စာအုပ်နှင့်သီချင်းlink: ချဲဆီးသတင်းတိုများ =============== * Daily Mail ကတော့ ချဲဆီးဟာ အော့ဘာမီးယန်းနဲ့ သတင်းတွေထွက်ပေါ်နေသော်လဲ သူတို့ရဲ့ နံပါတ် 1 ပစ်မှတ်ဟာ မိုရာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Search This Blog

Tuesday, July 18, 2017

ချဲဆီးသတင်းတိုများ =============== * Daily Mail ကတော့ ချဲဆီးဟာ အော့ဘာမီးယန်းနဲ့ သတင်းတွေထွက်ပေါ်နေသော်လဲ သူတို့ရဲ့ နံပါတ် 1 ပစ်မှတ်ဟာ မိုရာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ချဲဆီးသတင်းတိုများ
===============

* Daily Mail ကတော့ ချဲဆီးဟာ အော့ဘာမီးယန်းနဲ့ သတင်းတွေထွက်ပေါ်နေသော်လဲ သူတို့ရဲ့ နံပါတ် 1 ပစ်မှတ်ဟာ မိုရာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

* အလက်ဇန်ဒရိုကို ခေါ်ယူဖို့ ချဲဆီးဘက်က လက်လျှော့ခြင်း မရှိသေးပဲ မာတစ်နဲ့ အလဲအလှယ် ပြုလုပ်ဖွယ် ရှိနေပါတယ်။

* လူကာကူကို လက်လွှတ်လိုက် ပြီးကတည်းက ချဲဆီးဟာ မိုရာတာ ဘီလော့တီနဲ့ အော့ဘာမီးယန်းတို့ရဲ့ အနေအထားတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

* ချဲဆီးဟာ အဂူရို အသင်းကနေ ထွက်ခွါလိမ့်မယ်လို့ မျှော်လင့်နေသော်လဲ အပြောင်းအရွှေ့တကယ်တမ်း ဖြစ်လာဖို့တော့ ရာခိုင်နှုန်း နည်းနေဆဲပဲ ဖြစ်တယ်လို့ သတင်းတွေက သုံးသပ်နေကြပါတယ်။

* နောက်ခံလူဟောင်း ဂါးလက်ကတော့ ဘာကာယိုကို အကြောင်း သူကောင်းကောင်းသိထားပြီးသားမို့ ချဲဆီးမှာ အောင်မြင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

* sky sports မှာတော့ အော့ဘာမီးယန်ဟာ ဒေါ့မွန်မှာ ဆက်နေသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြနေပါတယ်။

* ဘာကာယိုကို နဲ့ ဟာဇက်ကတော့ တရုတ်ခရီးစဉ်ကို လိုက်ပါဖွယ် မရှိပါဘူး။ ရူဒီဂါကတော့ စင်္ကာပူမှာ အသင်းနဲ့ ပြန်လည် ဆုံဆည်းဖွယ် ရှိနေပါတယ်။

* ကွန်တီဟာ ဖာဘရီဂတ်ကို အသင်းမှာ ဆက်ရှိဖို့ စည်းရုံးထားပြီး လာမယ့်ရာသီသစ်မှာလဲ ကစားခွင့်ပိုရဖို့ အာမခံထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment