စာအုပ်နှင့်သီချင်းlink

Search This Blog

Thursday, August 10, 2017

ယ နေ့အတွက် နောက် ဆုံးရသတင်းများ ======================================= ပီအက်စ် ဂျီ အသင်းဟာ မိုနာကို စတား ဘတ် ပီ ကို ခေါ်ယူနိုင် ဖို့ နီးစပ် နေပြီလို့ သတင်းကြားသိရပါတယ် ။

ယ နေ့အတွက် နောက် ဆုံးရသတင်းများ

=======================================

ပီအက်စ် ဂျီ အသင်းဟာ မိုနာကို စတား ဘတ် ပီ ကို ခေါ်ယူနိုင် ဖို့ နီးစပ် နေပြီလို့ သတင်းကြားသိရပါတယ် ။

ဒေါ့မွန် အသင်းဟာ ဒမ် ဘီ လီ ကို လေ့ကျင့်ခန်းဆင်းခွင့် ပိတ် ပင် ခဲ့တာဖြစ်ကြောင်းထုတ်ပြန် ကြေငြာခဲ့သလို စပိန် က ကမ်းလှမ်းမှုတစ် ခုကိုလည်း ငြင်းပယ် ခဲ့ကြောင်း ထုတ်ပြန် သွားခဲ့ပါတယ် ။

လက် ရှိမှာတော့ ဒမ် ဘီလီ အတွက် ဘာစီလိုနာ အပြင် ရီးရဲမက်ဒရစ် အသင်းကလည်း ကမ်းလှမ်းဖို့ ရှိနေ တယ် လို့ သတင်းထွက် ပေါ် နေပါတယ် ။

အဲဗာတန် နည်းပြ ရော် နယ် ကိုးမင်းက တိုက် စစ် မှုး ၀ိန်းရွန်းနီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာ ပွဲထွက် ကစားမယ် လို့ အတည်ပြုသွားခဲ့ပါတယ် ။

ဒါ့အပြင် အဲဗာတန် အသင်းဟာ ဖီအိုရင် တီးနား ကစားသမား နီကိုလာ ကယ် လင် နစ် အတွက် ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းဖို့ ပြင် ဆင် ထားကြောင်းလည်းသတင်းရရှိပါတယ် ။

စပါး လူငယ်လေး ထရစ် ပါ ဟာ ကိုင် လီ ဝေါ်ကာ ၀တ် ဆင် ခဲ့တဲ့ ကျောနံပါတ် ၂ ကိုဝတ် ဆင် ခွင့် ရရှိမယ် လို့ သိရပါတယ် ။

ပြင် သစ် ကလာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပီအက်စ် ဂျီ နောက် ခံလူ အူရီယာ ကို ခေါ်ယူဖို့ သ ဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ် ။

ဂျုဗင် တပ် နဲ့ လာဇီယို တို့ကစားကြမယ့် စူပါ ကိုပါအီတလီယာဖလားပွဲမှာ Video Referee အသုံးပြုမှာမဟုတ် ဘူးလို့ သိရပါတယ် ။

ပရီးမီးယားလိဂ် က တော့ လာမယ့် ရာသီသစ် မှာ အသင်းဆရာဝန် တွေ ၊ ဆေးအဖွဲ့ဝင်တွေဟာ ဗီဒီယို နည်းပညာ အသုံးပြုပြီး ကစားသမားတွေရဲ့ အ နေအထားကို လေ့လာခွင့် ရရှိမယ် လို့ထုတ်ပြန် ကြေငြာသွား ခဲ့ပါတယ် ။

ဆွမ်းဆိ နည်းပြ ကလီမန့် က အသင်းကွင်းလယ်လူ ဆီဂတ် ဆန် ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ကစားမယ့် အသင်းသား စာရင်းမှာ ပါဝင် မလာပါဘူးလို့ ဆိုသွားခဲ့ပြီဖြစ် ပါတယ် ။

မာဆေး အသင်းက တော့ ဗီလာ ကစားသမား အမာဗီ ကို ခေါ်ယူနိုင် ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်းဟာလည်း ဖိုဆူမန်ဆာ ကို မန်ချက်စတာ ယူနိုက်တက် အသင်းထံက နေ တစ် ရာသီ အငှားခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ် ။

အဲဗာတန် ကစားသမားဟောင်း လီအော့စမန် က တော့ စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ဟာ ယခုရာသီသစ် မှာ အထူးခြေစွမ်းပြနိုင် လိမ့်မယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

အာဆင် နယ် ကွင်းလယ်လူ အိုဇေးလ် ဟာလည်း အသင်းနဲ့ လေ့ကျင့်ခန်းအပြည့် ပြန် ဆင်းနိုင် ခဲ့ပြီဖြစ် တာကြောင့် မနက်ဖြန် ည မှာ ကစားမယ့် လက်စတာ နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာပါဝင် နိုင် ခြေရှိတယ် လို့ သတင်းရရှိပါတယ် ခင် ဗျာ

