စာအုပ်နှင့်သီချင်းlink: July 2017

Search This Blog

Monday, July 31, 2017

လီိ​ဗာပူးသတင်းတိုများ ============= လီ​​ဗာပူးဟာနာဘီကီတာကိုလာမည့်​နှစ်​၎င်းရဲ့စာချုပ်​ဖျက်​သိမ်း​ကြေး​ပေါင်​၄၈သန်းစတင်​အကျုံးဝင်​မယ့်​အချိန်​ကျမှသာ​ခေါ်ယူသွားဖို့စီစဉ်​​နေ​ပေမယ့်​လည်းကီတာကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့အင်​တာမီလန်​နဲ့ယှဉ်​ပြိုင်​သွားရဖို့ရှိ​နေပါတယ်​။

လီိ​ဗာပူးသတင်းတိုများ
=============
လီ​​ဗာပူးဟာနာဘီကီတာကိုလာမည့်​နှစ်​၎င်းရဲ့စာချုပ်​ဖျက်​သိမ်း​ကြေး​ပေါင်​၄၈သန်းစတင်​အကျုံးဝင်​မယ့်​အချိန်​ကျမှသာ​ခေါ်ယူသွားဖို့စီစဉ်​​နေ​ပေမယ့်​လည်းကီတာကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့အင်​တာမီလန်​နဲ့ယှဉ်​ပြိုင်​သွားရဖို့ရှိ​နေပါတယ်​။

လီ​ဗာပူးကွင်းလယ်​လူအဒန်​လယ်​လာနာကစတားရစ်​ခ်ျ​ဟာလာမည့်​ပရီးမီးယားလိဂ်​မှာအသင်းအတွက်​အဓိကအခန်းကဏ္ဍမှ​ခြေစွမ်းပြနိုင်​လိမ့်​မယ်​လို့ယုံကြည်​​နေပြီးစတားရစ်​ခ်ျရဲ့တန်​ဖိုးကိုသတ်​မှတ်​သွားလို့မရဘူးလို့ယုံကြည်​​နေပါတယ်​။

ချဲလ်​ဆီးကို​ရောက်​ရှိသွားခဲ့တဲ့ရူဒီဂါရဲ့​နေရာကိုအစားထိုးမယ့်​ကစားသမားကိုရှာ​ဖွေ​နေတဲ့ရိုးမားအသင်းဟာလက်​ရှိမှာ​တော့​နောက်​ခံလူမာမာဒူဆာခိုကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေပြီးလီ​ဗာပူးအသင်းထံချိတ်​ဆက်​ခဲ့တယ်​လို့သိရပါတယ်​။

လီ​ဗာပူး​နောက်​ခံလူကလိုင်​နီဟာ​နောက်​​ကျောဒဏ်​ရာပြသနာနဲ့ရုန်းကန်​​နေရဆဲဖြစ်​တာ​ကြောင့်​လာမည့်​သြဂုတ်​လ၁၂ရက်​​နေ့ဝက်​ဖို့ဒ်​နဲ့ပရီးမီးယားလိဂ်​အဖွင့်​ပွဲကိုလွဲ​ချော်​ဖို့များ​နေပါတယ်​။

ဝင်နယ်ဒန်က​​​​ဟာသာဘာလင်​ကို၃ဂိုးပြတ်​နဲ့နိုင်​ခဲ့တဲ့​ခြေစမ်းပွဲမှာဂိုးထပ်မံသွင်းယူခဲ့တဲ့ဆာလက်​​ဟာမာ​ဆေးဆိုက်​ကလပ်ရဲ့​တင်းကျပ်​မှုမရှိတဲ့ပတ်​ဝန်းကျင်​​ကြောင့်​သူ့အတွက်များစွာ​​အကျိုးရှိလိမ့်​မယ်​လို့​ပြောသွားပါတယ်​။

ကတ်​တလန်​အ​ခြေစိုက်​သတင်းဋ္ဌာနဖြစ်​တဲ့ Sport ရဲ့​ဖော်​ပြချက်​အရ​လီ​​ဗာပူးကွင်းလယ်​လူ​ကော်​တင်​ညိုဟာဘာကာနဲ့ပုဂ္ဂိုလ်​​ရေးဆိုင်​ရာသ​ဘောတူညီမှုရရှိခဲ့တယ်​လို့သိရပြီးလာလီဂါကလပ်​အ​နေနဲ့လီ​ဗာပူးထံ​ပေါင်​၇၆သန်းနဲ့ကမ်းလှမ်း​တော့မယ်​လို့သိရပါတယ်​။

ယာဂန်​က​လော့ဟာ​ကော်​တင်​ညိုကို​ဘာစီလိုနာထံလက်​လွှတ်​ခဲ့ရပါက၎င်းရဲ့​နေရာမှာအစားထိုးရန်​အသင်းရဲ့ကာလရှည်​ပစ်​မှတ်​ဖြစ်​တဲ့​ဒေါ့မွန်​စတားခရစ်​ရှန်​ပူလီဆစ်​ကို​ခေါ်ယူသွားဖို့ပစ်​မှတ်​ထား​နေပါတယ်​။

လီ​ဗာပူးအသင်း​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့ကီတာနဲ့ပက်​သက်​ပြီးRB လိုက်​ပ်​ဇစ်​မန်​​နေဂျာဟတ်​ဆန်​​ဟော့က "နာဘီကီတာအသင်းက​နေထွက်​ခွာမယ့်​အခွင့်​အ​ရေးဟာ သုံညရာခိုင်​နှုန်းပါ။ သူဟာဒီနှစ်​လိုက်​ပ်​ဇစ်​အသင်းအတွက်​ကစား​ပေးပါလိမ့်​မယ်​။" လို့​ပြောသွားပါတယ်​။

