စာအုပ်နှင့်သီချင်းlink: မန်ချက်စတာ စီးတီး သတင်းတိုများ =========================================== မန်ချက်စတာ စီးတီးဟာ မနက်ဖြန် နံနက် ၉း၃၀ နာရီမှာ ICC ဖလားပွဲအဖြစ် ရီးရဲမက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

Search This Blog

Wednesday, July 26, 2017

မန်ချက်စတာ စီးတီး သတင်းတိုများ =========================================== မန်ချက်စတာ စီးတီးဟာ မနက်ဖြန် နံနက် ၉း၃၀ နာရီမှာ ICC ဖလားပွဲအဖြစ် ရီးရဲမက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

မန်ချက်စတာ စီးတီး သတင်းတိုများ

===========================================

မန်ချက်စတာ စီးတီးဟာ မနက်ဖြန် နံနက် ၉း၃၀ နာရီမှာ ICC ဖလားပွဲအဖြစ် ရီးရဲမက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ။

စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ရဲ့ သတင်းစာရှင်းလင်းပွဲက စကားများကိုပြန် လည် ဖော်ပြ ပေးလိုက် ပါတယ် -

“အမ် ဘတ် ပီ က အခုထိ မိုနာကို ကစားသမားပဲရှိပါသေးတယ် ။ ဒါကြောင့် ဘာမဆိုဖြစ် လာနိုင် ပါတယ် ။ ဒါမှမဟုတ် အသင်းမှာလည်း ဆက် ရှိချင် ရှိနိုင် ပါတယ်”

“ဒါနီလို ဟာ ညာ ရော ဘယ် နောက် ခံလူ အပြင် ကွင်းလယ် မှာ ပါ ကစားနိုင် ပါတယ် ။ သူက နေ ရာ တော် တော် များများ ကစားနိုင် တာက ကျွန်တော့အတွက် နှစ် သက် စရာဖြစ် ခဲ့ပါတယ်”

“မန် ဒီ က တော့ ကာယအားကောင်းတဲ့ ကစားသမားပါ ။ တိုက် စစ် လည်း လိုက် နိုင် ပါတယ် ။ ငယ်ရွယ်ပြီး ပျော် ပျော် နေတက် တဲ့သူပါ ။ ကျွန်တော်တို့ ဆီကို လာဖို့ သူဆုံးဖြတ် ခဲ့တဲ့ အတွက် ကျွန်တော် ၀မ်းမြောက် မိ ပါတယ်”

“အ ပြောင်းအလဲတွေ အများကြီးလုပ် ခဲ့ရတာက ကျွန်တော့အသင်းက အို နေပြီမို့လို့ပါ ။ အခု လက် ရှိ အတွက် ရော အနာဂါတ် အတွက် ပါ အကျိုးရှိစေမယ့် လူငယ် ကစားသမားတွေ နဲ့ အသင်းကို ပြောင်းလဲချင် တဲ့အတွက် အခုလို အများကြီး ခေါ်ယူခဲ့တာပါပဲ”
#ပက်ဂွာဒီယိုလာ ( မန်ချက်စတာ စီးတီး နည်းပြ )

“ကျွန်တော် ဒါနီလို နဲ့ အီဒါဆင် တို့ကို ဘာသာပြန် လုပ်ပေးနေရပါတယ် ။ အထူးသဖြင့် အသင်းအစည်းအ ဝေး တွေမှာ ၊ အသင်းသားတွေနဲ့ မိတ် ဆက် တဲ့ အခါမျိုးတွေမှာပေါ့ ။ သူတို့အ နေနဲ့ အသားကျဖို့ အချိန် ပေးရ ဦးမယ်လေ ။ အင်္ဂလန် ကို ရောက် လာတာက ကွင်းထဲမှာတင် မဟုတ် ပါဘူး ။ ပြင် ပ လူနေမှုမှာပါ မတူခြားနား တဲ့ စိန် ခေါ်မှုတွေအပြည့် ရှိနေပါတယ် ။ ရာသီဥတုကလည်း ကွာခြားပါတယ် ။ အီဒါဆင် ရော ဒါနီလို ရော အင်္ဂလန် ထက် ပိုပူနွေးတဲ့ နိုင် ငံ တွေက နေ ရောက် လာကြတာပါ ။ သူတို့ ဒီမှာ အချိန် ယူရပါဦးမယ်”
#ဖာနန်ဒင်ဟို

“ကျွန်တော် ဘင် ဂျမင် ( မန်ဒီ ) ကို ကောင်းကောင်းသိပါတယ် ။ သူက ကျွန်တော့လို ပြင် သစ် စကား ပြောသလို ကျွန်တော့ရဲ့ အသင်းဟောင်း ( မိုနာကို ) မှာ ကစားခဲ့တဲ့သူပါ ။ သူ့ရဲ့ ကာယပိုင်း က ဒီမှာ အောင်မြင် ဖို့ အ ထောက် အကူပြုပေးနိုင် မှာပါ ။ စီးတီး နဲ့ ပွဲတွေကစားဖို့ သူ အရမ်း စိတ် လှုပ် ရှားနေပါပီ”
#ယာယာတိုရေး

“ကျွန်တော် ကွန် ဖက် ဒ ရေးရှင်းပြိုင် ပွဲကို လွဲခဲ့ရတဲ့အ ကြောင်းက နှာခေါင်းမှာ အ သေးစားခွဲစိတ် မှု လုပ် ခဲ့ရ တာကြောင့်ပါ ။ အခု ခွဲစိတ် မှုပြီးတာနဲ့ အသင်းမှာ ပြန် ကစားနိုင် ပီလို့ နည်းပြ ကို အသိပေးခဲ့တာပါ”
“မနှစ် က ရီးရဲမက်ဒရစ် ဟာ အလွန် ကောင်းအောင် ကစားနိုင် ခဲ့ပါတယ် ။ အဲ့တုန်းက တော့ သူတို့ဟာ ဥရောပ ရဲ့အ ကောင်းဆုံးအသင်းပါပဲ ။ ဒီရာသီမှာတော့ အရာအားလုံးအသစ် က ပြန် စ ပါပီ ။ ကျွန်တော်တို့ လည်း အတူတကွကြိုးစားပြီး သူတို့ လုပ် သလို လုပ်ပြနိုင် မယ် လို့ ယုံကြည် ထားပါတယ်”
#ဆာနေး

မန်စီးတီး အသင်းဟာ လာမယ့် ရာသီမှာ သူတို့ ၀တ် ဆင် မယ့် တတိယ ၀တ် စုံကို ထုတ် ဖော်ပြသခဲ့ပါတယ် ။ အဆိုပါ ၀တ် စုံဟာ ၁၉၆၇-၆၈ ဘောလုံးရာသီ က အမှတ်ပေးချန် ပီယံဖြစ် ခဲ့တဲ့ ၀တ် စုံ ဆီက နေ ပြန် လည် အညွှန်းပြုထားတာဖြစ် တယ် လို့ သိရပါတယ် ။

မန်စီးတီး ကစာားသမား ဂျိမ်းစ် ဟော့စ် ဖီးလ် က တော့ နယ် သာလန် ကလပ် ဘရာဒါ ထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

ဒါနီလို က တော့ သူ့ရဲ့အနှစ် သက် ဆုံး နေ ရာဟာ ညာ နောက် ခံလူ နေရာဖြစ် တယ်လို့ ဆိုသွားခဲ့ပါတယ် ။

No comments:

Post a Comment