ချဲလ်ဆီး သတင်းတိုများ ========================================== ချဲလ်ဆီး နည်းပြ ကွန် တီ က တော့ ပရီးမီးယားလိဂ် ချန် ပီယံ ဆုကို ကာကွယ် လိုပါက နောက် ထပ် ခေါ်ယူ မှုတွေပြုလုပ် သွားဖို့ လိုအပ် ကြောင်း အသင်းတာဝန် ရှိသူတွေကို သတိပေးသွားခဲ့ပါတယ်

ချဲလ်ဆီး သတင်းတိုများ

==========================================

ချဲလ်ဆီး နည်းပြ ကွန် တီ က တော့ ပရီးမီးယားလိဂ် ချန် ပီယံ ဆုကို ကာကွယ် လိုပါက နောက် ထပ် ခေါ်ယူ မှုတွေပြုလုပ် သွားဖို့ လိုအပ် ကြောင်း အသင်းတာဝန် ရှိသူတွေကို သတိပေးသွားခဲ့ပါတယ် .

စပါး နောက် ခံလူ ဒန် နီ ရိုစ့် ဟာ အသင်းက နေ ထွက် ခွာရမယ် ဆိုပါက ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ ကို ရွေးချယ် ဖို့ ဆန္ဒရှိတယ် လို့ ကြားသိရပါတယ် ။

နယူးကာဆယ် အသင်းက တော့ ချဲလ်ဆီး လူငယ် ကစားသမားလေး ကနက် ဒီ ကို တစ် ရာသီ အငှားခေါ်ယူဖို့ သ ဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းရရှိပါတယ် ။

ချဲလ်ဆီး အသင်းဟာ လက် ရှိ အချိန် အထိ အ ပြောင်းအ ရွှေ့အတွက် ပေါင် သန်း ၁၃၀.၄ သန်းအထိ  အသုံးပြုထားခဲ့ပြီး မန်ချက်စတာ မြို့ခံ ၂ သင်းပြီးရင် ငွေ အများဆုံး အသုံးပြုထားတဲ့ ပရီးမီးယားလိဂ် အသင်း ဖြစ် နေခဲ့ပါတယ် ။

Sky Sports က တော့ ကွန် တီ ရဲ့ ချဲလ်ဆီး အသင်းဟာ ယခုနှစ် မှာ အဆင့် ၂ နဲ့ ရာသီပိတ် သိမ်းလိမ့်မယ် လို့ ခန့်မှန်းသွားခဲ့ပါတယ် ။

ယူနိုက်တက် နောက် ခံလူ ဟောင်း ဖိလစ် နဗီးလ် က တော့ ချဲလ်ဆီး ဟာ မာတစ် နဲ့ ကော် စတာ တို့ကို ပစ်ပယ် လိုက် တဲ့ ရလဒ် ကို ခံရလိမ့်မယ် လို့ ဆိုသွားခဲ့ပြီး အရန် အင် အားနည်းပါးမှုကို ထောက်ပြသွားခဲ့ပါတယ် ။

အာဆင် နယ် တောင် ပံ ကစားသမာားလေး ချန် ဘာလိန် ကို ချဲလ်ဆီးက ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းထား တယ်လို့ Daiy Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ် ။

ချဲလ်ဆီး ကပ္ပတိန် ဟောင်းကြီး တယ် ရီ ရဲ့ ဗီလာ အသင်းက တော့ ယမန်နေ့ညက ကာရာဘောင်ဖလား ( ယခင် လိဂ် ဖလား ) ပထမအဆင့်မှာ ကိုချက် စတာ အသင်းကို အနိုင် ရကာ နောက် တစ် ဆင့် တက် လှမ်းသွားခဲ့ပြီဖြစ် ပါတယ် ။

“ဟာဇက် ဟာ ကျွန်တော်တို့ အတွက် ဒီရာသီမှာလည်း အ ရေးပါတဲ့ ကစားသမားအဖြစ် ဆက် ရှိနေဦးမှာပါ ။ မနှစ် က ရာသီ မှာ ဟာဇက် ဆီ ဘောလုံးပို့ပေးလိုက် တာနဲ့ သူက ကိုက် ၂၀-၃၀ လောက် ပြေးလွှားကျော်ဖြတ် သွားပြီး တကယ် ကောင်းတဲ့အခွင့်အ ရေးတွေ ဖန် တီးပေးသွားတော့တာပါပဲ ။ သူဟာ ကျွန်တော်တို့ အတွက် တော့ ပွဲအ ဖြေကို ပြောင်းလဲပေးနိုင် တဲ့ ကစားသမားပါ”
#ဂယ်ရီကာဟေး

“နေမာ ဟာ ပီအက်စ် ဂျီ မှာ ဘာစီလိုနာ မှာလိုပဲ ပျော် ပျော် ရွှင် ရွှင် နဲ့ ဘောလုံး ကစားနိုင် ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်”
#၀ီလ်ယံ

Tuesday, August 8, 2017

ယနေ့အတွက် အပြောင်းအရွှေ့သတင်းတိုများ *********************************** ♦ ပီအက်စ်ဂျီအသင်းသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကခေါ်ယူရန်အလိုရှိနေသည့် နောက်ခံလူအော်ရီယာကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းသတ်မှတ်ခဲ့သည်။