လီ​ဗာပူး​နောက်​ခံလူ​ဟောင်းကာ​ရေဂါက​အန်​ဖီးရဲ့ကစားသမားသစ်​အန်​ဒီ​ရောဘတ်​ဆန်​အ​နေနဲ့ဂျိမ်းမီနာရဲ့ဘယ်​​နောက်​ခံ​နေရာကိုရရှိဖို့တစ်​နှစ်​​လောက်​ပြင်းပြင်းထန်​ထန်​ကြိုးစားရမယ်​လို့​ပြောလိုက်​ပါတယ်​။

Sunday, July 30, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================= မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖယ် လေ နီ ကို ဂါလာတာစာရေး အသင်းက ခေါ်ယူဖို့ စိတ် ၀င် စားနေပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပြီးကြောင်းသတင်းထွက် ပေါ်လာခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=============================================

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖယ် လေ နီ ကို ဂါလာတာစာရေး အသင်းက ခေါ်ယူဖို့ စိတ် ၀င် စားနေပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပြီးကြောင်းသတင်းထွက် ပေါ်လာခဲ့ပါတယ် ။

“ဖယ် လေ နီ ဟာ မန်ချက်စတာ ယူနိုက်တက် က နေ ထွက် ခွာပါလိမ့်မယ် ။ အခု သူက ကျွန်တော်တို့ရဲ့ ပစ် မှတ် ဖြစ် လာပါပီ ။ သူနဲ့ ကျွန်တော်တို့ စကားပြောခဲ့ပါတယ် ။ သူ့အတွက် ကမ်းလှမ်းဖို့လည်း ပြင် ဆင် ထားပါ တယ် ။ အဆင် ပြေဖို့လည်း နီးစပ် နေပါပီ ။ တကယ် လို့ ဖယ် လေ နီ ကို ခေါ်နိုင် ခဲ့မယ် ဆိုရင် အန် ဒါယီ ( ဗီလာရီးရဲ ကွင်းလယ်လူ ) အတွက် လုပ်ဆောင် နေတာတွေကို ရပ် လိုက်တော့မှာပါ ။ ကျွန်တော်တို့ဆီမှာ ဖယ် လေ နီ လိုမျိုး ကွင်းလယ် မှာ လွှမ်းမိုးနိုင် တဲ့ ကစားသမားမျိုး လိုအပ် ပါတယ်”
#အာဂန် ( ဂါလာတာစာရေး ဒါရိုက် တာ )

ဖယ် လေ နီ ဟာ ဂါလာတာစာရေး နဲ့ ၅ နှစ် စာချုပ် ချုပ် ဆိုမှာဖြစ် တယ် လို့လည်း တူရကီ အားကစား သတင်းစာတွေက ဖော်ပြလာခဲ့ပါတယ် ။

ယူနိုက်တက် ဟာလည်း ချဲလ်ဆီး ကွင်းလယ်လူ မာတစ် ကို လာမယ့် အပတ် အတွင်းမှာ ခေါ်ယူနိုင် ဖို့ ရှိနေ တယ် လို့လည်း Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ် ။

အန် ဒါဟာရဲရား ရဲ့ အေးဂျင့် ဖြစ် သူ နဲ့ ယူနိုက်တက် အမှုဆောင် ၀ုဒ် ၀က် တို့တွေ့ဆုံပြီး ဟာရဲရား ရဲ့ စာချုပ် သစ် အတွက် ဆွေးနွေးသွားမယ် လို့ သတင်းရရှိပါတယ် ။

ဘာစီလိုနာ အသင်းဟာ နေမာ ထွက် ခွာသွားခဲ့ပါက ယူနိုက်တက် ရဲ့ ပစ် မှတ် ဖြစ် ခဲ့သူ အသက်လက်တီကို မက်ဒရစ် တိုက် စစ် မှုး အန် တိုနီ ဂရစ်ဇ် မန်း ကို ခေါ်ယူဖို့ စီစဉ် နေတယ် လို့ သတင်းထွက် ပေါ်လာခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ICC North America ပြိုင် ပွဲမှာ ဗိုလ် စွဲခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက တော့ ၁ ပွဲ နိုင် ၁ ပွဲသ ရေ ( ပင် နယ် တီဖြင့်နိုင် ) ၁ ပွဲ ရှုံး ရလဒ် နဲ့ ရမှတ် ၅ မှတ် ( နိုင် ၃ + သ ရေ ပင် နယ် တီ နိုင် ၂ ) ရရှိကာ တတိယ နေရာမှာ ၇ပ် တည် နိုင် ခဲ့ပါတယ် ။

ဒေးဗစ် ဒီဂီယာ အသင်းမှာ ဆက် လက် ရှိ နေမှု အ ပေါ် ၀မ်းမြောက် ကျေနပ် မိကြောင်းနဲ့ ဒီဂီယာ နဲ့ မိမိ တို့ဟာ တစ် ဦးကို တစ် ဦး အပြန် အလှန် တိုးတက် အောင် ကူညီနေကြတာဖြစ် တယ် လို့ ဂိုးသမားကြီး ရိုမဲရိုး က ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် ဟာ အန် ဒါလက်ခ်ျ ကွင်းလယ် ကစားသမားလေး ဒန် ဒွန် ကာ ကို ခေါ်ယူဖို့ လည်း စိတ် ၀င် စားနေတယ် လို့ သိရပြီး အန်ဒါလက်ခ်ျ အသင်းက တော့ ယူရို ၂၅ သန်းက နေ သန်း ၃၀ အကြားကမ်းလှမ်း လာမယ် ဆိုရင် လက် ခံ စဉ်းစားဖို့ ရှိတယ် လို့ ဆိုသွားခဲ့ပါတယ် ။

