စာအုပ်နှင့်သီချင်းlink: ချဲဆီးသတင်းတိုများ =============== နည်းပြ ကွန်တီကိုတော့ 2 နှစ် စာချုပ် သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ " စာချုပ်သစ် ချုပ်နိုင်လို့ ကျေနပ်မိပါတယ်။

Search This Blog

Wednesday, July 19, 2017

ချဲဆီးသတင်းတိုများ =============== နည်းပြ ကွန်တီကိုတော့ 2 နှစ် စာချုပ် သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ " စာချုပ်သစ် ချုပ်နိုင်လို့ ကျေနပ်မိပါတယ်။

ချဲဆီးသတင်းတိုများ
===============

နည်းပြ ကွန်တီကိုတော့ 2 နှစ် စာချုပ် သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

" စာချုပ်သစ် ချုပ်နိုင်လို့ ကျေနပ်မိပါတယ်။ ကျနော့်ရဲ့ ပထမဆုံးရာသီအတွင်း အလုပ်တွေ အများကြီးကြိုးစားခဲ့သလို ဆုဖလားလဲ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိနေတာပါ" #ကွန်တီ

ချဲဆီးဟာ စိန့်နောက်ခံလူ ဘာထရန်နဲ့ မိုနာကို နောက်ခံလူ မန်ဒီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ ဒီမနက်သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ရီးရဲကတော့ ချဲဆီးက လိုချင်နေတဲ့ ဒန်နီလို နဲ့ မိုရာတာအတွက် ပြောင်းရွှေ့ကြေး ပေါင် 89 သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

လာဇီယိုအသင်းကတော့ တိုက်စစ်မှုး ရီမီကိုခေါ်ယူဖို့ စိတ်ဝင်စားလျှက် ရှိနေပါတယ်။

မူဆွန်ဒါဟာ ဒဏ်ရာပြသနာ ပေါ်ပေါက်လာခဲ့သော်လဲ အသင်းရဲ့ ရာသီအကြို ခရီးစဉ်ကို လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်သတင်းတွေကတော့ ချဲဆီးဟာ ဒန်နီလိုအတွက် သဘောတူညီမှု လုံးဝမရသေးဘူးလို့ ပြောဆိုလိုက်ပြီး ရီးရဲကလိုချင်နေတဲ့ ပေါင် သန်း 30 အထိ ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။

BBC ကတော့ ကွန်တီရဲ့ စာချုပ်ဟာ လက်ရှိ စာချုပ်ကို သက်တမ်းတိုးတာ မဟုတ်ပဲ လက်ကျန် 2 နှစ်အတွက် လစာနဲ့ အခြားခံစားခွင့်တွေကို တိုးမြှင့်ပေးခဲ့တာ ဖြစ်တယ်လို့  ဖော်ပြသွားခဲ့ပါတယ်။

No comments:

Post a Comment