စာအုပ်နှင့်သီချင်းlink: မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================ အိုင် ဗန် ပါရီဆစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ် အားထက် သန် နေပြီး အင် တာမီလန် ရဲ့ အ ပြောင်းအ ရွှေ့ကြန့်ကြာအောင် လုပ်ဆောင် နေမှု အ ပေါ် စိတ် ပျက် နေတယ် လို့ ကြားသိရပါတယ် ။

Search This Blog

Friday, July 14, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================ အိုင် ဗန် ပါရီဆစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ် အားထက် သန် နေပြီး အင် တာမီလန် ရဲ့ အ ပြောင်းအ ရွှေ့ကြန့်ကြာအောင် လုပ်ဆောင် နေမှု အ ပေါ် စိတ် ပျက် နေတယ် လို့ ကြားသိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

============================================

အိုင် ဗန် ပါရီဆစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ် အားထက် သန် နေပြီး အင် တာမီလန် ရဲ့ အ ပြောင်းအ ရွှေ့ကြန့်ကြာအောင် လုပ်ဆောင် နေမှု အ ပေါ် စိတ် ပျက် နေတယ် လို့ ကြားသိရပါတယ် ။

စပါး ကစားသမား အဲရစ် ဒိုင် ယာ ဟာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းအ ပေါ် စိတ် ၀င် စားမှု ရှိ နေတယ် လို့ သိရပါတယ် ။ ဒါပေမယ့် ယခုနွေရာသီအ ပြောင်းအ ရွှေ့မှာ လှုပ် ရှားမှု မရှိသေးတဲ့ စပါးအသင်းက တော့ ဒိုင် ယာ ကို ရောင်းထုတ် ဖို့ စိတ် ကူးမရှိဘူးလို့ သိရပါတယ် ။

မော် ရင် ဟို ဟာ ယူနိုက်တက် Tour Bus မှာ အသင်းသားပုံတွေကို ရိုက် နှိပ် ခြင်းမပြုဖို့ မှာကြားခဲ့တယ် လို့ သိရ ပါတယ် ။ ယူနိုက်တက် ဟာ အသင်းရဲ့ ခရီးစဉ်တွေမှာ အသုံးပြုတဲ့ ဘတ်စ် ကားတွေမှာ ပရိသတ်တွေ နှစ် သက် မှု များတဲ့ ကစားသမားပုံတွေကို ရိုက် နှိပ်လေ့ ရှိပြီး ဒါဟာ အခြားကစားသမားတွေရဲ့ စိတ် ပိုင်းဆိုင် ရာ ကို ထိခိုက် စေနိုင် တယ် လို့ မော် ရင် ဟို က ယူဆတာကြောင့် ယခုလို တားမြစ် ခဲ့တာဖြစ် တယ် လို့ သိရ ပါတယ် ။

ရိုးမားအသင်းက တော့ ကွင်းလယ်လူ နိုင် ဂိုလန်း ရော နောက် ခံလူ မာနိုလက်စ် ပါ အသင်းမှာ ဆက် ရှိနေမှာ ဖြစ်ပြီး ရောင်းထုတ်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် ရဲ့ ၁၉၉၉ ဖလား ၃ လုံးအောင် ပွဲရှင် တိုက် စစ် မှုး ဒွိုက်ယော့ခ် က လူကာကူ ဟာ မိုရာတာ ထက် ယူနိုက်တက် နဲ့ ပိုမို ကိုက် ညီမှာဖြစ် တယ် လိှု့ဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနီ ဟာ အဲဗာတန် ရဲ့ ရာသီကြို ခြေစမ်းပွဲမှာပါဝင် ကစားခဲ့ပြီး ကိုက် ၃၀ ကျော် က နေ အ ဝေးကန် ချက် နဲ့ ဂိုးသွင်းယူပေးခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် အတွင်းမှာ ယူနိုက်တက် ၀တ် စုံ ၀တ် ဆင် ထားတဲ့ ပရိသတ် တစ် ဦးဟာ ကွင်းထဲကို ဆင်းလာခဲ့ပြီး ၀ိန်း ကို ပွေ့ဖက် နှုတ် ဆက် သွား ခဲ့တယ် လို့ သိရပါတယ် ။

ယူနိုက်တက် ကစားသမားတွေဖြစ် တဲ့ ဘလင်း နဲ့ ဖယ် လေ နီ တို့က တော့ ဦးနှောက် ပျက် စီးမှု ဖြစ် ပေါ်ခဲ့တဲ့ အေဂျက် လူငယ် ကစားသမားလေး နူရီ အတွက် ၀မ်းနည်းကြောင်းေ၇းသားဖော်ပြသွားခဲ့ပါတယ် ။

သရဲနီ နောက် ခံလူဟောင်း ဖာဒီနန် ရဲ့ မိခင် ဟာလည်း ကင် ဆာ ရောဂါ ကြောင့် ကွယ် လွန် သွားခဲ့ပြီလို့ သတင်းရရှိပါတယ် ။ R.I.P

ယူနိုက်တက် ရဲ့ လေ့ကျင့်ရေးကွင်းဆီကို အ မေရိကန် နာမည်ကျော် သရုပ်ဆောင်တွေ လာရောက် လည် ပတ် ခဲ့တယ် လို့ သိရပါတယ် ။ နာမည်ကျော် Game of Thrones စီးရီးရဲ့ သရုပ်ဆောင်တွေ ၊ ဟောလိဝုဒ် မင်းသား The Rock ၊ မင်းသမီးကြီး ဂျုလီယာရောဘတ် တို့ အပြင် Lord of the Ring ဇာတ် ကားတွေရဲ့ သရုပ်ဆောင် ၊ ယူနိုက်တက် အမာခံ ပရိသတ် ဒိုမီနစ် မော် ဂန် လည်း လာရောက် လည် ပတ် သွားခဲ့ပါတယ် ။

ယူနိုက်တက် နဲ့ ရီးရဲမက်ဒရစ် အသင်းတို့ဟာ UCLA ရဲ့ လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့်ခန်းဆင်းနေကြတာ ဖြစ်ပြီး အ၀တ် လဲခန်း နဲ့ နီးကပ် တဲ့ ကွင်းကို ယူနိုက်တက် တို့ ရရှိခဲ့မှု နဲ့ ပတ်သက် လို့ အသင်း ၂ သင်းအကြား ပြောဆိုမှုတွေ ရှိခဲ့တယ် လို့ သိရပါတယ် ။

နောက် ခံလူ လုခ် ရှော က တော့ သြဂုတ် ၁၃ ရက် နေ့မှာ ကစားမယ့် ၀က်စ်ဟမ်း နဲ့ ပွဲစဉ် မှာ ယူနိုက်တက် အတွက် ပြန် ကစားပေးနိုင် ဖို့ မျှော် လင့်ထားတယ် လို့ ကြားသိရပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ မာတစ် က တော့ မိုနာကို ကွင်းလယ်လူ ဘာကာယိုကို ရောက် ရှိလာခဲ့ပါက ချဲလ်ဆီး က နေ ထွက် ခွာ ရဖို့ တွန်းအားပေးသွားမယ် လို့ ကြားသိရပါတယ် ။

No comments:

Post a Comment