၂၀၁၀ ခုနှစ် လူငယ် FA Cup ကို လင် ဂတ် ၊ ပေါ့ဘာ တို့နဲ့ အတူ ရယူခဲ့ဖူးတဲ့ ယူနိုက်တက် လူငယ် ကစားသမားဟောင်း ရိုင် ယန် တန် နီ ကလစ်ဖ် ဟာ ဖူလ် ဟမ် အသင်းက နေ ထွက် ခွာလာအပြီးမှာ မီဝေါ အသင်းထံ ၂ နှစ် စာချုပ်ဖြင့် ရောက် ရှိသွားခဲ့ပြီလို့ သတင်းကြားသိရပါတယ် ။

ယူနိုက်တက် ရဲ့ ယခုနွေရာသီပစ် မှတ် ဖြစ် သူ အိုင် ဗန် ပါရီဆစ် က တော့ ယမန်နေ့က ချဲလ်ဆီး အသင်းနဲ့ ပွဲမှာ အင် တာမီလန် အတွက် ခြေစွမ်းပြခဲ့ပြီး ၁ ဂိုးသွင်းယူနိုင် ခဲ့ပါတယ် ။ အင် တာ နည်းပြ စပါယ် လက် တီ က တော့ ပါရီဆစ် အတွက် အ ပြောင်းအ ရွှေ့ ကိစ္စတွေဟာ အဆုံးသတ် သွားပြီဖြစ် ကာ အသင်းမှာသာဆက် ရှိနေမှာဖြစ် တယ် လို့ ပြောဆိုထားခဲ့ပါတယ် ။

ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ ဂျုဗင် တပ် တို့ စိတ် ၀င် စားနေတဲ့ ရိုးမားနောက် ခံလူ မာနိုလက်စ် ဟာ အသင်းမှာ သာဆက် လက် ရှိနေမယ် လို့ ရိုးမား အားကစားးဒါရိုက် တာ မွန် ချီ က ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် လူငယ်လေး ဒီဗွန် တီ ရက် မွန်း က တော့ စကန် သရုပ် အသင်းထံ ဇန် န၀ါရီအထိ အငှား ပြောင်း ရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယ နေ့ည မြန်မာစံတော် ချိန် ၁၁း၃၀ နာရီမှာ ဗယ် လာရန် ဂါ အသင်းနဲ့ နော် ဝေ မှာ ခြေစမ်းပွဲကစားမှာဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ဗယ် လာရန် ဂါ နဲ့ ၂၀၁၂ ခုနှစ် က ပထမဆုံးအကြိမ် ခြေစမ်းကစားခဲ့ဖူးပြီး ဂိုးမရှိ သ ရေကျခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ပါဝင် ကစားခဲ့သူတွေ အနက် ဗလင် စီယာ ၊ ကာရစ် ၊ လင် ဂတ် နဲ့ အက် ရှ် လေယန်း တို့သာ အသင်းမှာ ရှိတော့ပြီး ဒေးဗစ် ဒီဂီယာ နဲ့ ဂျုံးစ် တို့က တော့ အရန် ကစားသမားတွေအဖြစ် ပွဲကြည့်ခဲ့၇ပါတယ် ။

Saturday, July 29, 2017

"စနေနေ့ အားကစား သတင်းများ" ==================== ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီး ၅နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့ ဗြိတိန်ထုတ် Metro သတင်းစာက ဖော်ပြနေပါတယ်။

"စနေနေ့ အားကစား သတင်းများ"
====================

ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းအကြား သဘောတူညီမှုရခဲ့ပြီး ၅နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်တယ်လို့  ဗြိတိန်ထုတ် Metro သတင်းစာက ဖော်ပြနေပါတယ်။ နေမာရဲ့ဖခင်ဖြစ်သူဟာ ပီအက်စ်ဂျီ၊ ဘာစီလိုနာအသင်းတွေနဲ့  ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နေမာဟာ လာမယ့် တင်္နလာ၊ အင်္ဂါနေ့မှာ အပြီးသတ် ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။  ပီအက်စ်ဂျီဟာ နေမာရဲ့ လျော်ကြေးငွေ စာချုပ် ပေါင် ၁၉၇သန်းကို ငွေသားနဲ့ ကစားသမား သမားအလိုက် ပေးချေ ဖို့အလိုရှိနေပြီး  တောင်ပံကစားသမား ဒီမာရီယာကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကတော့ နေမာ ထွက်ခွာခဲ့ပါကာ လီဗာပူးလ်က ကော်တင်ညို၊ ချယ်လ်ဆီးက ဟ့ဇက်နဲ့ စပါးက ဒယ်လီအာလီတို့ တစ်ဦးဦးနဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာစီးတီးဟာ အာဆင်နယ်ရဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို တစ်ပတ် ပေါင် ၃သိန်း ၂သောင်းအထိ လစာပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပြီး အာဆင်နယ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ ကြိုးစားနေပါတယ်။

