14-7-2017
နောက်ဆုံးရအားကစားနှင့်အပြောင်းရွှေသတင်းများ
===============================
မန်ချက်စတာစီးတီးအသင်းဟာနောက်ခံလူကိုင်းဝေါ်ကာအတွက်တော့တင်ဟမ်ရဲ့ပေါင်သန်း၅၀ဈေးသတ်မှုကိုပေးချေသွားရန်သဘောတူညီမှုရရှိခဲ့ပြီးနောက်ဆေးစစ်ချက်ခံယူဖို့ လုပ်ဆောင်သွားမည်ဟုသိရပါတယ် ။
ချဲဆီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မူး အော်ဘာမီယန်းကိုခေါ်ယူဖို့
နီးစပ်လျှက်ရှိကြောင်းသိရပါတယ် ။
ချဲဆီးဟာလာမယ့်အပတ်ထဲမှာပဲ ရီးရဲနောက်ခံလူဒန်နီလိုကို ပေါင် 28 သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ သိရပါသည် ။
ချဲဆီးဟာဘာကာယိုကိုကိုခေါ်ယူဖို့ ပေါင်သန်း 40 နဲ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း ကြေညာထားပါတယ် ။
ဘာစီနာအသင်းရဲ့အပြောင်းရွှေ့ဇာတ်လမ်းဟာ သွေးအေးလျှက်
ရှိနေပေမဲ့အပြောင်းရွှေ့ ရဲ့နောက်ဆုံးအချိန်ထိ ကွင်းလယ် နဲ့
ညာတောင်ပန်နေရာတွေအတွက် အဓိကထားခေါ်ယူသွားမည်ဖြစ်
ကြောင်းသိရပါတယ် ။
မန်ချက်စတာယူနိုက်တက် နည်းပြ မော်ရင်ဟိုဟာ ကွင်းလယ်အဖျက် ကစားသမားတစ်ဦးကို ယခု နွေရာသီမှာအရခေါ်ယူဖို့ ရှိနေပြီး
အဲရစ်ဒိုင်ယာ အဓိကပစ်မှတ်ဖြစ်ပြီး စပါးသင်းကရောင်းဖို့ဆန္ဒမရှိပဲ
အဲရစ်ဒိုင်ယာ မရခဲ့ပါက နိုဂိုလန်၊ မာတစ်တို့မှ တစ်ဦးအား
ခေါ်ယူသွားမည်ဟုသိရပါတယ် ။
မော်ရင်ဟိုသည် တောင်ပံကစားသမားနေရာအားရှာဖွေလျက်ရှိပြီး ပါရာဆစ်အပြင်ရီးရဲမက်ဒရစ်တောင်ပံကစားသမားဘေးလ်အားလည်း
ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်းသိရှိရသည်။
ဒီတစ်ပတ်ရဲ့အပြောင်းရွေ့ မှာ ဂျုဗပ်တပ်နော်ခံလူ ဘိုနုချီသတင်းတွေ
ပျံ့နှံ့နေပြီး ချဲဆီး ၊ မန်စီးတီးAcမီလန်တို့မှ ခေါ်ယူဖို့အပြိုင်ဖြစ်နေကြပါတယ်။
ချဲလ်ဆီးဟာ မိုနာကို အသင်း ကွင်းလယ်လူ ဘာကာယိုကို,ကို ခေါ်ယူ
ဖို့ပေါင် 39သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး သောကြာနေ့ ကစားသမားကို ဆေးစစ်မှု ပြုလုပ်သွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးကစားသမားသစ်ဖြစ်သူမိုဟာမက်ဆာလက်ဗြိတိန်အလုပ်ပါမစ်
လျှောက်ရန်အတွက်ပဲရစ်ကိုရောက်ရှိနေတယ်လို့သိရှိရပါသည် ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီကတည်းကဒဏ်ရာကြောင့်လီဗာပူးအတွက်ကာလရှည်မကစားနိုင်ခဲ့တဲ့အသင်းခေါင်းဆောင်ဂျော်ဒန်ဟန်ဒါဆန်ဟာ ဒဏ်ရာမှ
သက်သာလာပြီး ခြေစမ်းပွဲစဉ်မှာပြန်လည် ကစားသွားတာတွေရပါတယ် ။
No comments:
Post a Comment