ယနေ့အတွက် အပြောင်းအရွှေ့သတင်းတိုများ
***********************************

♦ ပီအက်စ်ဂျီအသင်းသည် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကခေါ်ယူရန်အလိုရှိနေသည့် နောက်ခံလူအော်ရီယာကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းသတ်မှတ်ခဲ့သည်။

♦ အာဆင်နယ်အသင်းကခေါ်ယူရန်ပစ်မှတ်
ထားနေသည့် မိုနာကိုကြယ်ပွင့်သောမတ်စ်လီမာကို ဘာစီလိုနာအသင်းကလည်းခေါ်ယူရန်ကြိုးစားလာခဲ့သည်။

♦ အသင်းကနေထွက်ခွာခွင့်တောင်းဆိုခဲ့သည့် ဆောက်သမ်တန်အသင်းနောက်ခံလူ ဗန်ဒိုက်ကို လီဗာပူးလ်အသင်းက ပေါင်သန်း (၆၀) နှင့်ကမ်းလှမ်းရန်စီစဉ်နေခဲ့သည်။

♦ မန်ယူအသင်းသည် လူငယ်နောက်ခံလူနှစ်ဦးဖြစ်သည့် ဖိုဆူမန်ဆက်နှင့် ဘော့ဝစ်ဂျက်ဆင်တို့ကို ခရစ်စတယ်လ်ပဲလေ့စ်အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ထံ အငှားချထားခဲ့သည်။

♦ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် တောင်ပံကစားသမားလူးကပ်စ်ပီရက်ဇ်သည် ပြောင်းရွှေ့ကြေးသတ်မှတ်ပေးရန် အသင်းအားတောင်းဆိုခဲ့သည်။

♦ ဘာစီလိုနာအသင်းမှခေါ်ယူလိုနေသည့် တောင်ပံကစားသမားကော်တင်ညိုကို လီဗာပူးလ်အသင်းအနေနှင့် မည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားသွားမှာမဟုတ်ကြောင်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့သည်။

♦ ပီအက်စ်ဂျီအသင်းသည် နေမာကိုခေါ်ယူခဲ့ပြီးနောက် မိုနာကိုကြယ်ပွင့်ကစားသမား ဘာပေကိုခေါ်ယူရန်ပစ်မှတ်ထားလာခဲ့သည်ဟု သတင်းတွေထွက်ပေါ်လာခဲ့သည်။

♦ စပါးစ်အသင်းနောက်ခံလူ ဒန်နီရို့စ်အနေနဲ့ လာမယ့်ရာသီတွင် အသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှီနေတာကြောင့် အသင်းပြောင်းရွှေ့ရန်ဆန္ဒရှိနေသည်။

♦ ဗလင်စီယာအသင်းသည် အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ကိုခေါ်ယူရန် ပြင်ဆင်နေခဲ့သည်။

♦ အေစီမီလန်အသင်းတိုက်စစ်မှူး ဘက်ကာသည် လာမယ့်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှိနေတာကြောင့် အသင်းဟောင်းဆီးဗီးလားအသင်းနဲ့ ပြန်လည်လက်တွဲဖွယ်ရှိနေသည်။

Monday, August 7, 2017

ယ နေ့အတွက် နောက် ဆုံးရသတင်းများ ========================================== မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီရောဘတ်တို ကို ပေါင် ၃၆ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ် ချခံခဲ့ရတယ် လို့ သတင်းရရှိပါတယ် ။ လက် ရှိမှာတော့ ချဲလ်ဆီး အသင်းကလည်း ဆာဂျီရောဘတ် တို ကို စိတ် ၀င် စားလာခဲ့တယ် လို့ စပိန် သတင်းတွေက ဖော်ပြလာခဲ့ပါတယ် ။

ယ နေ့အတွက် နောက် ဆုံးရသတင်းများ

==========================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီရောဘတ်တို ကို ပေါင် ၃၆ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ် ချခံခဲ့ရတယ် လို့ သတင်းရရှိပါတယ် ။ လက် ရှိမှာတော့ ချဲလ်ဆီး အသင်းကလည်း ဆာဂျီရောဘတ် တို ကို စိတ် ၀င် စားလာခဲ့တယ် လို့ စပိန် သတင်းတွေက ဖော်ပြလာခဲ့ပါတယ် ။

ယူနိုက်တက် လူငယ်နောက် ခံလူ ဖိုဆူမန် ဆာ က တော့ ခရစ္စတယ် ပဲလေ့စ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ် နေပြီဖြစ် တယ် လို့ သတင်းကြားသိရပါတယ် ။

ချဲလ်ဆီး တိုက် စစ် မှုး ဘတ် ရှူဝါရီ က တော့ ယမန်နေ့ညက ကွန်မြူနတီဒိုင်းပွဲ ပင် နယ် တီ ကန် သွင်းချိန် မှာ မိုရာတာ ရဲ့ ပင် နယ် တီ လွဲချော် မှု ကို ရယ် မော နေခဲ့တယ် ဆိုတာ မဟုတ် ပါဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ် ။