မိုနာကိုအသင်းဟာ သောမတ်စ် လမာအတွက် အာဆင်နယ်က ကမ်းလှမ်းတဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ အာဆင်နယ်ဟာ လမာအတွက် ပေါင် သန်း ၅၀နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ သဘောတူညီမှုရထားတဲ့ ပေါ်တူဂီ လူငယ် ကစားသမား ရီနာတို ဆန်းချက်ဇ်ကို ချယ်လ်ဆီးက ကြားဖြတ် ခေါ်ယူနိုင်ဖို့ ဘိုင်ယန်အသင်းကို ဆက်သွယ်ခဲ့တယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။ ချယ်လ်ဆီးဟာ အေစီမီလန်ပေးထားတဲ့ ပေါင် ၃၅သန်းထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

မိုင်ယာမီမှာ ကစားမယ့် ရီးယဲယ်နဲ့ ဘာစီလိုနာတို့နှစ်သင်းရဲ့ El Clasico ပွဲလက်မှတ်အားလုံး ရောင်းကုန်ခဲ့ပြီလို့ ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ အဲ့ဒီပွဲကို အမေရိကန် ဒေါ်လာ အနည်းဆုံး ၉၀၀ ကျော်အထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒေါ့မန်အသင်းရဲ့ စပိန်အလယ်တန်းလူ မီခယ် မီရီနိုကို တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ရီယက် မားရက်ဇ်အတွက် ရိုးမားရဲ့ ဒုတိယအကြိမ် ပေါင် ၂၇သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ မားရက်ဇ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့လိုနေပြီး အာစင်ဝင်းဂါးရဲ့ ကမ်းလှမ်းမှုကို စောင့်နေတယ်လို့ မီဒီယာတွေကို ပြီးခဲ့တဲ့ တစ်ပတ် ပြောဆိုခဲ့ဖူးပါတယ်။

အင်တာမီလန်အသင်းဟာ ပရာဆစ်အတွက် အနည်းဆုံး ပေါင် ၄၅သန်း အပြင် လူငယ်တိုက်စစ်မှူး မာရှယ်လ်ကို တစ်ရာသီ အငှားနဲ့ အလိုရှိနေပါ တယ်။ မန်ယူက အင်တာမီလန် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပြင်းဖို့ ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ဟာ အဆုံးသတ်ဖို့ များနေ ပါတယ်။

မနေ့ကအထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေးကူးပြိုင်ပွဲမှာ အမေရိကန်အသင်းက ရွှေ ၁၂၊ ငွေ ၁၂၊ ကြေး၈ခု၊  စုစုပေါင်း ဆုတံဆိပ် ၃၂ခုနဲ့ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် တက်လာနိုင်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ အသင်းလိုက် မီတာ ၂၀၀ ၄ယောက်တွဲမှာ အမျိုးသားမှာ ဂရိတ်ဗြိတိန်နဲ့ အမျိုးသမီးမှာ အမေရိကန်အသင်းတို့က ဗိုလ်စွဲခဲ့ကြပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဟန်ဂေရီ ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ အကြို စမ်းသတ်မောင်းနှင်မှုမှာ ရက်ဘူးလ်အသင်းက ရီကာဒို အမြန်ဆုံး စံချိန်ရခဲ့ ပါတယ်။ 

Credit BBC

Friday, July 28, 2017

ချဲလ်ဆီး သတင်းတိုများ ============================================== ချဲလ်ဆီး အသင်းဟာ အာရှ ခရီးစဉ် နောက် ဆုံးပွဲစဉ် အဖြစ် အင် တာမီလန် အသင်းနဲ့ ည နေ့ည နေ မြန်မာစံတော် ချိန် ၆း၀၅ နာရီ မှာ ယှဉ်ပြိုင် ကစားမှာဖြစ် ပါတယ်

ချဲလ်ဆီး သတင်းတိုများ

==============================================

ချဲလ်ဆီး အသင်းဟာ အာရှ ခရီးစဉ် နောက် ဆုံးပွဲစဉ် အဖြစ် အင် တာမီလန် အသင်းနဲ့ ည နေ့ည နေ မြန်မာစံတော် ချိန် ၆း၀၅ နာရီ မှာ ယှဉ်ပြိုင် ကစားမှာဖြစ် ပါတယ်

Thursday, July 27, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================== မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပ တေး နေ့နံနက် ပိုင်းက ဘာစီလိုနာ အသင်းနဲ့ ၀ါရှင် တန် မှာ ICC ဖလားပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး နေမာ ရဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

==============================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပ တေး နေ့နံနက် ပိုင်းက ဘာစီလိုနာ အသင်းနဲ့ ၀ါရှင် တန် မှာ ICC ဖလားပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး နေမာ ရဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

လက် ရှိမှာတော့ ယူနိုက်တက် အသင်းဟာ အင်္ဂလန် ကို ပြန် လည် ရောက် ရှိလာကြပြီဖြစ် ကာ နော် ဝေ ခြေစမ်းပွဲ အတွက် ပြင် ဆင် ကြ တော့မှာဖြစ် ပါတယ် ။

ပေါ့ဘာ က တော့ ဘာစီလိုနာ နဲ့ ပွဲအပြီးမှာ ဘာကာတိုက် စစ် မှုး မက် ဆီ နဲ့ အကျီလဲလှယ် ခဲ့သလို ဘာကာ တိုက် စစ် မှုး နေမာ နဲ့လည်း ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့တာကို တွေ့မြင် ခဲ့၇ပါတယ် ။

“ကျွန်တော်တို့ ပြိုင် ဘက် ကို ဖိအားပေးနိုင် ခဲ့ပါတယ် ။ အခွင့်အ ရေးတွေ ရခဲ့ပြီး ကျွန်တော် တို့ ဂိုးရခဲ့သင့် ပါတယ် ။ နောက်တန်းမှာတော့ ဂျုံးစ် နဲ့ ဘေလီ က ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်”

