စာအုပ်နှင့်သီချင်းlink: အာဆင် နယ် သတင်းတိုများ ============================================= အာဆင် နယ် အသင်းဟာ ယ နေ့ ည နေ မြန်မာစံတော် ချိန် ၅း၅၀ အချိန် မှာ ဘိုင်ယန်မြုးနစ် အသင်းနဲ့ ICC ဖလားပွဲကို ရှန်ဟိုင်း ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

Search This Blog

Wednesday, July 19, 2017

အာဆင် နယ် သတင်းတိုများ ============================================= အာဆင် နယ် အသင်းဟာ ယ နေ့ ည နေ မြန်မာစံတော် ချိန် ၅း၅၀ အချိန် မှာ ဘိုင်ယန်မြုးနစ် အသင်းနဲ့ ICC ဖလားပွဲကို ရှန်ဟိုင်း ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

အာဆင် နယ် သတင်းတိုများ

=============================================

အာဆင် နယ် အသင်းဟာ ယ နေ့ ည နေ မြန်မာစံတော် ချိန် ၅း၅၀ အချိန် မှာ ဘိုင်ယန်မြုးနစ် အသင်းနဲ့ ICC ဖလားပွဲကို ရှန်ဟိုင်း ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

ဂန်းနား တို့ဟာ ရှန်ဟိုင်းကို ပြီးခဲ့တဲ့ နေ့ကတည်းက ရောက် ရှိနေခဲ့ပြီး ဘိုင်ယန်မြုးနစ် အသင်းသားတွေနဲ့ အတူတူ လေ့ကျင့်ခန်းဆင်းခဲ့ကြပြီးဖြစ် ပါတယ် ။

အာဆင် နယ် ကွင်းလယ်လူ အိုဇေးလ် နဲ့ ပီတာဆက်ခ်ျ တို့ က တော့ ရှန်ဟိုင်း ကို ရောက် ရှိစဉ် အတွင်း Puma ရဲ့ ထုတ်ကုန် သစ် မိတ် ဆက် ပွဲမှာ ပါဝင် ပေးခဲ့ပါတယ် ။

နည်းပြကြီး အာဆင် ၀င်းဂါးဟာလည်း ရှန်ဟိုင်း တက္ကသိုလ် ကျောင်းသားများနဲ့ တွေ့ဆုံပွဲ တစ် ခုပြုလုပ် ခဲ့ ပါတယ် ။

အာဆင် နယ် ကွင်းလယ်လူ ၀ီလ် ရှိုင်းယား ကို ဆမ့်ဒိုးရီးယား အသင်းက ပေါင် ၆ သန်း + ၁.၅ သန်း အပိုဆု ကြေး ဖြင့် ကမ်းလှမ်းခဲ့တယ် လို့ သိရပါတယ် ။

အာဆင် နယ် အသင်းက အလိုရှိနေတဲ့ သောမတ်စ် လီမာ အတွက် ပေါင် သန်း ၈၀ အထိ အလိုရှိနေတယ် လို့ မိုနာကို အသင်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ် ။

အာဆင် နယ် အသင်းရဲ့ ဂိုးနည်းပြ သစ် လေးမန်း ရဲ့ နိုင် လိုစိတ် ပြင်းထန် မှုတွေဟာ အသင်းသားတွေ ကိုအ ကောင်းဆုံး တွန်းအားပေးနိုင် လိမ့်မယ် လို့ နည်းပြကြီး က ပြောဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် မနှစ် က ရာသီကုန် ခါနီးမှ အသင်းနဲ့ စာချုပ် ချုပ် ဆိုမယ့် အ ကြောင်းကို ကြေငြာခဲ့တာဟာ မိမိ ရဲ့ အမှားဖြစ် ခဲ့တယ် လို့ နည်းပြကြီးက ပြောဆိုသွားခဲ့ပါတယ် ။

ရိုးမားအသင်းမှာ မနှစ် က အငှားသွားကစားခဲ့တဲ့ ဂန်းနား ဂိုးသမား ဆက်ဇ်နီ က တော့ ဂျုဗင် တပ် အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖို့ နီးစပ် နေပြီလို့ သတင်းရရှိပါတယ် ။ ဆက်ဇ်နီ ဟာ ယမန်နှစ် က စီးရီးအေမှာ Clean Sheets အများဆုံး ရယူနိုင် ခဲ့တဲ့ ဂိုးသမားအဖြစ် ရပ်တည်နိုင် ခဲ့ပါတယ် ။

ဆက်ဇ် နီ အပါအ၀င် ချမ်းဘားစ် ၊ ကီရန် ဂစ် တို့အပြင် ကစားသမား ၄ ဦးခန့် အသင်းက နေ ထွက် ခွာရဖို့ ရှိ နေတယ် လို့ ကြားသိရပါတယ် ။

အာဆင် နယ် ဟာ နာပိုလီ နောက် ခံလူ ကိုလူဘာလေ အတွက် စုံစမ်းမှုပြုလုပ် ခဲ့တယ် လို့လည်း သတင်းထွက် ပေါ်လာခဲ့ပါတယ် ။

No comments:

Post a Comment