စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============= လီ​ဗာပူးအသင်းဟာမ​နေ့ညကကစားခဲ့တဲ့ပထမဦးဆုံးရာသီကြို​ခြေစမ်းပွဲစဉ်​မှာထရန်​မီးယားအသင်းကို၎ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးဂိုး​တွေကို​တော့မီနာ ဂရူဂျစ်​ ချယ်​ရီ​ဗယ်​လာ ဝုဒ်​ဘန်းတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

Search This Blog

Thursday, July 13, 2017

လီ​ဗာပူးသတင်းတိုများ ============= လီ​ဗာပူးအသင်းဟာမ​နေ့ညကကစားခဲ့တဲ့ပထမဦးဆုံးရာသီကြို​ခြေစမ်းပွဲစဉ်​မှာထရန်​မီးယားအသင်းကို၎ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးဂိုး​တွေကို​တော့မီနာ ဂရူဂျစ်​ ချယ်​ရီ​ဗယ်​လာ ဝုဒ်​ဘန်းတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

လီ​ဗာပူးသတင်းတိုများ
=============
လီ​ဗာပူးအသင်းဟာမ​နေ့ညကကစားခဲ့တဲ့ပထမဦးဆုံးရာသီကြို​ခြေစမ်းပွဲစဉ်​မှာထရန်​မီးယားအသင်းကို၎ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီးဂိုး​တွေကို​တော့မီနာ ဂရူဂျစ်​ ချယ်​ရီ​ဗယ်​လာ ဝုဒ်​ဘန်းတို့ကသွင်းယူ​ပေးခဲ့ပါတယ်​။

လီ​ဗာပူးအသင်းဟာတိုက်စစ်မှုး​​အိန်​ဂျယ်​​ကော်​ရီယာအတွက်​အက်​သလက်​တီကိုမက်​ဒရစ်​အသင်းကို​ပြောင်း​ရွေ့​ကြေး​ပေါင်​၁၂.၅သန်းကမ်းလှမ်းသွားခဲ့တယ်​လို့သိရပြီးကစားသမားဘက်​က​တော့လုပ်​ခလစာတစ်​ပတ်​​ပေါင်​၇သောင်း၇ထောင်ရရှိလို​နေပြီးလာလီဂါကလပ်​ဘက်​က​တော့​ပေါင်​၂၄သန်းအလိုရှိ​နေပါတယ်​။

လီ​ဗာပူးကွင်းလယ်​ဖန်​တီးရှင်​ဖိလစ်​ပီ​ကော်​တင်​ညိုက "ကျွန်​​တော်​ရဲ့​ခြေစွမ်းဒီထက်​ပိုမိုတိုးတက်​ဖို့​နေ့တိုင်းအလုပ်​ကြိုးစား​နေပါတယ်​။ ဒီရာသီမှာ​တော့မနှစ်​ကကျွန်​​တော်​စွမ်း​ဆောင်​ခဲ့တာထက်​ပိုမိုလုပ်​ပြနိုင်​မယ်​လို့ယုံကြည်​ပါတယ်​။ ကျွန်​​တော်​ဟာအမြဲတမ်းတိုးတက်​ဖို့ရည်​ရွယ်​ထားတဲ့သူပါ။" လို့​ပြောခဲ့ပါတယ်​။

လီ​ဗာပူးနည်းပြယာဂန်​က​လော့ကအခြားပြိုင်​ဘက်​အသင်းကြီး​တွေပြင်​ဆင်​မှုအား​ကောင်း​နေပြီး၎င်းရဲ့အသင်း​နွေရာသီလှုပ်​ရှားမှုငြိမ်​သက်​​နေတဲ့အတွက်​စိုးရိမ်​မှုမရှိဘူးလို့​ပြောလိုက်​ပါတယ်​။

ပြီးခဲ့တဲ့ရာသီကခရစ်​စတယ်​ပဲ​လေ့စ်​အသင်းမှာ​အငှါးထွက်​ကစားခဲ့တဲမာမာဒူဆာခိုအ​နေနဲ့လီ​ဗာပူးအသင်း​လာမည့်​တစ်​ပတ်​​ဟောင်​​ကောင်​မှာကစားရမယ့်​ Premier League Asia Trophy မှာပါဝင်​ဖွယ်​မရှိဘူးလို့သိရပါတယ်​။