“ဘေလီ က ချန် ပီယံ လိဂ် အဖွင့်ပွဲနဲ့ စူပါဖလားတို့ကို မပါဝင် နိုင် တော့ပါဘူး ။ ဒါကြောင့် လင် ဒီလော့ဖ် နဲ့ စ မောလင်းတို့ကို တွဲပေးရတဲ့အ ကြောင်းအရင်းကို ရက် နည်းနည်းကြာရင် သိလာမှာပါ”
#ဟိုဆေးမော်ရင်ဟို

ယူနိုက်တက် တောင် ပံ ကစားသမားလေး လင် ဂတ် ဟာ ကြွက် သား ပင် ပန်းညောင်းညာမှု ဒဏ် ကို ခံစားခဲ့ ရတယ် လို့သတင်းရရှိပြီး နော် ဝေ ခရီးစဉ် မှာ လိုက် ပါ မသွားဖို့ များတယ် လို့ ကြားသိရပါတယ် ။

လက် ရှိ ဒဏ် ရာရ နေသူတွေအနက် လုခ် ရှော ဟာ အမြန်ဆုံးပြန် ပါဝင် လာနိုင် မယ့်သူဖြစ် တယ် ဆိုတာ ကို မော် ရင် ဟို ထပ် မံ အတည်ပြုသွားခဲ့သလို တိုက် စစ် မှုးကြီး ဇလာတန် အသင်းထံ ပြန် လာနိုင် ခြေ ရှိ ကြောင်းကိုလည်း အရိပ် မြွက် ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရှဝိန်းစတိုင် ဂါ က တော့ ရီးရဲမက်ဒရစ် အသင်းနဲ့ ကစားမယ့် MLS All-Star ( မေဂျာလိဂ် ညွှန့်ပေါင်း အသင်း ) ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူ ကစားမှာဖြစ် ပါတယ် ။

ယူနိုက်တက် အသင်းဟာ အဲဗာတန် က နေ ထွက် ခွာဖို့ သေချာ သ လောက် ရှိနေတဲ့ ကွင်းလယ်လူ ရော့စ် ဘာက လေ ကို စောင့်ကြည့် နေသလို ဂျာမန် ကလပ် RB လစ်ပ်ဇစ် အသင်းရဲ့ တောင် ပံ ကစားသမားလေး ဖော့ဘတ် ကိုလည်း စောင့်ကြည့်နေတယ် လို့ သိရပါတယ် ။

ဟိုဆေး မော် ရင် ဟို ဟာ ကွင်းလယ် ခံစစ် သမား နဲ့ ဖန် တီးနိုင် စွမ်းမြင့်မားတဲ့ တောင် ပံ ကစားသမားတစ် ဦး ကို ခေါ်ယူဖို့ အလိုရှိနေပြီး အ ပြောင်းအ ရွှေ့ မပိတ် သိမ်းမီ တစ် ဦးကို အနည်းဆုံး ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ် လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇူလိုင် ၃၀ ရက် နေ့မှာ ဗယ် လာရန် ဂါ အသင်းနဲ့ နော် ဝေ နိုင် ငံ မှာ ခြေစမ်းပွဲ ကစားမှာဖြစ် ပါတယ် ။ အဲ့ဒီနောက် သြဂုတ် ၂ ရက် နေ့မှာတော့ ဆမ့်ဒိုးရီးယား အသင်းနဲ့ အိုင် ယာလန် နိုင် ငံ ဒပ် ဗလင် မြို့မှာ ခြေစမ်းဦးမှာဖြစ် ကာ သြဂုတ် ၈ ရက် နေ့မှာ တော့ ရီးရဲမက်ဒရစ် အသင်းနဲ့ ဥရောပ စူပါဖလားကို အပြိုင် လုကြရမှာဖြစ် ပါတယ် ။ သြဂုတ် ၁၃ ရက် နေ့မှာတော့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ၀က်စ်ဟမ်း အသင်းနဲ့ စတင် ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ခင် ဗျာ ။

Wednesday, July 26, 2017

မန်ချက်စတာ စီးတီး သတင်းတိုများ =========================================== မန်ချက်စတာ စီးတီးဟာ မနက်ဖြန် နံနက် ၉း၃၀ နာရီမှာ ICC ဖလားပွဲအဖြစ် ရီးရဲမက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

မန်ချက်စတာ စီးတီး သတင်းတိုများ

===========================================

မန်ချက်စတာ စီးတီးဟာ မနက်ဖြန် နံနက် ၉း၃၀ နာရီမှာ ICC ဖလားပွဲအဖြစ် ရီးရဲမက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ရဲ့ သတင်းစာရှင်းလင်းပွဲက စကားများကိုပြန် လည် ဖော်ပြ ပေးလိုက် ပါတယ် -

“အမ် ဘတ် ပီ က အခုထိ မိုနာကို ကစားသမားပဲရှိပါသေးတယ် ။ ဒါကြောင့် ဘာမဆိုဖြစ် လာနိုင် ပါတယ် ။ ဒါမှမဟုတ် အသင်းမှာလည်း ဆက် ရှိချင် ရှိနိုင် ပါတယ်”

“ဒါနီလို ဟာ ညာ ရော ဘယ် နောက် ခံလူ အပြင် ကွင်းလယ် မှာ ပါ ကစားနိုင် ပါတယ် ။ သူက နေ ရာ တော် တော် များများ ကစားနိုင် တာက ကျွန်တော့အတွက် နှစ် သက် စရာဖြစ် ခဲ့ပါတယ်”