လီဗာပူး နည်းပြကြီး က လော့ က တော့ လက် ရှိ အသင်းရဲ့ ခံစစ် မှုး ၄ ဦးနဲ့ အားရ နေပြီး နောက် ထပ် ခံစစ် မှုး ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ် ။

အာဆင် နယ် တိုက် စစ် မှုး အလက်ဆစ် ဆန်းချက် ဟာ ယမန်နေ့ညက အာဆင် နယ် အသင်းသားတွေနဲ့ အတူ ကွန်မြူနတီဒိုင်း အောင် ပွဲ ခံမှုမှာ ပျော် ရွှင် စွာပါဝင် သွားခဲ့ပြီး အသင်းက နေ ထွက် ခွာမယ် ဆိုတဲ့ သတင်းတွေကို မှေးမှိန်းစေခဲ့ပါတယ် ။

အဲဗာတန် အသင်းက တော့ ဆွမ်းဆိ ကွင်းလယ် လူ ဆီဂတ် ဆန် ကို ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူနိုင် ဖို့ နီးစပ် လာခဲ့ပြီဖြစ် တယ် လို့ သတင်းရရှိပါတယ် ။

အားကစားအမှတ် တံဆိပ် ပူးမား ဟာ နာမည်ကျော် တာတိုအ ပြေးချန် ပီယံ အူစိန်ဘော့ အားကစားလောက က နေ အနားယူသွားမှု ၊ အာဆင် နယ် အသင်းရဲ့လာမယ့် ရာသီ အကျီ စပွန် ဆာသစ် ရှာဖွေ နေ မှုတွေ ကြောင့် ဈေးကွက် ဝေစုကျဆင်းလာနိုင် ခြေ ရှိတယ် လို့ သိရပါတယ် ။

တော့တင် ဟမ်ဟော့စပါး အသင်းဟာ ဗလင် စီယာ နောက် ခံလူ ကန် ဆယ် လို ကို ဂျုဗင် တပ် အသင်းနဲ့ အပြိုင် ခေါ်ယူဖို့ ပြင် ဆင် နေတယ် လို့ သိရပါတယ် ။

နိုက်စ် အသင်း နောက် ခံလူ ဒဲလ် ဘတ် ဟာ အေစီမီလန် အသင်းထံ ရောက် ရှိနေပြီး မကြာခင် ဆေးစစ် မှု ပြုလုပ်တော့မယ် လို့ သတင်းရရှိပါတယ် ။

အေစီမီလန် ဟာ လီယန် ဒို ဘိုနူချီ နဲ့ လူးကပ် ဘီဂလီယာ တို့ကို ယူရိုပါလိဂ် ခြေစစ် ပွဲ ကစားမယ့် အသင်း စာရင်းမှာ ထည့်သွင်းလိုက်ပြီဖြစ် ပါတယ် ။

ဒါ့အပြင် အေစီမီလန် နဲ့ ခရိုတွန်း တို့ ယှဉ်ပြိုင် ကစားမယ့် စီးရီးအေ ပွဲစဉ် ၁ ကို တနင်္လာနေ့ အစား တနင်္ဂနွေ နေ့ကို ရွှေ့ပြောင်းပေးလိုက် တယ် လို့ သိရှိရပါတယ် ။

ဘိုလော့နာ ဟာ အင် တာ ကစားသမား ပလာစီယို ကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ပြင် ဆင် နေတယ် လို့ သိရှိရပါတယ် ။

မိုနာကို အသင်းဟာ လိုင် ယွန် တောင် ပံ ကစားသမား ရာချစ် ဂတ်ဇဲလ် ကို ခေါ်ယူနိုင် ခဲ့ပြီဖြစ် တယ် လို့ သတင်းရရှိပါတယ် ခင် ဗျာ . . . . . .

Saturday, August 5, 2017

ချဲလ်ဆီး သတင်းတိုများ ============================================== ချဲလ်ဆီး အသင်းဟာ မနက်ဖြန် ည မှာ အာဆင် နယ် အသင်းနဲ့ ရာသီကြို ကွန်မြုနတီဒိုင်း ပွဲ ကို ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

ချဲလ်ဆီး သတင်းတိုများ

==============================================

ချဲလ်ဆီး အသင်းဟာ မနက်ဖြန် ည မှာ အာဆင် နယ် အသင်းနဲ့ ရာသီကြို ကွန်မြုနတီဒိုင်း ပွဲ ကို ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ကွန် တီ ပြောဆိုခဲ့တဲ့ စကားတွေကို ပြန် လည် ဖော်ပြ ပေးလိုက် ပါတယ် -

“ဟာဇက် နဲ့ ဘာကာယိုကို တို့ပဲ မပါနိုင် တာပါ ။ သူတို့တွေက ဒဏ် ရာက နေသက်သာလာကြပြီး ကြံ့ခိုင် မှုပြည့်ဝဖို့ အတွက် အနားယူအားမွေးနေကြပါတယ် ။ အ ခြေအ နေလည်း ကောင်းပါတယ် ။ ဒါပေမယ့် တနင်္ဂနွေ နေ့ပွဲမှာတော့ပါဝင် နိုင် မှာမဟုတ် ပါဘူး”

