စာအုပ်နှင့်သီချင်းlink: မန်စီးတီး သတင်းတိုများ ================== မိုနာကို နောက်ခံလူ မန်ဒီကတော့ သူ့ခေါင်းမှာ M ဆိုတဲ့ စာလုံးကို ပုံဖော်ပြီး လူမှုကွန်ယက်ပေါ် တင်လိုက်ပါတယ်။ Man City ကို ပြောင်းတော့မယ်လို့ ရည်ညွှန်းလိုက်တာလား?

Search This Blog

Wednesday, July 12, 2017

မန်စီးတီး သတင်းတိုများ ================== မိုနာကို နောက်ခံလူ မန်ဒီကတော့ သူ့ခေါင်းမှာ M ဆိုတဲ့ စာလုံးကို ပုံဖော်ပြီး လူမှုကွန်ယက်ပေါ် တင်လိုက်ပါတယ်။ Man City ကို ပြောင်းတော့မယ်လို့ ရည်ညွှန်းလိုက်တာလား?

မန်စီးတီး သတင်းတိုများ
==================

မိုနာကို နောက်ခံလူ မန်ဒီကတော့ သူ့ခေါင်းမှာ M ဆိုတဲ့ စာလုံးကို ပုံဖော်ပြီး လူမှုကွန်ယက်ပေါ် တင်လိုက်ပါတယ်။ Man City ကို ပြောင်းတော့မယ်လို့ ရည်ညွှန်းလိုက်တာလား?

19 နှစ်အရွယ် လူငယ်နောက်ခံလူ အဒါရာ ဘိုင်ယိုယိုကိုတော့ ပရီးမီးယားလိဂ် ကလပ်အချို့နဲ့ ချန်ပီယံရှစ် ကလပ် အချို့တို့က အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလျှက်ရှိနေပါတယ်။

ဝေါ်ကာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 40 အထက် တိုးမြှင့် ကမ်းလှမ်းထားခြင်း မရှိသေးသော်လဲ စီးတီးဟာ အဆိုပါ စပါးနောက်ခံလူကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေရှိနေဆဲပဲလို့ လန်ဒန်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ဆဲတစ်အသင်းဟာ စီးတီးရဲ့ အသက် 21 နှစ်အရွယ် ကစားသမား အန်ချန်ကို ပေါင် 4.5 သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

PSG အသင်းရဲ့နောက်ခံလူ အော်ရီရာကို ခေါ်ယူဖို့ စီးတီးက စိတ်ဝင်စားနေပါတယ်။ ကစားသမားဟာ အဲလ်ဗက်ရောက်လာခဲ့ပါက အသင်းမှာ နေရာမရမှာ စိုးရိမ်နေတယ်လို့ ပြင်သစ်သတင်းတွေက ဆိုပါတယ်။

စီးတီးက အဲလ်ဗက်ကို တစ်ပတ်လုပ်ခ ပေါင် 100000 နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး PSG ကတော့ ပေါင် 230000 နဲ့ ကမ်းလှမ်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

စီးတီးဟာ စပို့တင်း ကွင်းလယ်လူ ကာဗယ်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ဖာနန်ဒိုကို အလိုက်ပေးသွားဖွယ် ရှိနေပါတယ်။

ဘရာဇီးကလပ် ဗက်စကို အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဒေါက်ကလပ် လူးဝစ်ကို ယူရို 16 သန်း ဝန်းကျင်နဲ့ စီးတီးက ခေါ်ယူတော့မယ်လို့ သိရပါတယ်။

နာဆရီရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားဟာ တရုတ်ကလပ်တွေနဲ့ စီးရီးအေ ကလပ်တွေဆီ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

No comments:

Post a Comment