“မန် ဒီ က တော့ ကာယအားကောင်းတဲ့ ကစားသမားပါ ။ တိုက် စစ် လည်း လိုက် နိုင် ပါတယ် ။ ငယ်ရွယ်ပြီး ပျော် ပျော် နေတက် တဲ့သူပါ ။ ကျွန်တော်တို့ ဆီကို လာဖို့ သူဆုံးဖြတ် ခဲ့တဲ့ အတွက် ကျွန်တော် ၀မ်းမြောက် မိ ပါတယ်”

“အ ပြောင်းအလဲတွေ အများကြီးလုပ် ခဲ့ရတာက ကျွန်တော့အသင်းက အို နေပြီမို့လို့ပါ ။ အခု လက် ရှိ အတွက် ရော အနာဂါတ် အတွက် ပါ အကျိုးရှိစေမယ့် လူငယ် ကစားသမားတွေ နဲ့ အသင်းကို ပြောင်းလဲချင် တဲ့အတွက် အခုလို အများကြီး ခေါ်ယူခဲ့တာပါပဲ”
#ပက်ဂွာဒီယိုလာ ( မန်ချက်စတာ စီးတီး နည်းပြ )

“ကျွန်တော် ဒါနီလို နဲ့ အီဒါဆင် တို့ကို ဘာသာပြန် လုပ်ပေးနေရပါတယ် ။ အထူးသဖြင့် အသင်းအစည်းအ ဝေး တွေမှာ ၊ အသင်းသားတွေနဲ့ မိတ် ဆက် တဲ့ အခါမျိုးတွေမှာပေါ့ ။ သူတို့အ နေနဲ့ အသားကျဖို့ အချိန် ပေးရ ဦးမယ်လေ ။ အင်္ဂလန် ကို ရောက် လာတာက ကွင်းထဲမှာတင် မဟုတ် ပါဘူး ။ ပြင် ပ လူနေမှုမှာပါ မတူခြားနား တဲ့ စိန် ခေါ်မှုတွေအပြည့် ရှိနေပါတယ် ။ ရာသီဥတုကလည်း ကွာခြားပါတယ် ။ အီဒါဆင် ရော ဒါနီလို ရော အင်္ဂလန် ထက် ပိုပူနွေးတဲ့ နိုင် ငံ တွေက နေ ရောက် လာကြတာပါ ။ သူတို့ ဒီမှာ အချိန် ယူရပါဦးမယ်”
#ဖာနန်ဒင်ဟို

“ကျွန်တော် ဘင် ဂျမင် ( မန်ဒီ ) ကို ကောင်းကောင်းသိပါတယ် ။ သူက ကျွန်တော့လို ပြင် သစ် စကား ပြောသလို ကျွန်တော့ရဲ့ အသင်းဟောင်း ( မိုနာကို ) မှာ ကစားခဲ့တဲ့သူပါ ။ သူ့ရဲ့ ကာယပိုင်း က ဒီမှာ အောင်မြင် ဖို့ အ ထောက် အကူပြုပေးနိုင် မှာပါ ။ စီးတီး နဲ့ ပွဲတွေကစားဖို့ သူ အရမ်း စိတ် လှုပ် ရှားနေပါပီ”
#ယာယာတိုရေး

“ကျွန်တော် ကွန် ဖက် ဒ ရေးရှင်းပြိုင် ပွဲကို လွဲခဲ့ရတဲ့အ ကြောင်းက နှာခေါင်းမှာ အ သေးစားခွဲစိတ် မှု လုပ် ခဲ့ရ တာကြောင့်ပါ ။ အခု ခွဲစိတ် မှုပြီးတာနဲ့ အသင်းမှာ ပြန် ကစားနိုင် ပီလို့ နည်းပြ ကို အသိပေးခဲ့တာပါ”
“မနှစ် က ရီးရဲမက်ဒရစ် ဟာ အလွန် ကောင်းအောင် ကစားနိုင် ခဲ့ပါတယ် ။ အဲ့တုန်းက တော့ သူတို့ဟာ ဥရောပ ရဲ့အ ကောင်းဆုံးအသင်းပါပဲ ။ ဒီရာသီမှာတော့ အရာအားလုံးအသစ် က ပြန် စ ပါပီ ။ ကျွန်တော်တို့ လည်း အတူတကွကြိုးစားပြီး သူတို့ လုပ် သလို လုပ်ပြနိုင် မယ် လို့ ယုံကြည် ထားပါတယ်”
#ဆာနေး

မန်စီးတီး အသင်းဟာ လာမယ့် ရာသီမှာ သူတို့ ၀တ် ဆင် မယ့် တတိယ ၀တ် စုံကို ထုတ် ဖော်ပြသခဲ့ပါတယ် ။ အဆိုပါ ၀တ် စုံဟာ ၁၉၆၇-၆၈ ဘောလုံးရာသီ က အမှတ်ပေးချန် ပီယံဖြစ် ခဲ့တဲ့ ၀တ် စုံ ဆီက နေ ပြန် လည် အညွှန်းပြုထားတာဖြစ် တယ် လို့ သိရပါတယ် ။

မန်စီးတီး ကစာားသမား ဂျိမ်းစ် ဟော့စ် ဖီးလ် က တော့ နယ် သာလန် ကလပ် ဘရာဒါ ထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