“သူတို့ ၂ ယောက် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပါနိုင် မလားဆိုတာလည်း ပြောဖို့ စောလွန်းပါသေးတယ် ။ အ ခြေအ နေ အားလုံးကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ ။ သူတို့ ဒဏ် ရာအ ခြေအ နေ တွေတိုးတက် လာတာကို ကျွန်တော် တွေ့ပြီးပါပီ ။ ဒါပေမယ့် သူတို့ စတင် ဖို့ တော့ မဖြစ် သေးပါဘူး”

“အီဒင် က ခြေကျင်းဝတ် ဒဏ် ရာ ရထားတာပါ ။ ဒါမျိုးက အချိန် အတိအကျ နားဖို့ လိုပါတယ် ။ ဘာကာယိုကို ကလည်း သူ့ရဲ့ ဒူးကို ခွဲစိတ် ထားတာပါ ။ ဒါပေမယ့် ဒါက တော် တော် ကောင်းနေပါပီ”

“မနှစ် က ရာသီက ကျွန်တော်တို့ တော်တော် ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးသတ် FA Final မှာ အာဆင် နယ် ကို ရှုံးခဲ့ရတာက ဆိုးပါတယ် ။ အခု နောက် တစ် ကြိမ်ပြန် တွေ့ကြပါပီ ။ အာဆင် နယ် ဟာ တကယ် တောင့်တင်းတဲ့အသင်းဆိုတာ ကျွန်တော် တို့အားလုံးသိကြပါတယ် ။ ဒီပွဲဟာ ခက် ခဲတဲ့ ပွဲတစ် ပွဲဖြစ် မယ်လို့ မျှော် လင့်ထားပါတယ် ။ ရာသီ သစ် ကို နိုင် ပွဲ နဲ့ စတင် ဖွင့်လှစ် ချင် ပါတယ်”

“ချစ်ကြည်ရေး ခြေစမ်းပွဲတွေကပြီးဆုံးသွားပါပီ ။ အခုလာမယ့် ပွဲက ဘယ် လိုပဲ ပြောပြော တရားဝင် ခွင့်ပြုထား တဲ့ ပွဲပါ ။ ဆုတံဆိပ် လည်း ပေးမယ့် ပွဲပါ ။ ရာသီသစ် အတွက် ပထမဆုံး ဆုတံဆိပ်ပေါ့ ။ ဒါကြောင့် ကျွန်တော်တို့ အတွက် တော့ အမှန် တကယ် အ ရေးကြီးတဲ့ ပွဲ ဆိုတာ အ သေအချာပါပဲ”

“၂ သင်းစလုံးဟာအ ကောင်းဆုံးပုံစံ ရှိမ နေ လောက် ပါဘူး ။ ဘာလို့လည်းဆိုတော့ ခုမှ ရာသီရဲ့ အစပိုင်းပဲ ရှိ သေးလို့ပါ ။ ဒါပေမယ့် ပွဲကောင်းတစ် ပွဲ ဖြစ် အောင် တော့ကျွန်တော်တို့ ကြိုးစားသွားမှာပါ ။ နိုင် လို စိတ် အပြည့် နဲ့ အပြိုင် အဆိုင် ကစားသွားမှာပါ ။ ရာသီသစ် ကိုလည်း ဒီလိုပုံစံနဲ့ပဲ စတင် သွားမှာပါ”

“ကျွန်တော်တို့က ကစားသမားသစ်တွေ ၀ယ်ပြီး အသင်းကို အင် အားဖြည့်ဖို့ လုပ်နေတာပါ ။ ကစားသမားရောင်းဖို့ ဈေးကွက် ထဲ သွားနေတာမဟုတ် ပါဘူး ။ အီဒင် ( ဟာဇက် ) က ကျွန်တော်တို့ ဆီမှာပဲ ရှိနေမှာပါ”
#ကွန်တီ

ကွန် တီ က PSG့ ကို ပြောင်းရွှေ့ သွားတဲ့ နေမာ ရဲ့အ ပြောင်းအ ရွှေ့ နဲ့ ပတ်သက်လို့လည်း ဈေးကြီး ပေးပြီး ကစားသမားတစ်ဦးတည်းခေါ်ယူကာ အသင်းကို မီခိုစေမှာမဟုတ်ပဲ ကစားသမားကောင်းတွေ ကို ခေါ်ယူပြီး အသင်းကို တည်ဆောက် မှာဖြစ် တယ် လို့ ဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် ဗစ် တာ မော့ဆက် ဟာ မနက်ဖြန် ပွဲမှာ ပွဲထွက် ပါဝင် မယ် လို့လည်း အတည်ပြုသွားခဲ့ပါတယ် ။ မော့ဆက် ဟာ အာဆင် နယ် နဲ့ FA Cup ဖိုင် နယ် မှာ အနီ ထိခဲ့ပေမယ့် ယခု ပွဲကို ချစ်ကြည်ရေးပွဲအဆင့် အဖြစ် သတ် မှတ် ထားတာကြောင့် ပွဲပယ် အပြစ် ဒဏ် တွေ အကျုံးမ၀င် ဘူးလို့ သိရပါတယ် ။

