စာအုပ်နှင့်သီချင်းlink: ရိုးရိုးသားသားနေပါ

Search This Blog

Saturday, July 8, 2017

ရိုးရိုးသားသားနေပါ

ဘယ်လိုနေရမယ်မှန်းမသိရင် ရိုးရိုးသားသားနေပါ
============================crd

လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိရဖို့အတွက်

တစ်ခါတလေ အ,ချင်ယောင်ဆောင်ရတယ်
တစ်ခါတလေ အချိန်တချို့ရင်းရတယ်
တစ်ခါတလေ ရင်ဘတ်ကြီးတစ်ခုလုံး ရင်းလိုက်ရတယ်

မင်းကို ဘယ်တော့မှ ဒုက္ခမပေးမယ့်သူတွေရှိတယ်
အဲ့ဒီလူတွေကတော့
မင်းကို မေတ္တာထားတဲ့သူ ဒါမှမဟုတ်
မင်းကို တကယ်ချစ်နေတဲ့သူ

အတိတ်ကို ပြန်မှတ်ရပြီး ပူဆွေးတာက
မင်းကို အားအင်ကုန်ခမ်းစေတယ်
အနာဂတ်ကိုတွေးရင်း ရင်ခုန်ကြည့်တာက မှ
မျှော်လင့်ချက်ရောင်ခြည် သန်းလာစေနိုင်သေးတယ်

မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ နာကျင်စေတဲ့သူ
ယုံကြည်မှုကို ခဏခဏအလွဲသုံးစားလုပ်တတ်တဲ့သူ
အဲ့ဒီလူတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေပါ
ဒါမှမဟုတ် သတိထားပါ၊ မြွေပွေးထက် ဆိုးတယ်

မြွေပွေးက တစ်ချက်နှစ်ချက်ပဲ ပေါက်တာ
အဲ့လိုလူတွေက အခွင့်ရေးရတိုင်း
မင်းကို ဒုက္ခပေး လှည့်ဖြားမယ့်သူတွေဖြစ်တယ်

မင်းကို ယုံကြည်ရလောက်တဲ့ အကြောင်းရင်းရှိလို့
ယုံကြည်ပေးတဲ့သူ၊
အချစ်၊ သံယောဇဉ်တွေကြောင့်
မျက်လုံးစုံမှိတ် ယုံကြည်ပေးတဲ့သူ
အဲ့ဒီလူတွေနဲ့ ကြုံဆုံလာတဲ့အခါ သူတို့ရဲ့
ယုံကြည်ပေးမှုကို သိမှတ်ပြုပါ၊ လေးစားပါ

ယုံကြည်မှုဆိုတာ ငွေပေးပြီး ဝယ်လို့မရဘူး
ဘယ်တန်ခိုးရှင်မှလည်း မဖန်တီးပေးနိုင်ဘူး

ယုံကြည်မှုဆိုတာမျိုးက
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
လိုလိုလားလားနဲ့ ဖြစ်တည်လာတဲ့ ခံစားချက်ဖြစ်တယ်

ယုံကြည်မှုဆိုတာ နေ့စဉ် လူမှုဘဝတွင်သာမက
စီးပွားရေး၊ နိုင်ငံရေးတွေထိကို
အရေးပါတဲ့အရာဖြစ်တယ်

ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုပါဘူး
မင်း ကောင်းတာ လုပ်နေတယ်ဆိုရင်ပေါ့

လူတွေက အများသောအားဖြင့်
လိုအပ်မှ ရောက်လာကြတယ်
ဒါ… လူတွေရဲ့ သဘာဝပဲလေ
ဘာများ မကျေနပ်စရာရှိလို့လဲ
ကူညီနိုင်ရင် ကူညီ၊ မကူညီနိုင်ရင် မကူညီပါနဲ့
မင်းမှာ ရွေးချယ်ခွင့် ရှိပြီးသားပါ

ကိုယ် လုပ်ရမယ့် ဘယ်အလုပ်မဆို ဝတ္တရားနဲ့လုပ်ပါ
တာဝန်ဆိုတာ ခိုင်းလို့လုပ်တာ
ဝတ္တရားဆိုတာ ကိုယ့်အသိစိတ်ဓာတ်နဲ့လုပ်တာ
စေတနာက ပြန်အကျိုးပေးတတ်ပါတယ်

ရင်ထဲ အလေးနက်ထားခဲ့ရတဲ့သူဖြစ်ခဲ့တယ်
ဆိုရင်တောင်မှ စွန့်လွတ်သင့်တယ်ဆိုရင်
ပြတ်ပြတ်သားသားစွန့်လွတ်ပါ
နည်းနည်း အထီးကျန်သွားတာက လွဲလို့
ကျန်တာအဆင်ပြေပါတယ်

လူတစ်ယောက်ရဲ့လက်ထဲမှာ ကိုယ်ရဲ့အနာဂတ်တွေ
ပျောက်ဆုံးနေတာမျိုးတော့ မဖြစ်ပါစေနဲ့

ကိုယ့်ရဲ့လက်ထဲမှာ လူတစ်ယောက်ရဲ့အနာဂတ်တွေ
သေဆုံးနေတာမျိုးလည်း မဖြစ်ပါစေနဲ့

စကားအပြောအဆိုဆင်ခြင်ပါ ဖြစ်နိုင်ရင်
စကားပြော ကောင်းသည်ထက်ကောင်းအောင်
လေ့ကျင့်ပါ၊ တစ်ခါတလေ စကားအပြောအဆို
မတတ်ရင် တွယ်ဝိုက်ပြီး ဆဲလိုက်သလိုပါပဲ

နှုတ် ကောင်းရင် တိုင်းပြည်ကိုတောင် အုပ်စိုးရနိုင်တယ်
အနည်းဆုံးတော့
လူတချို့ရဲ့နှလုံးသားကို စိုးမိုးနိုင်တယ်

ပတ်ဝန်းကျင်ကို မထီမဲ့မြင်တော့မပြုနဲ့
မင်း လူဆိုးလား လူကောင်းလား သိချင်တဲ့အခါ
မင်းကို တိုက်ရိုက်လာမေးမှာမဟုတ်ဘူး
မင်းရဲ့ ပါတ်ဝန်းကျင်မှာ စုံစမ်းမှာ
ပတ်ဝန်းကျင်ဆိုတာ မင်းရဲ့ Media ပါ
( Media ကောင်းနဲ့တွေ့ပါစေ )

လူတိုင်းကိုတော့ ယုံပါတယ် လို့ ပြောမိစေနဲ့
ငါ့ကို ကြိုက်သလောက်လိမ်ပါ လို့ ခွင့်ပြုလိုက်တာနဲ့အတူတူပါပဲ

လောကမှာ…
ဝေဖန် အပြစ်တင်ခံရ လွတ်တဲ့သူ မရှိသလောက်ပါ

စာတစ်ကြောင်းဖတ်ဖူးတယ်

ဝေဖန် အပြစ်တင်မခံချင်ရင်
ဘာမှမလုပ်နဲ့၊ ဘာမှမပြောနဲ့
နောက်ဆုံး…
လူတစ်ယောက်လိုလည်း ရှင်သန်မနေပါနဲ့ တဲ့

Crd   ... Ko Nyi Htet

No comments:

Post a Comment