စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============== လီ​ဗာပူးအသင်းဟာမ​​နေ့ညကကစားခဲ့တဲ့ Premier League Asia Trophy ဗိုလ်​လုပွဲမှာလက်​စတာစီးတီးအသင်းကိုမိုဟာမက်​​ဆာလက်​ ဖိလစ်​ပီ​ကော်​တင်​ညို တို့ရဲ့ဂိုး​တွေနဲ့အတူအနိုင်​ရရှိခဲ့ပြီးဖလားဆွတ်​ခူးခဲ့ပါတယ်​။ 🏆

Search This Blog

Sunday, July 23, 2017

လီ​ဗာပူးသတင်းတိုများ ============== လီ​ဗာပူးအသင်းဟာမ​​နေ့ညကကစားခဲ့တဲ့ Premier League Asia Trophy ဗိုလ်​လုပွဲမှာလက်​စတာစီးတီးအသင်းကိုမိုဟာမက်​​ဆာလက်​ ဖိလစ်​ပီ​ကော်​တင်​ညို တို့ရဲ့ဂိုး​တွေနဲ့အတူအနိုင်​ရရှိခဲ့ပြီးဖလားဆွတ်​ခူးခဲ့ပါတယ်​။ 🏆

လီ​ဗာပူးသတင်းတိုများ
==============
လီ​ဗာပူးအသင်းဟာမ​​နေ့ညကကစားခဲ့တဲ့ Premier League Asia Trophy ဗိုလ်​လုပွဲမှာလက်​စတာစီးတီးအသင်းကိုမိုဟာမက်​​ဆာလက်​ ဖိလစ်​ပီ​ကော်​တင်​ညို တို့ရဲ့ဂိုး​တွေနဲ့အတူအနိုင်​ရရှိခဲ့ပြီးဖလားဆွတ်​ခူးခဲ့ပါတယ်​။ 🏆

ဘရိုက်​တန်​အသင်းအငှါး​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့​နောက်​ခံလူဂျိုးဂိုးမက်​ဇ်​ကလာမည့်​ရာသီပွဲထွက်ကစားသမား​နေရာအတွက်​​လီ​ဗာပူးအသင်းမှာသာ​နေရာရရန်​တိုက်​ပွဲဝင်​သွားဖို့အလိုရှိ​နေပါတယ်​။

ဘာစီလိုနာအသင်းဟာလီ​ဗာပူးကွင်းလယ်​လူဖိလစ်​ပီ​ကော်​တင်​ညိုကို​ခေါ်ယူရန်​အရှိန်​မြှင့်​ကြိုးပမ်းလာ​နေပြီးလက်​ရှိမှာ​တော့အသင်းရဲ့​ပေါင်​သန်း၃၀တန်​ကွင်းလယ်​လူအာဒါတူရန် + ​ငွေ​ကြေးအလိုက်​​ပေးကာကမ်းလှမ်းသွားဖို့ပြင်​ဆင်​​နေပါတယ်​။

လီ​ဗာပူးနည်းပြယာဂန်​က​လော့ဟာမ​နေ့ညကလက်​စတာကိုအနိုင်​ရရှိခဲ့တဲ့ပွဲစဉ်​မှာနယ်​သာလန်​ကွင်းလယ်​လူဝင်​နယ်​ဒန်​ကို​နောက်​တန်းကစားသမား​တွေရဲ့​ရှေ့မှာကစားရတဲ့နံပါတ်​၆​နေရာမှာစမ်းသပ်​ကစား​စေခဲ့ပြီး​အောင်​မြင်​မှုရရှိခဲ့ပါတယ်​။

လီ​ဗာပူးအသင်းဟာမိုနာကိုစတားကိုင်​လီယန်​အမ်​ဘက်​ပီကို​ခေါ်ယူရန်​ကြိုးစား​နေတဲ့ရီးရဲယ်​မက်​ဒရစ်​အသင်း​ကြောင့်​​နေရာ​ပျောက်​ဆုံးဖို့ရှိ​နေတဲ့​တောင်​ပံတိုက်​စစ်​ကစားသမားလူးကပ်​စ်​​ဗက်​စ်​ကွက်​ကိုအာဆင်​နယ်​နဲ့အပြိုင်​​ခေါ်ယူဖို့စိတ်​ဝင်​စား​နေပါတယ်​။

ဘာစီလိုနာစိတ်​ဝင်​စား​နေတဲ့​ကော်​တင်​ညိုနဲ့ပက်​သက်​ပြီးယာဂန်​က​လော့က "ကျွန်​​တော်​အသင်းပိုင်​ရှင်​​တွေနဲ့​တွေ့ဆုံစကား​ပြောပြီးပါပြီိ။ ကျွန်​​တော်​​ပြောချင်​တာက​ကော်​တင်​ညိုအတွက်​​ဈေးနှုန်းသတ်​မှတ်​ထားတာမရှိပါဘူး။ ဒါဟာအလွန်​ရှင်းလင်းပါတယ်​။ သူ့ကို​ရောင်းချသွားမှာမဟုတ်​ပါဘူး။" လို့​ပြောခဲ့ပါတယ်​။

လီ​ဗာပူးဂိုးသမား​ဟောင်းဒူးဒက်​ကမ​နေ့ညကလက်​စတာနဲ့ပွဲစဉ်​ပထမပိုင်းမှာတည်​ငြိမ်​တဲ့လက်​စွမ်း​ပျောက်​ဆုံး​နေဆဲဖြစ်​တဲ့ဂိုးသမားလိုရစ်​ကာရီရက်​စ်​ဟာလာမည့်​ရာသီလီ​ဗာပူးရဲ့ဂိုး​သမား​နေရာအတွက်​ဆိုင်​မွန်​မက်​နိုလက်​ကို​ကျော်​ဖြတ်​နိုင်​ဖို့မလွယ်​ကူ​သေးဘူးလို့ခန့်​မှန်းလိုက်​ပါတယ်​။

လီ​ဗာပူးအသင်းဟာ၎င်းတို့ရဲ့​နွေရာသီပစ်​မှတ်​ဖြစ်​တဲ့ကွင်းလယ်​လူ​နာဘီကီတာအတွက်​ RB လိုက်​ပ်​ဇစ်​အသင်းကို​နောက်​ဆုံးအ​နေနဲ့​ပေါင်​၇၅သန်းနဲ့ကမ်းလှမ်းသွားဖို့စီစဉ်​​နေပါတယ်​။

လီ​ဗာပူးနည်းပြယာဂန်​က​လော့က​ဟောင်​​ကောင်​ Asia Trophy ကိုလာ​ရောက်​ကစားခဲတဲ့၎င်းရဲ့အသင်းအ​နေနဲ့အဖိုးမဖြတ်​နိုင်​တဲ့အ​တွေအ​ကြုံ​ကောင်း​တွေကိုရရှိခဲ့တယ်​လို့​ပြောလိုက်​ပါတယ်​။

No comments:

Post a Comment