ဒါ့အပြင် ယမန်နှစ် က အရန် ဖြစ် ခဲ့တဲ့ ဘတ် ရှူဝါရီ ဟာ မိုရာတာ နဲ့ တွဲဖက်ပြီးဖြစ် စေ ၊ တစ် ဦးတည်းဖြစ်စေ ပွဲထွက် ဖို့လည်း သေချာသ လောက် ရှိတယ် လို့ ကြားသိရပါတယ် ။

“ဘာကာယိုကို မနှစ် က ကစားတာအရမ်း ကောင်းခဲ့ပါတယ် ။ ဒီနှစ် မှာလည်း ကျွန်တော်တို့ကို အများကြီး ကူညီနိုင် လိမ့်မယ် လို့ မျှော် လင့်မိပါတယ်”
#ဟာဇက်

နာသန်နယ် ချာလိုဘတ် က တော့ အသင်းနဲ့ စာချုပ်သစ် ချုပ် ဆိုလိုက် ၊ အငှားသွားကစားလိုက် နဲ့ လုပ် နေရတာဟာ စိတ် ပျက် ဖို့ ကောင်းကြောင်း ၊ ဒါပေမယ့် ချဲလ်ဆီး မှာ မကစားရတာထက် စာရင် အသင်းတစ် သင်းမှာ ပုံမှန် ပါဝင် ခွင့် ရတာက ပိုပြီး စိတ် လှုပ် ရှားဖို့ ကောင်းမှာဖြစ်တာကြောင့် အငှားထွက် ကစားခဲ့တာဖြစ် ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဆောက် သမ် တန် ခံစစ် မှုး ဗန် ဒိုက် ကို ခေါ်ယူဖို့ ပြင် ဆင် နေပြီး ပေါင် သန်း ၅၀ ခန့် အသုံးပြုဖို့ လျာထားတယ် လို့ ကြားသိရပါတယ် ။

ချဲလ်ဆီး တောင် ပံ ကစားသမား အီဒင် ဟာဇက် အကြိုက် ရွေးချယ် ခဲ့တဲ့ ၅ ယောက် အသင်း ကိုဖော်ပြ ပေးလိုက် ပါတယ် -
ဇီဒန်း ၊ ရော် ဘင် ဟို ၊ အွန် နရီ ၊ ရီကွယ် မီး ၊ ရော် နယ် ဒင် ဟို

Friday, August 4, 2017

ယ နေ့အတွက် နောက် ဆုံးရသတင်းများ ========================================= ချဲလ်ဆီး အသင်းဟာ PSG နောက် ခံလူ ဆာဂျီ အူရီယာ ကို ခေါ်ယူဖို့ စိတ် ၀င် စားမှုပြသလာခဲ့တယ် လို့ သတင်းရရှိပါတယ် ။

ယ နေ့အတွက် နောက် ဆုံးရသတင်းများ

=========================================

ချဲလ်ဆီး အသင်းဟာ PSG နောက် ခံလူ ဆာဂျီ အူရီယာ ကို ခေါ်ယူဖို့ စိတ် ၀င် စားမှုပြသလာခဲ့တယ် လို့ သတင်းရရှိပါတယ် ။

အင် တာမီလန် အသင်းဟာ ဒေါ့မွန် ကစားသမားလေး အမ် မရီ မော် ကို မကြာမီ ရက် ပိုင်းအတွင်း မှာ ခေါ်ယူ နိုင် ဖို့ ရှိနေတယ် လို့ သိရှိရပါတယ် ။

ဂျုဗင် တပ် အသင်းဟာလည်း ဗလင် စီယာ နောက် ခံလူ ဂါရေး ကို ခေါ်ယူဖို့ စိတ် ၀င် စားနေပြီး အရ ခေါ်ယူ နိုင် မယ် လို့လည်း ယုံကြည် ထားကြောင်း သိရပါတယ် ။

ရီးရဲမက်ဒရစ် အသင်းဟာ မိုနာကို စတား ဘတ် ပီ ကို ခေါ်ယူနိုင် ဖို့ အတွက် ဂါရတ်ဘေးလ် ကို ရောင်းထုတ် ဖို့ လိုအပ် တယ် လို့လည်း စပိန် သတင်းစာ မာကာ က ရေးသားသွားခဲ့ပါတယ် ။

နေမာ ဟာ PSG မှာ တစ် ပတ် ပေါင် ၅ သိန်း ရရှိခဲ့ပေမယ့် ကမ္ဘာ့ ဒုတိယ ၀င် ငွေအများဆုံးကစားသမားအဖြစ် သာ ရှိနေပြီး တရုတ် စူပါလိဂ် မှာ ကစားနေတဲ့ ကားလိုစ့် တိဗက် ဟာ တစ် ပတ် ပေါင် ၆၅၀၀၀၀ ၀င် ငွေ ရှိ တယ် လို့ သိရပါတယ် ။

