7-7-2017
နောက်ဆုံးရ အားကစားနှင့် အပြောင်းရွှေ့ သတင်းများ
==============================
#၂၀၁၇-၁၈ ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို လာမည့် ဇူလိုင်(၂၆)ရက်၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ရာသီသစ်စီးရီးအေပြိုင်ပွဲကို လာမည့်သြဂုတ်လ(၂၀)ရက်၌ စတင်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလ (၂၀)ရက်၌ အဆုံးသတ်မည်ဖြစ်သည်
#ဒူးဒဏ်ရာကြောင့်ကာလရှည်ရုန်းကန်ခဲ့ရတဲ့ ဒန်နီအင့်ဟာ ယခုတစ်ပတ်လီဗာပူးအသင်းပြုလုပ်ခဲ့တဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာပါဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
#လီဗာပူးနဲ့စပါးအသင်းတို့ဟာဂျာမန်ကလပ်ဟော့ဖန်ဟိုင်းအသင်းရဲ့တိုက်စစ်မှုးဖြစ်သူ အန်ဒရီခရာမရစ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။
#လီပါပူးအသင်းဟာ မာနေး ဒဏ်ရာမှသက်သာလာပြီဖြစ်လို့
10 ရက်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဟုထုပ်ပြန်ကြောညာခဲ့ပါတယ်
# မန်ချက်စတာယူတက်အသင်းသည် လူကာကူအားခေါ်ယူရန်
ပေါင်၇၅သန်းဖြင့်သဘောတူညီမှုရရှိခဲ့ပြီနာရီပိုင်းအတွင်းအပြီးသတ်စာချုပ်ချုပ်ဆိုတော့မည်ဟု သိရပါတယ် ။
#အဲရစ် ဒိုင် ယာ ၊ နီမန် ဂျာမာတစ်တို့ကို ချိ ဆက်မှုအဆင် မပြေဖြစ် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် ကစားသမား ရှာပုံတော် ဖွင့်နေပြီး ဒေါ့မွန် အသင်းရဲ့ ကွင်းလယ်လူ ဂျုလီယန် ၀ီဂယ် ဘက် ကို မြားဦးလှည့်လာခဲ့တယ် လို့ သိရပါတယ် ။
# အဲဗာတန်ကွင်းလယ်လူဟောင်း စတီဗင်ပီနားသည် တောင်အာဖရိကကလပ် ဘစ်ဗက်ဝစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
#မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာတန်အသင်းတိုက်စစ်မှူးလူကာကူအားခေါ်ယူရန် ပြောင်းရွေ့ ကြေးပေါင် ၇၅သန်းဖြင့် သဘောတူညီမှုရရှိထားပြီး အပြီးသတ်စာချုပ်ချုပ်ဆိုမှုအား နာရီပိုင်းအတွင်ဆက်လက်ဆောင်ရွက်သွားမည်ဟု အဲဗာတန်အသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ အင်္ဂလန်မီဒီယာများသို့ ပြောကြားခဲ့သည်။
# မန်ယူနောက်ခံလူ စမောလင်းသည် နည်းပြမော်ရင်ဟိုထံမှ ပွဲထွက်ကစားခွင့် အာမခံချက် မရပါက ပုံမှန်ကစားခွင့်ရနိုင်သော အသင်းသစ်တစ်သင်းကို ပြောင်းချင်နေသည်။ သူ့အနေဖြင့် (၂၀၁၈)ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်း၌ပါဝင်ခွင့်ရရန်အတွက်လာမည့်ရာသီတွင်ပွဲထွက်ကစားခွင့်ရရန် လိုအပ်နေသည် ။
#စပိန်တိုက်စစ်မှူး တောရက်စ်သည် အက်သလက်တီကိုအသင်းနှင့်
တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
တောရက်စ်၏စာချုပ်သက်တမ်းမှာလာမည့်၂၀၁၈ခုနှစ်ဇွန်လ(၃၀)ရက်အထိတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုအသင်းသည် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရသဖြင့် အသင်းမှ ကစားသမားများကို ထိန်းသိမ်းလျက်ရှိနေပါတယ် ။
No comments:
Post a Comment