ဒါနီလို က တော့ သူ့ရဲ့အနှစ် သက် ဆုံး နေ ရာဟာ ညာ နောက် ခံလူ နေရာဖြစ် တယ်လို့ ဆိုသွားခဲ့ပါတယ် ။

လီဗာပူးသတင်းတိုများ ****************** စပိန်အားကစားသတင်းစာဖြစ်တဲ့စပေါ့ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေဟာလီဗာပူးကြယ်ပွင့်ဖိလစ်ပီကော်တင်ညိုရဲ့အပြောင်းအရွေ့ကိစ္စတွေကိုလုပ်ဆောင်ရန်လန်ဒန်ကိုရောက်၇ှိနေပြီလို့သိရပြီးဘရာဇီးလက်ရွေးစင်အတွက်ယူရိုသန်း၁၀၀နဲ့ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

လီဗာပူးသတင်းတိုများ
******************
စပိန်အားကစားသတင်းစာဖြစ်တဲ့စပေါ့ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေဟာလီဗာပူးကြယ်ပွင့်ဖိလစ်ပီကော်တင်ညိုရဲ့အပြောင်းအရွေ့ကိစ္စတွေကိုလုပ်ဆောင်ရန်လန်ဒန်ကိုရောက်၇ှိနေပြီလို့သိရပြီးဘရာဇီးလက်ရွေးစင်အတွက်ယူရိုသန်း၁၀၀နဲ့ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

လီဗာပူးနည်းပြယာဂန်ကလော့ကသူ့အနေနဲ့ငွေကြေးသုံးစွဲဖို့တွန့်ဆုတ်နေတာမဟုတ်ဘဲအသင်းမှာရှိတဲ့ကစားသမားတွေထက်ပိုမိုကောင်းမွန်တဲ့သူကိုရှာဖွေနေလို့ဖြစ်တယ်လို့ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီကဒဏ်ရာတွေရရှိခဲ့တဲ့ဒန်နီအင့် ဆာဒီယိုမာနေးတို့ဟာမနေ့ပြုလုပ်ခဲ့တဲ့လီဗာပူးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှအပြည့်အ၀ပါဝင်သွားခဲ့ကြပါတယ်။

စကိုင်းစပေါ့ရဲ့ဖော်ပြချက်အရလီဗာပူးအသင်းဟာဆောက်သမ်တန်မှထွက်ခွာခွင့်ပြုဖို့တောင်းဆိုခဲ့တဲ့နောက်ခံလူဗာဂေးလ်ဗန်ဒိုက်ကိုယခုနွေရာသီအပြောင်းအရွေ့ကာလမကုန်ဆုံးမီခေါ်ယူနိုင်လိမ့်မယ်လို့သိရပါတယ်။

လီဗာပူးဟာနာဘီကီတာအတွက်RB လိုက်ပ်ဇစ်ထံပေါင်၇၅သန်းနဲ့တတိယအကြိမ်ကမ်းလှမ်းတော့မယ်လို့သတင်းတွေထွက်နေပေမယ့်လည်းပရီးမီးယားလိဂ်ကလပ်ဟာကီတာကိုကမ်းလှမ်းတော့မှာမဟုတ်ဘဲလာမည့်၇ာသီအထိစောင့်ဆိုင်းသွားမယ်လို့သိရပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းဟာမာမာဒူဆာခိုကိုစိတ်ဝင်စားလျက်၇ှိနေပေမယ့်လီဗာပူးအသင်းဘက်ကတော့ပြင်သစ်နောက်ခံလူကိုအမြဲတမ်းစာချုပ်နဲ့ခေါ်ယူမှသာလက်လွှတ်သွားမယ်လို့ပြောလိုက်ပါတယ်။

လီဗာပူးမှာအနာဂတ်မရှိတော့တဲ့တောင်ပံကစားသမားလာဇာမာကိုဗစ်ကိုမာကိုဆေးလ်ဗားရဲ့ဝက်ဖို့ဒ်အသင်းအပြင်ဟူးစီးတီးအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ဟူးစီးတီးကိုပြောင်းရွေ့သွားခဲ့တဲ့ကယ်ဗင်စတီးဝပ်က “တစ်နှစ်မှာငါးပွဲ ဆယ်ပွဲလောက်သာကစားခွင့်ရမှာဖြစ်တာကြောင့်ကျွန်တော်လီဗာပူးမှာနောက်တစ်နှစ်ဆက်မနေချင်တော့ပါဘူး။ ဒါဟာကစားသမားဘ၀နောက်တဆင့်တက်ချင်တဲ့ကျွန်တော့်အတွက်လုံလောက်မှုမရှိပါဘူး။  ဒါကိုကျွန်တော်ဒီမှာလုပ်ပြသွားမှာပါ။” လို့ပြောသွားပါတယ်။

လီဗာပူးအသင်းဟာလီဝန်ဒေါစကီးလက်သစ်လို့ကျော်ကြားနေတဲ့ပိုလန်ကလပ်လီဂီယာဝါဆောအသင်းရဲ့အသက်၁၈နှစ်အရွယ်တိုက်စစ်မှုးဆီဘတ်စတီယန်ဆက်မန်စကီးကိုခေါ်ယူဖို့လှုပ်ရှားလျက်ရှိနေပါတယ်။

ဟယ်ဒါဖီးတောင်းအသင်းရဲ့မန်နေဂျာဒေးဗစ်ဝါနာကနည်းပြယာဂန်ကလော့ရဲ့လီဗာပူးအသင်းဟာယခုနှစ်မှာပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================= မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန် နံနက် မြန်မာစံတော် ချိန် ၆ နာရီ မှာ အ မေရိက ခရီးစဉ် ရဲ့ နောက် ဆုံးပွဲစဉ် အဖြစ် ဘာစီလိုနာ အသင်းနဲ့ ရင် ဆိုင် ကစားသွားမှာဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=============================================