ဝက်ဖိုဒ့် အသင်းဟာ လီဗာပူး ကစားသမားလေး မိုရီနို ကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ ကြားသိရ ပါတယ် ။

မစ် ဒယ် ဘ ရော့ ကစားသမား ဂတ် စတွန် ရာမီရက် ဟာ ဆမ့်ဒိုး၇ီးယား အသင်းဆီ ပြောင်းရွှေ့သွားခဲံပြီ ဖြစ် ပါတယ် ။

နယူးကာဆယ် အသင်းဟာ စတုတ် ကစားသမား ဟိုဆီလူ အတွက် စုံစမ်းမှုပြုလုပ် ခဲ့ပေမယ့် စတုတ် က တော့ အ ပြောင်းအ ရွှေ့အတွက် ဆွေးနွေးမှာမဟုတ်ဘူးလို့အ ကြောင်းပြန် ခဲ့ပါတယ် ။

စတုတ် စီးတီး ဟာ ဂျုဗင် တပ် ကွင်းလယ်လူ မာရီယို လီမီနာ ကို ခေါ်ယူနိုင် ဖို့ ကြိုးပမ်းနေတယ် လို့လည်း သတင်းရရှိပါတယ် ။

မိုနာကို စတား ဘတ် ပီ  ဘာစီလိုနာ အသင်းထံ ရောက် ရှိနိုင် ခြေ ကို ၂-၁ လေး ၊ ရီးရဲမက်ဒရစ် ထံ ရောက် ရှိနိုင် ခြေ ၈-၁၁ လေး ၊ မိုနာကိုမှာ ဆက် ရှိနိုင် ခြေ ၅-၂ လေး ပေးကာ ကြေးဖွင့်လှစ် ထားတယ် လို့ သိရပါတယ် ။

Wednesday, August 2, 2017

နံနက် ခင်းသတင်းတိုများ ========================================= ချန် ပီယံလိဂ် တတိယ အဆင့် ခြေစစ် ပွဲတွေကို ( ဒုတိယအ ကျော့ ) ယမန်နေ့ညက ယှဉ်ပြိုင် ကစားခဲ့ပြီး အေဂျက် ( အိုင်းယက်စ် ) အသင်းဟာ အိမ် ကွင်းမှာ နိုက်စ် အသင်းနဲ့ ၂ ဂိုးစီ သ ရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၃ ( အ ဝေးဂိုးဖြင့် ) ဖြင့် ပြိုင် ပွဲ ကို လက်ပြနှုတ် ဆက် ခဲ့ရပြီဖြစ် ပါတယ် ။

နံနက် ခင်းသတင်းတိုများ

=========================================

ချန် ပီယံလိဂ် တတိယ အဆင့် ခြေစစ် ပွဲတွေကို ( ဒုတိယအ ကျော့ ) ယမန်နေ့ညက ယှဉ်ပြိုင် ကစားခဲ့ပြီး အေဂျက် ( အိုင်းယက်စ် ) အသင်းဟာ အိမ် ကွင်းမှာ နိုက်စ် အသင်းနဲ့ ၂ ဂိုးစီ သ ရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၃ ( အ ဝေးဂိုးဖြင့် ) ဖြင့် ပြိုင် ပွဲ ကို လက်ပြနှုတ် ဆက် ခဲ့ရပြီဖြစ် ပါတယ် ။

အိုင်းယက်စ် အပြင် ရက်ဘူးဆဲလ်ဘတ် ၊ ဒိုင် နမို ကိဗ် တို့ ပြုတ် ကျန် ရစ် ခဲ့ကြပြီး ဆဲလ်တစ် ၊ နိုက်စ် ၊ အိုလံပီယာကော့စ် ၊ CSKA Moscow တို့ နောက် ဆုံးဆင့် ခြေစစ် ပွဲကို တက် လှမ်းသွားခဲ့ကြပါတယ် ။ တတိယ အဆင့် ခြေစစ် ပွဲ ရလဒ် တွေကို ပုံမှာ  ဖော်ပြ ပေးထားပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ညက ဆမ့်ဒိုးရီးယား အသင်းနဲ့ အိုင် ယာလန် မြေမှာ ခြေစမ်းပွဲ ကစားခဲ့ပြီး မစ် ခီတာရမ် ၊ မာတာတို့ရဲ့ ဂိုးတွေနဲ့ ( ၂-၁ ဖြင့် ) အနိုင် ရခဲ့ပါတယ် ။

PSG ဟာ နေမာ ရဲ့အ ပြောင်းအ ရွှေ့ ကို လာမယ့် ၂ ရက် အတွင်း ကြေငြာလိမ့်မယ် လို့ သတင်းရရှိပါတယ် ။

ပြင် သစ် အားကစားသတင်းစာ L’Equipe က တော့ မိုနာကို စတား အမ် ဘတ် ပီ ဟာ အသင်းက နေ ထွက် ခွာခွင့် တောင်းခံခဲ့တယ် လို့ ဖော်ပြသွားခဲ့ပါတယ် ။

