတင်းပို့..!!

"GO"..!!!(ဂျီအို)
All Guns stanby...!!

စစ်ရေယာဉ်တစ်စီးလုံး သက်ဆိုင်ရာဋ္ဌာနအလိုက်
ချက်ချင်းအသက်ဝင်သွားပြီး မောင်းတင် ကျည်ထိုးသံများ
အမြှောက်တပ်ဖွဲ့ အသီးသီး၏သတင်းပို့သံများ
ဖြင့် တစ်မဟုတ်ချင်း တိုက်ပွဲးဝင်ရန် အသင်ဖြစ်သွားလေပြီ
ထိုအခြေအနေသည် ကျက်သီးထစရာကောင်း လှပေသည်

#ပစ်မှတ်...
အစိမ်း 145ဒီကရီ
အကွာအဝေး ဆယ်နှစ်မိုင်
ရေပြင်ပစ်မှတ် ယိုးဒယားစစ်ရေယာဉ်
အမြန်နှုံး 18မိုင်

RO ၏ဆက်တိုက်သတင်းပို့ချက်များအတိုင်း
စစ်ရေယာဉ်တစ်စီးလုံးရှိအမြှောက်များသည်
နိမ့်ဒေါင့် မြင့်ဒေါင့်ပြောင်းလည်း ပြင်ဆင်လျှက်ရှိချိန်တွင်
စစ်ရေယာဉ်မှုးသည် အခုချည်းကပ်လာသေားရေယာဉ်
သည် ယိုးဒယားစစ်ရေယာဉ်ကြီးတစ်စီး ဖြစ်တယ်
Gun အားလုံး Full Fire လုပ်နိုင်အောင်လုပ်ပါ GO..!!

စစ်ရေယာဉ်မှုး၏ညွှန်ကြားချက်များမှာချက်ချင်းဆိုသလို
သက်ဆိုင်ရာဋ္ဌာနများ၏ ညွှန်ကြားချက်ကိုရရှိကြောင်း
အပြန်အလှန်သတင်းပို့ချက်များဖြင့်
အားပါလှပေသည်..

ချည်းကပ်ပုံမမှန်ကန်သေားရေယာဉ်သည်
ယိုးဒယားစစ်ရေယာဉ်မှန်းသိလိုက်ရချိန်တွင်
အရာရှိစစ်သည်များသည် စစ်မာန်ဟုန်များဖြင့် အသင့်ပြင်
အမြှောက်များပစ်ခတ်ရန် foot paddle plates
ပေါ်ခြေတင်၍ စစ်ရေယာဉ်မှုး၏ ပစ်မိန်ကို
နားစွင့်နေကြ လေပြီ...

တိုက်စစ်အဟုန်နဲ့ စစ်မာန်ပြည့်ဝနေသော စစ်ရေယာဉ်ရန်ဇွဲ
အောင်နဲ့သူ၏ crew ကတော့အားပါလှသည် ထိုအချိန်တွင်အနီးသို့ချည်းကပ်လာပြီဖြစ်သေား ယိုဒယား
စစ်ရေယာဉ်အားကောင်းစွာမြင်တွေ့ ရပြီဖြစ်ကာ
ကိုယ်ထည်အမှတ် (FFG 433)ဖရီဂိတ်အမျိုးအစား
ဖြစ်ပေသည်

စစ်ရေယာဉ်မှုး၏ ပြတ်သားလှသေားအမိန်ပေးပြီ...

"#ရေယာဉ်အမြှောက်တပ်ဖွဲ့များနားထောင်ပါ
#ယိုးဒယားရေယာဉ်ဘက်ကစတင်ပစ်ခတ်မှု့ 
#အတွက်ပြင်ဆင်ပါကငါ့အမိန့်လုံးဝစောင့်ရန်မလို
#ကျည်ကုန်သုံးဖြစ်ခတ်သွားရန်အမိန့်ပေးသည်"

Voice speaker မှပြတ်သားလှသည့်အမိန့်သည်
အရသာရှိလှပေသည် စစ်ရေယာဉ်၏ crew အားလုံး
နားထောင်လို့ကောင်းလွန်ပြီး
ကြက်သီးထသည့်အထိတိုက်ပွဲဝင်စိတ်များတဖွားဖွား
ဖြစ်လာကြသည် မိမိနိုင်ငံမိမိလူမျိုးအတွက်ရဲရဲကြီးသေရဲ
သည့်အထိအသင့်ရှိနေကြပြီ

ထို့ကြောင့်
မိမိတို့ရေယာဉ်ထက်အဆမတန် ကြီးမားသေား
ယိုးဒယားစစ်ရေယာဉ်ကိုရင်ဘောင်တန်းအမြှောက်အား
လုံးထိုးချိန်၍ open fire လုပ်ထားလိုက်ကြလေသည်

သို့ သော်ယိုးဒယားစစ်သင်္ဘေား (FFG 433)မှ သူ၏ gun crew များမှာဆန့်ကျင်ဘက်ဖြစ်နေပြီး
မြန်မာစစ်ရေယာဉ်ဘက်ကို
အမြှောက်များလှည့်၍ချိန်ထားခြင် လှုပ်ရှားမှု့ ပြခြင်း
လုံးဝမရှိပဲမျက်စေ့မျက်နှာများအကြီးအကျယ်ပျက်နေကြ
သည်ကိုပင်အတိုင်းသားမြင်တွေ့နေသည်မှာ ရယ်စရာပင်ကောင်းလှသည်
#အော်တစ်ကယ်သတ္တိခဲယိုးဒယားတို့ပါလား

မကြာခင်တွင် VHF channel 16 ပေါ်သို့
ယိုးဒယားစစ်ရေယာဉ်မှုးမှဆက်သွယ်လာပြီး
သာကြောင်း မာကြောင်းနှင့် အမြှောက်များချိန်ထား
သည့်အတွက်စိုးရိမ်မိကြောင်းပြေားရာ
စစ်ရေယာဉ်မှုးမှဘာမှမစိုးရိမ်ပါနဲ့ မင်းတို့စစ်သင်္ဘေားက
သာဘာလှုပ်ရှားမှုမှမဖြစ်စေနဲ့လို့ပြေား၍အကြောင်း
ပြန်လိုက်ရာ

မကြာခင်တွင်ယိုးဒယားတို့ ဦးတည်ချက်ပြောင်းကာ
နုတ်ဆက်၍နောက်ပြန်လှည့်သွားလေသည်

နောက်တနေ့ ယိုးဒယား ချန်နယ် 7 မှမြန်မာစစ်
သင်္ဘေား FAC 450 သည် ယိုးဒယားဖရီဂိတ် HTMS
Makut Raja Kuman (FFG 433)အား
အမြှောက်အားလုံးထိုးချိန်ရင်ဆိုင်လိုက်ခြင်းမှာ
်အင်မတန်ထက်မြတ်နေသေးသည့် မြန်မာတို့ဖြစ်ကြောင်းကို
ရုပ်သံဖိုင်များဖြင့်အကျယ်တဝင့် လွှင့်ထုတ်ဖော်ပြခြင်း
ခံရပြီး ယိုးဒယားစစ်သင်္ဘေားတို့အမြှောက်တောင်ထိုး
မချိန်ရဲခြင်းကိုရှုံချဖော်ပြသွားလေတော့သည်...
.
.
.

ဆက်ရန်...
ရေးသားသူ... ရဲထွဋ်ဦး

No comments:

Post a Comment