လီ​​ဗာပူးအသင်းရဲ့​ရာသီိကြိုပြင်​ဆင်​မှုစတင်​​နေပြီဖြစ်​​ပေမယ့်​လည်းမာမာဒူဆာခိုဟာမဲဝုဒ်​မှာတစ်​ဦးတည်း​လေ့ကျင့်​ခန်းဆင်း​နေတယ်​လို့သိရပြီးအန်​ဖီးကလပ်​အ​နေနဲ့၎င်းတို့​ပေါင်​သန်း၃၀နဲ့​ဈေးသတ်​မှတ်​ထားတဲ့ဆာခိုရဲ့ဝယ်​လက်​ကို​စောင့်​​နေတယ်​လို့်​သိရပါတယ်​။

မ​နေ့ညကထရန်​မီးယားအသင်းနဲ့ပွဲအပြီး​ဆောက်​သမ်​တန်​​နောက်​ခံလူ​ဗန်​ဒိုက်​ရဲ့အ​ပြောင်းအ​ရွေ့နဲ့ပက်​သက်​ပြီးသတင်း​ထောက်​​တွေရဲ့​မေးမြန်းမှုကိုလီ​ဗာပူးနည်းပြက​လော့က "ဒီကိစ္စနဲ့ပက်​သက်​ပြီး​ပြောမိလိုက်​ရင်​အလွန်​မှားသွားပါလိမ့်​မယ်​။" လို့​ပြောသွားပါတယ်​။

လာဇီယို​အသင်းဟာကွင်းလယ်​လူလူးကပ်​စ်​ဘီဂလီယာကို​အေစီမီလန်​ထံ​ရောင်းထုတ်​သွားဖွယ်​ရှိ​နေတာ​ကြောင့်​၎င်းရဲ့​နေရာမှာအစားထိုးရန်​လီဗာပူးကွင်းလယ်​လူလူးကပ်​စ်​လီ​ဗာကိုအစားထိုးရန်​ပစ်​မှတ်​ထား​နေပါတယ်​။

လီ​ဗာပူးအသင်းရဲ့တိုက်​စစ်​မှုးဆာဒီယိုမာ​နေးဟာပွဲကစားရန်​လုံ​လောက်​တဲ့​အ​ခြေအ​နေမရှိ​သေးတာ​ကြောင့်​အသင်းရဲ့ Premier League Asia Trophy ကိုလွဲ​ချော်​​မှာဖြစ်​ပြီိးမဲဝုဒ်​မှာပဲကြံ့ခိုင်​မှု​လေ့ကျင့်​ခန်း​တွေဆက်​လက်​ပြုလုပ်​ကာ​နေရစ်​ခဲ့မယ်​လို့်​သိရပါတယ်​။

လီ​ဗာပူးကစားသမားသစ်​ဖြစ်​သူမိုဟာမက်​ဆာလက်ြ​ဗိတိန်​အလုပ်​ပါမစ်​​လျှောက်​ရန်​အတွက်​ပဲရစ်​ကို​ရောက်​ရှိ​နေတယ်​လို့သိရှိရပါတယ်​။

ပြီးခဲ့တဲ့​ဖေ​ဖော်​ဝါရီကတည်းကဒဏ်​ရာ​ကြောင့်​လီဗာပူးအတွက်​ကာလရှည်​မကစားနိုင်​ခဲ့တဲ့အသင်း​ခေါင်း​ဆောင်​​ဂျော်​ဒန်​ဟန်​ဒါဆန်​ဟာ​မ​နေ့ညကထရန်​မီးယားကို၎ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့​ခြေစမ်းပွဲမှာ​တော့အဆိုပါကာလ​နောက်​ပိုင်းပထမဦးဆုံးအကြိမ်​ပါဝင်​ကစားနိုင်​ခဲ့ပါတယ်​။

No comments:

Post a Comment