ဘိုင်ယန်မြုးနစ် ကစားသမားတွေဖြစ်ကြတဲ့ ဟာမက် ရိုဒရီဂွက် နဲ့ သီယာဂို အယ် ကန် ထရာ တို့ဟာ လီဗာပူး နဲ့ ကစားတဲ့ အော် ဒီ ဖလားပွဲစဉ် မှာ ကြွက်သား ဒဏ် ရာရရှိခဲ့ကြတယ် လို့ သတင်းထုတ်ပြန် သွားခဲ့ပါတယ် ။

ဆီဗီးလား ကိုပြန် ရောက် လာခဲ့တဲ့ ဂျီးဆပ်နာဗက် က တော့ ပရိသတ် နဲ့ မီဒီယာတွေကို ယမန်နေ့က မိတ် ဆက် ပွဲပြုလုပ် သွားခဲ့ပါတယ် ။

အာဆင် နယ် ဂိုးသမား မာတီနက် က တော့ ရာသီသစ် ကို ဂီတာဖေး အသင်းထံ အငှားသွားကစားပြီး ကျော်ဖြတ် သွားမယ် လို့ သတင်းရရှိပါတယ် ။

အဲဗာတန် အသင်းဟာ နောက် ခံလူ ဂျာဂျယ် ကာ ကို တစ် နှစ်စာချုပ် ထပ် မံ ချုပ် ဆိုလိုက်ပြီဖြစ်တာကြောင့် အသင်းမှာ ၂၀၁၉ အထိ ဆက် လက် ရှိနေ တော့မှာဖြစ် ပါတယ် ။

အဲဗာတန် နည်းပြ ရော် နယ် ကိုးမင်း က တော့ ဆွမ်းဆိ ကွင်းလယ်လူ ဆီဂတ် ဆန် ကို ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူဖို့ အ ခြေအ နေ ကောင်းနေ ကြောင်းဆိုသွားခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ လက်စတာ ကို ပြောင်းရွှေ့တော့မယ့် လူငယ် တိုက် စစ် မှုးလေး အီဟီရာနာချို ရဲ့ စာချုပ် မှာ ပြန် လည် ခေါ်ယူခွင့် ကို ထည့်သွင်းချုပ် ဆိုမှာဖြစ် တယ် လို့ သိရှိရပါတယ် ။

ရိုးမားအသင်းခေါင်းဆောင် ဖရန် စစ္စကို တော့တီ ရဲ့ နောက် ဆုံးကစားခဲ့တဲ့ ရိုးမား ဂျာစီ ကို အာကာသ ဂြိုဟ်တု ထဲကို ထည့်သွင်း လွှတ် တင် ခဲ့တယ် လို့လည်း သတင်းရရှိပါတယ် ။

ဘာစီလိုနာ အသင်းအနီးမှာ ရှိတဲ့ ပိုစတာ အ ဟောင်း ( နေမာပါဝင် တဲ့ ) ကို ဖြုတ် ကာ ပိုစတာ အသစ်ပြန် လည် ကပ် ထားလိုက်ပြီပဲဖြစ် ပါတယ် ။

မိုနာကို ဂိုးသမားကြီး ဒီဆန်းတစ် ဟာ ဘောလုံးကစားသမားဘ၀က နေ အနားယူခဲ့ပြီး ရိုးမား အသင်းရဲ့ ဂိုးနည်းပြ အဖြစ် လုပ် ကိုင် မယ် လို့ သတင်းရရှိပါတယ် ။

အိုင်းယက်စ် အသင်းထွက် ခွာသွားခဲ့တာကြောင့် ရိုးမားအသင်းဟာ ချန် ပီယံလိဂ် အုပ် စု မဲခွဲဖို့ အတွက် မဲအိုး နံပါတ် ၃ ကို တက် ရောက် သွားနိုင် ခဲ့တယ် လို့ သိရပါတယ် ။

ရိုးမားအသင်းဟာ ဒေါ့မွန် ရဲ့ လူငယ် ကစားသမားလေး အမ် မရီ မော် ကို ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းထား တယ် လို့ သတင်းရရှိပါတယ် ။

အေစီမီလန် အသင်းဟာ ချဲလ်ဆီး တိုက်စစ် မှုး ဒီယေဂို ကော် စတာ ကို ခေါ်ယူနိုင် ဖို့ ပိုမို နီးစပ် နေပြီလို့ သတင်းကြားသိရပါတယ် ။

မိုနာကို အသင်းက တော့ ရင်းနစ် အသင်းရဲ့ လူငယ် ကစားသမားလေး အဒမ် ဒီယက် ဟာဘီ ကို ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူ စာချုပ် နိုင် ခဲ့ပြီလို့ သိရှိရပါတယ် ။

ဆီဗီးလား ဟာ ဖီနာဘာချီ နောက် ခံလူ ဆိုင် မွန် ခါဂျာ ကို ၅ နှစ် စာချုပ် နဲ့ ခေါ်ယူနိုင် ခဲ့ပြီဖြစ် ပါတယ် ခင် ဗျာ ။