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန် နံနက် မြန်မာစံတော် ချိန် ၆ နာရီ မှာ အ မေရိက ခရီးစဉ် ရဲ့ နောက် ဆုံးပွဲစဉ် အဖြစ် ဘာစီလိုနာ အသင်းနဲ့ ရင် ဆိုင် ကစားသွားမှာဖြစ် ပါတယ် ။

အဆိုပါ ပွဲမတိုင် မီမှာ ပြုလုပ် ခဲ့တဲ့ ယူနိုက်တက် နည်းပြကြီး မော် ရင် ဟို ရဲ့ သတင်းစာရှင်းလင်းပွဲက စကား တွေကိုပြန် လည် ဖော်ပြ ပေးလိုက် ပါတယ် -

“မာတာ နဲ့ ဟာရဲရား တို့က တော့ ဘာစီလိုနာနဲ့ ပွဲမှာ ပါဝင်နိုင် မှာ မဟုတ် ပါဘူး ။ ဒါပေမယ့် နောက် စ နေ နေ့ လောက် ဆိုရင် တော့ အသင်းနဲ့ ပြန် ပါကောင်းပါလာနိုင် ပါတယ် ။ ဗယ် လာရန် ဂါ နဲ့ နော် ဝေ မှာ ခြေစမ်းမယ့် ပွဲမှာ သူတို့ ပြန် ကစားနိုင် ခြေ ရှိပါတယ်”

“အ မေရိက ခရီးစဉ် ကို အ ကောင်းဆုံးနည်းလမ်းနဲ့ အဆုံးသတ် ကြမှာပါ ။ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့လိုအ ကောင်းဆုံးအသင်းတွေ ၊ အ ကောင်းဆုံးကစားသမားတွေကို ယှဉ်ပြိုင် ရင်းပေါ့”

“ကျွန်တော် ကစားသမား ၂ ယောက် လောက် ထပ်လိုချင် ပါသေးတယ် ။ အသင်းအတွက် ဟန် ချက် မျှ တ အောင် ထိန်းသိမ်းနိုင် တဲ့ ကွင်းလယ်လူ တစ် ယောက် နဲ့ နောက် တစ် ယောက် က တော့ တိုက် စစ် အားသန် တဲ့သူ ၊ ဖြစ်နိုင် ရင် တော့ တောင် ပံ ကစားသမားတစ်ယောက် ပေါ့ ။ တိုက် စစ် အတွက်ပိုပြီး အားဖြည့် ချင် တဲ့ သ ဘောပါ”

“ဒါပေမယ့် ကျွန်တော် လက် ရှိအသင်းသားတွေနဲ့လည်း ပျော် ရွှင် နေပါတယ် ။ ကျွန်တော့လက် ရှိလူတွေကို ကျွန်တော် သ ဘောကျပါတယ် ။ လက် ရှိအသင်းကို အားရပါတယ် ။ ဒါကြောင့် ကျွန်တော် ခပ်အေးအေးပါပဲ”
#ဟိုဆေးမော်ရင်ဟို

ယူနိုက်တက် က စိတ် ၀င် စားနေတဲ့ ဘိုင်ယန် ကွင်းလယ်လူ ရီနာတို ဆန်းချက် က တော့ အေစီမီလန် အသင်းရဲ့ စီမံကိန်းတွေကို စိတ် ၀င် စားနေ ကြောင်း ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် နဲ့ တော့တင် ဟမ် ဟော့စပါး အသင်းတို့ဟာ ဘာကန် အသင်းရဲ့ အသက် ၁၆ နှစ် အရွယ် တူရကီ ကစားသမားလေး အီဘရာဟင် ပိုလတ် ကို စောင့်ကြည့်နေကြတယ် လို့ သတင်းရရှိပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ က တော့ တိုက် စစ်မှုးဟောင်း ဇလာတန် ဟာ အသင်းအ ပေါ် လွှမ်းမိုးမှု ရှိနေဆဲ ဖြစ် တယ် လို့ ဆိုသွားခဲ့ပါတယ် ။ ဇလာတန် ဟာ လက် ရှိအချိန် အထိ အသင်းသစ် ကို ပြောင်းရွှေ့မှု မပြုလုပ်သေးပဲ ဒဏ် ရာက သက် သာလာချိန် မှာ ယူနိုက်တက် အသင်းထံ ပြန် လည် ပူးပေါင်းလာနိုင် ခြေ ရှိတယ် လို့ သတင်းတွေ ထွက် ပေါ်နေပါတယ် ။

Super Cup NI ကိုပါဝင် ယှဉ်ပြိုင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် ယူ-၁၅ အသင်းဟာ ဖရီမာနက် အသင်းကို ၄-၂ ဖြင့် အနိုင် ကစားနိုင် ခဲ့တယ် လို့ သိရပါတယ် ။

“အချို့ကလပ်တွေက ငွေတွေ အများကြီးပေးပြီး ကစားသမားတွေကို အလျှံအပယ် ခေါ်ယူခဲ့ကြပါတယ် ။ ဒါက ပုံမှန် မဟုတ် တဲ့ ၊ ထိန်းချုပ် ရခက် ခဲတဲ့ အ ပြောင်းအ ရွှေ့ ဈေးကွက် ကို ဖြစ် စေခဲ့တာပါ”
#မော်ရင်ဟို