စာအုပ်နှင့်သီချင်းlink: "စနေနေ့ အားကစား သတင်းများ" ==================== ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီး ၅နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့ ဗြိတိန်ထုတ် Metro သတင်းစာက ဖော်ပြနေပါတယ်။

Search This Blog

Saturday, July 29, 2017

"စနေနေ့ အားကစား သတင်းများ" ==================== ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီး ၅နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့ ဗြိတိန်ထုတ် Metro သတင်းစာက ဖော်ပြနေပါတယ်။

"စနေနေ့ အားကစား သတင်းများ"
====================

ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီး ၅နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့  ဗြိတိန်ထုတ် Metro သတင်းစာက ဖော်ပြနေပါတယ်။ နေမာရဲ့ဖခင်ဖြစ်သူဟာ ပီအက်စ်ဂျီ၊ ဘာစီလိုနာအသင်းတွေနဲ့  ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နေမာဟာ လာမယ့် တင်္နလာ၊ အင်္ဂါနေ့မှာ အပြီးသတ် ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။  ပီအက်စ်ဂျီဟာ နေမာရဲ့ လျော်ကြေးငွေ စာချုပ် ပေါင် ၁၉၇သန်းကို ငွေသားနဲ့ ကစားသမား သမားအလိုက် ပေးချေ ဖို့အလိုရှိနေပြီး  တောင်ပံကစားသမား ဒီမာရီယာကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကတော့ နေမာ ထွက်ခွာခဲ့ပါကာ လီဗာပူးလ်က ကော်တင်ညို၊ ချယ်လ်ဆီးက ဟ့ဇက်နဲ့ စပါးက ဒယ်လီအာလီတို့ တစ်ဦးဦးနဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာစီးတီးဟာ အာဆင်နယ်ရဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို တစ်ပတ် ပေါင် ၃သိန်း ၂သောင်းအထိ လစာပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပြီး အာဆင်နယ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ ကြိုးစားနေပါတယ်။

မိုနာကိုအသင်းဟာ သောမတ်စ် လမာအတွက် အာဆင်နယ်က ကမ်းလှမ်းတဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ အာဆင်နယ်ဟာ လမာအတွက် ပေါင် သန်း ၅၀နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ သဘောတူညီမှုရထားတဲ့ ပေါ်တူဂီ လူငယ် ကစားသမား ရီနာတို ဆန်းချက်ဇ်ကို ချယ်လ်ဆီးက ကြားဖြတ် ခေါ်ယူနိုင်ဖို့ ဘိုင်ယန်အသင်းကို ဆက်သွယ်ခဲ့တယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။ ချယ်လ်ဆီးဟာ အေစီမီလန်ပေးထားတဲ့ ပေါင် ၃၅သန်းထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

မိုင်ယာမီမှာ ကစားမယ့် ရီးယဲယ်နဲ့ ဘာစီလိုနာတို့နှစ်သင်းရဲ့ El Clasico ပွဲလက်မှတ်အားလုံး ရောင်းကုန်ခဲ့ပြီလို့ ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ အဲ့ဒီပွဲကို အမေရိကန် ဒေါ်လာ အနည်းဆုံး ၉၀၀ ကျော်အထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒေါ့မန်အသင်းရဲ့ စပိန်အလယ်တန်းလူ မီခယ် မီရီနိုကို တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ရီယက် မားရက်ဇ်အတွက် ရိုးမားရဲ့ ဒုတိယအကြိမ် ပေါင် ၂၇သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ မားရက်ဇ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့လိုနေပြီး အာစင်ဝင်းဂါးရဲ့ ကမ်းလှမ်းမှုကို စောင့်နေတယ်လို့ မီဒီယာတွေကို ပြီးခဲ့တဲ့ တစ်ပတ် ပြောဆိုခဲ့ဖူးပါတယ်။

အင်တာမီလန်အသင်းဟာ ပရာဆစ်အတွက် အနည်းဆုံး ပေါင် ၄၅သန်း အပြင် လူငယ်တိုက်စစ်မှူး မာရှယ်လ်ကို တစ်ရာသီ အငှားနဲ့ အလိုရှိနေပါ တယ်။ မန်ယူက အင်တာမီလန် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပြင်းဖို့ ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ဟာ အဆုံးသတ်ဖို့ များနေ ပါတယ်။

မနေ့ကအထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေးကူးပြိုင်ပွဲမှာ အမေရိကန်အသင်းက ရွှေ ၁၂၊ ငွေ ၁၂၊ ကြေး၈ခု၊  စုစုပေါင်း ဆုတံဆိပ် ၃၂ခုနဲ့ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် တက်လာနိုင်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ အသင်းလိုက် မီတာ ၂၀၀ ၄ယောက်တွဲမှာ အမျိုးသားမှာ ဂရိတ်ဗြိတိန်နဲ့ အမျိုးသမီးမှာ အမေရိကန်အသင်းတို့က ဗိုလ်စွဲခဲ့ကြပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဟန်ဂေရီ ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ အကြို စမ်းသတ်မောင်းနှင်မှုမှာ ရက်ဘူးလ်အသင်းက ရီကာဒို အမြန်ဆုံး စံချိန်ရခဲ့ ပါတယ်။ 

Credit BBC

No comments:

Post a Comment