စာအုပ်နှင့်သီချင်းlink: အာဆင် နယ် သတင်းတိုများ =============================================== အာဆင် နယ် အသင်းဟာ ယမန်နေ့က ဆစ် ဒနီ အသင်းနဲ့ ရာသီကြို ပထမဆုံးခြေစမ်းပွဲကို စတင် ကစားခဲ့ ပါတယ် ။

Search This Blog

Friday, July 14, 2017

အာဆင် နယ် သတင်းတိုများ =============================================== အာဆင် နယ် အသင်းဟာ ယမန်နေ့က ဆစ် ဒနီ အသင်းနဲ့ ရာသီကြို ပထမဆုံးခြေစမ်းပွဲကို စတင် ကစားခဲ့ ပါတယ် ။

အာဆင် နယ် သတင်းတိုများ

===============================================

အာဆင် နယ် အသင်းဟာ ယမန်နေ့က ဆစ် ဒနီ အသင်းနဲ့ ရာသီကြို ပထမဆုံးခြေစမ်းပွဲကို စတင် ကစားခဲ့ ပါတယ် ။

အသင်းရဲ့ ကစားသမားသစ် ကိုလာဆီနက် ဟာ ပွဲထွက် စာရင်းမှာ ပါဝင် ခဲ့ပြီး ပွဲအစ ၄ မိနစ် မှာ ၀ါရင့် နောက် ခံလူ မာတီဆက် ကာ က အာဆင် နယ် အတွက် အဖွင့် ဂိုး စသွင်းယူခဲ့ပါတယ် ။

လိုင် ယွန်က နေ ခေါ်ယူထားခဲ့တဲ့ တိုက် စစ် မှုးသစ် လာကာဇက်တီ ဟာ ပွဲချိန် ဒုတိယပိုင်းမှာ လူစားလဲ ၀င် ရောက် လာခဲ့ပြီး ၈၃ မိနစ် မှာ အာဆင် နယ် ကစားသမားဘ၀ ပထမဆုံး ဂိုးကို သွင်းယူနိုင် ခဲ့ပါတယ် ။

အာဆင် နယ် တို့ ဒုတိယပိုင်းမှာ ပင် နယ် တီ ရရှိခဲ့ပေမယ့် တိုက် စစ် မှုး ဒန် နီဝဲဘတ် ရဲ့ ကန် ချက် ကို ဆစ် ဒနီ အသင်း ဂိုးသမား ပုတ် ထုတ် ကာကွယ် သွားနိုင် ခဲ့ပါတယ် ။

အာဆင် ၀င်းဂါးဟာ လူငယ် ကစားသမားလေး ရစ်ဆ် နီလ် ဆင် ကို အသင်းအတွက် ပွဲထုတ် ခဲ့ပြီး ခြေစွမ်းကို စိတ် ကျေနပ် ခဲ့တယ် လို့ သိရပါတယ် ။

အာဆင် နယ် ကွင်းလယ်လူ ၀ီလ် ရှိုင်းယား ကို စီးရီးအေ ကလပ် ဆမ့် ဒိုးရီးယား အသင်းက ခေါ်ယူဖို့ စိတ် ၀င် စားနေတယ်လို့ သိရပါတယ် ။

သီယိုဝေါကော့ က တော့ လက် ရှိ အာဆင် နယ် အသင်းဟာ အရင် ရာသီတွေကထက် ပိုမို ရင်းနှီးမှုရှိကြပြီး ကစားသမားသစ်တွေကလည်း အသင်းမှာ ချက် ချင်းဆိုသလို အထိုင် ကျ ပျော် ရွှင် သွားခဲ့ကြတယ် လို့ ပြောဆို သွားခဲ့ပါတယ် ။

ဂန်းနား နောက် ခံလူ ဘယ် လာရင် က တော့ အာဆင် နယ် မှာသာဆက် ရှိ နေ နိုင် တဲ့ တွစ် တာ ရေးသားမှု တစ် ခုကို အသင်းဖော် မူစတာဖီ ရဲ့ အ ကောင့်မှာ ရေးသားသွားခဲ့တယ် လို့ သိရပါတယ် ။

ဒေါ့မွန် အသင်းဟာ အော့ဘာမီးယန်း ကို ရောင်းထုတ် ဖြစ် ခဲ့ပါက ဂန်းနား တိုက် စစ် မှုး ဂီရော့ ကို အစားထိုး ခေါ်ယူဖို့ ရှိနေတယ် လို့ သတင်းကြားသိရပါတယ် ။

မန်ချက်စတာ စီးတီး အသင်းရဲ့ ယူ-၁၇ အသင်းကစားသမားလေး ဂျေဒန် ဆန်ချို ကို အာဆင် နယ် အသင်း ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ သတင်းရရှိပါတယ် ။

အာဆင် နယ် နဲ့ သတင်းထွက် နေတဲ့ လက် စတာ တောင် ပံ ကစားသမား မာရက်ဇ် ကို စီးရီးအေ ကလပ် အင် တာမီလန် အသင်းကလည်း အလိုရှိနေတယ်လို့ သိရပါတယ် ။

အာဆင် နယ် ဟာ မိုနာကို တောင် ပံ ကစားသမားလေး သောမတ်စ် လီမာ ကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူနိုင် ဖို့ မျှော် လင့်ထားပြီး အသင်းမှာ တစ် ပတ် လုပ် ခ ပေါင် ၁ သိန်း ပေးချေမယ် လို့ ကမ်းလှမ်းထားကြောင်း သတင်း ရရှိပါတယ် ။

ရီးရဲ ဘက် တစ် အသင်းဟာ လူးကပ် ပီရက် ကို အငှားခေါ်ယူလိုကြောင်း အာဆင် နယ် ထံ ဆက် သွယ် ခဲ့ ပေမယ့် အာဆင် နယ် က တော့ အပြီးသတ် ၀ယ် ယူမယ့် အသင်းကိုသာ စိတ် ၀င် စားတယ် လို့ အ ကြောင်း ပြန် ခဲ့ပါတယ် ။

“အလက်ဆစ် ကို အာဆင် နယ် မှာ ဆက် ရှိနေ စေချင် ပါတယ် ။ ဒါပေမယ့် ဘာဆက်ဖြစ် လာမလဲဆိုတာ တော့ ကျွန်တော် လည်းမသိပါဘူး ။ ဘောလုံးသမားတစ်ယောက် အ နေနဲ့ သူ့ကို ကျွန်တော် အရမ်းတန်ဖိုးထား ပါတယ် ။ သူက ကျွန်တော်တို့ နဲ့ အရမ်းအတွဲညီမယ့် ကစားသမားမျိုးပါ”
#အိုဇေးလ်

No comments:

Post a Comment