စာအုပ်နှင့်သီချင်းlink: ချဲဆီးသတင်းတိုများ =============== ဘာကာယိုကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် မာတစ်ရဲ့အနေအထားကို စောင့်ကြည့်နေတဲ့ ဂျူဗီအသင်းဟာ မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။

Search This Blog

Friday, July 14, 2017

ချဲဆီးသတင်းတိုများ =============== ဘာကာယိုကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် မာတစ်ရဲ့အနေအထားကို စောင့်ကြည့်နေတဲ့ ဂျူဗီအသင်းဟာ မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။

ချဲဆီးသတင်းတိုများ
===============

ဘာကာယိုကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် မာတစ်ရဲ့အနေအထားကို စောင့်ကြည့်နေတဲ့ ဂျူဗီအသင်းဟာ မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။

လူငယ်ကစားသမား ချာလိုဘက်ကိုတော့ ဝက်ဖို့ဒ်အသင်းက တရားဝင် ခေါ်ယူသွားခဲ့ပြီ ဖြစ်ပြီး 5 နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ချဲဆီးကွင်းလယ်လူဟောင်း မက်ခ်လီလီကတော့ ဘာကာယိုကိုဟာ လန်ဒန်ကလပ်နဲ့ ကိုက်ညီတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အော့ဘာမီးယန်းဟာ တရုတ်ကလပ်ကို ပြောင်းတော့မယ်ဆိုတဲ့သတင်းတွေကို သတင်းတွေအားလုံးကငြင်းဆိုလိုက်ပြီး ကစားသမားဟာ ချဲဆီးကို ပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ ပြောဆိုနေကြပါတယ်။

Daily Mail ကတော့ မာတစ်ဟာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ ဆိုထားပြီး အသင်းပြောင်းဖို့ ပြင်ဆင်နေကြောင်းလဲ အသိပေး ပြောဆိုသွားခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

အီတလီ သတင်းအချို့ကတော့ ချဲဆီးဟာ တိုရီနိုအသင်းရဲ့ အသက် 23 နှစ်အရွယ် တိုက်စစ်မှုး ဘီလော့တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ကစားသမားရဲ့ တန်ကြေးဟာ ပေါင် 88 သန်း ဝန်းကျင်ရှိနေပါတယ်။

လူငယ်ဂိုးသမား ကောလင်းကတော့ ဖာရက်စ်ဂရင်းအသင်းထံ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့သွားခဲ့ပါပြီ။

No comments:

Post a Comment