စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============ လီ​ဗာပူးအသင်းဟာမ​နေ့ကကစားခဲ့တဲ့​ဟောင်​​ကောင်​ Asia Trophy ဆီမီးဖိုင်​နယ်​ပွဲစဉ်​မှာခရစ်​စတယ်​ပဲ​လေ့စ်​အသင်းကို၂ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးလီ​ဗာပူးမတွက်​ဂိုး​တွေကို​တော့ဆိုလန်​ကီနဲ့အိုရီဂီတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

Search This Blog

Thursday, July 20, 2017

လီ​ဗာပူးသတင်းတိုများ ============ လီ​ဗာပူးအသင်းဟာမ​နေ့ကကစားခဲ့တဲ့​ဟောင်​​ကောင်​ Asia Trophy ဆီမီးဖိုင်​နယ်​ပွဲစဉ်​မှာခရစ်​စတယ်​ပဲ​လေ့စ်​အသင်းကို၂ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးလီ​ဗာပူးမတွက်​ဂိုး​တွေကို​တော့ဆိုလန်​ကီနဲ့အိုရီဂီတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

လီ​ဗာပူးသတင်းတိုများ
============
လီ​ဗာပူးအသင်းဟာမ​နေ့ကကစားခဲ့တဲ့​ဟောင်​​ကောင်​ Asia Trophy ဆီမီးဖိုင်​နယ်​ပွဲစဉ်​မှာခရစ်​စတယ်​ပဲ​လေ့စ်​အသင်းကို၂ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးလီ​ဗာပူးမတွက်​ဂိုး​တွေကို​တော့ဆိုလန်​ကီနဲ့အိုရီဂီတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

ခရစ်​စတယ်​ပဲ​လေ့စ်​ကိုဆီမီးဖိုင်​နယ်​မှာအနိုင်​ရခဲ့တဲ့လီ​ဗာပူးအသင်းဟာလာမည့်​စ​နေ​နေ့ည၇နာရီမှာ​တော့ဝက်​ဘရွန်းကိုပင်​နယ်​တီအဆုံးအဖြတ်​နဲ့အနိုင်​ရခဲ့တဲ့လက်​စတာစီးတီးနဲ့​ Asia Trophy ဗိုလ်​လုပွဲယှဉ်​ပြိုင်​ကစားရမှာဖြစ်​ပါတယ်​။

လီ​ဗာပူးအသင်းဟာပြီးခဲ့တဲ့ရာသီကဘွန်​ဒက်​လီဂါမှာ၁၅ဂိုးသွင်းကာ​ခြေစွမ်းပြခဲ့တဲ့ဝါဒါဘရီမင်​တိုက်​စစ်​မှုးမက်​ခရူ့စ်​ကို​ခေါ်ယူဖို့လှုပ်​ရှား​နေပြီးဘွန်​ဒက်​လီဂါကလပ်​ဘက်​က​ပေါင်​၁၆သန်းအလိုရှိ​နေပါတယ်​။

လီ​ဗာပူးအသင်းဟာ၎င်းတို့ရဲ့​နွေရာသီပစ်မှတ်​​ကွင်းလယ်​လူနာဘီကီတာအတွက်​​ပေါင်​၆၆သန်းနဲ့ကမ်းလှမ်းခဲ့​ပေမယ့်​ပယ်​ချခံခဲ့ရပြီး လိုက်​ပ်​ဇစ်​ဘက်​က​တော့ဘယ်​​ဈေးနဲ့မှ​ရောင်းချသွားမှာမဟုတ်​ဘူးလို့အတည်​ပြုလိုက်​ပါတယ်​။

ဟူးစီးတီး​နောက်​ခံလူအန်​ဒရူး​ရော်​ဘတ်​ဆန်​ဟာလီဗာပူးကို​​ကနဦး​ပြောင်း​ရွေ့​ကြေး​ပေါင်​၈သန်းနဲ့အပြီးသတ်​မ​ရောက်​မီယ​နေ့ည​နေမှာ​ဆေးစစ်​မှုခံယူ​တော့မှာဖြစ်​တယ်​လို့သိရပါတယ်​။

လီိ​ဗာပူးဟာကွင်းလယ်​လူကယ်​​ဗင်​စတီးဝပ်​အတွက်​​ပေါင်​၈သန်းနီးပါးနဲ့ကမ်းလှမ်းမှုကိုလက်​ခံခဲ့တာ​ကြောင့်​စတီးဝပ်​ဟာချန်​ပီယံရှစ်​ကလပ်​နဲ့ပုဂ္ဂိုလ်​​ရေးရာ​ဆွေး​နွေးရန်​ East Yorkshire ကိုထွက်​ခွာသွားခဲ့ပြီဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ရာသီကဘန်​စ​လေမှာအငှါးသွားကစားကာ​ခြေစွမ်းပြခဲ့တဲ့အပြင်​မ​နေ့ကပဲ​လေ့စ်​နဲ့ပွဲမှာလည်းပုံစံ​ကောင်းပြခဲ့တဲ့လီဗာပူးလူငယ်​ကြယ်​ပွင့်​ရိုင်​ယန်​ကန့်​ကိုဟူးစီးတီးနဲ့လိဒ်​ယူနိုက်​တက်​အသင်းတို့က​တစ်ရာသီအငှါးဖြင့်​ ခေါ်ယူရန်​ကမ်းလှမ်းထားပါတယ်​။

လီ​ဗာပူးဟာအိုဂျိုအတွက်​ဒါဘီရဲ့တစ်​ရာသီအငှါးကမ်းလှမ်းမှုကိုလက်​ခံခဲ့တာ​ကြောင့်​အင်္ဂလန်​​တောင်​ပံကစားသမားအ​နေနဲ့ဒါဘီ မစ်​ဒယ်​ဘ​ရော့ နယူးကာဆယ်​တို့အနက်​မှတစ်​သင်းကို​ရွေးချယ်​သွားရမှာဖြစ်​ပါတယ်​။

ဂျာမနီနဲ့အတူကွန်ဖက်ဒေ​​​ရးရှင်းဖလားကစားခဲ့တဲ့​လီ​ဗာပူးကွင်းလယ်​လူအန်​မရီချန်​ဟာလာမည့်​တနလာင်္​နေ့မဲဝုဒ်​မှာလီ​ဗာပူးအသင်းနဲ့ပြန်​လည်​ပူး​ပေါင်း​တော့မှာဖြစ်​ပါတယ်​။

No comments:

Post a Comment