စာအုပ်နှင့်သီချင်းlink: ချဲလ်ဆီး အသင်း သတင်းတိုများ ========================================== ချဲလ်ဆီး အသင်းရဲ့ ယခုရာသီ တတိယ မြောက် ခေါ်ယူမှုက တော့ ပြီးမြောက် ခဲ့ပြီဖြစ် ပါတယ် ။ စပိန် တိုက် စစ် မှုး အယ် ဗာရို မိုရာတာ ဟာ ရီးရဲမက်ဒရစ် အသင်းက နေ ချဲလ်ဆီး အသင်းထံ ယမန်နေ့ညက အပြီးသတ် ပြောင်းးရွှေ့နိုင် ခဲ့ပြီး ၅ နှစ် စာချုပ် ချုပ် ဆိုနိုင် ခဲ့ပါတယ် ။

Search This Blog

Saturday, July 22, 2017

ချဲလ်ဆီး အသင်း သတင်းတိုများ ========================================== ချဲလ်ဆီး အသင်းရဲ့ ယခုရာသီ တတိယ မြောက် ခေါ်ယူမှုက တော့ ပြီးမြောက် ခဲ့ပြီဖြစ် ပါတယ် ။ စပိန် တိုက် စစ် မှုး အယ် ဗာရို မိုရာတာ ဟာ ရီးရဲမက်ဒရစ် အသင်းက နေ ချဲလ်ဆီး အသင်းထံ ယမန်နေ့ညက အပြီးသတ် ပြောင်းးရွှေ့နိုင် ခဲ့ပြီး ၅ နှစ် စာချုပ် ချုပ် ဆိုနိုင် ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း သတင်းတိုများ

==========================================

ချဲလ်ဆီး အသင်းရဲ့ ယခုရာသီ တတိယ မြောက် ခေါ်ယူမှုက တော့ ပြီးမြောက် ခဲ့ပြီဖြစ် ပါတယ် ။ စပိန် တိုက် စစ် မှုး အယ် ဗာရို မိုရာတာ ဟာ ရီးရဲမက်ဒရစ် အသင်းက နေ ချဲလ်ဆီး အသင်းထံ ယမန်နေ့ညက အပြီးသတ် ပြောင်းးရွှေ့နိုင် ခဲ့ပြီး ၅ နှစ် စာချုပ် ချုပ် ဆိုနိုင် ခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ မိုရာတာ အတွက် စုစုပေါင်း ပေါင် သန်း ၇၀ ( ၅၈ သန်း + အပိုဆုကြေး ) ကုန် ကျခဲ့တယ် လို့ ကြားသိရပါတယ် ။

မိုရာတာ ဟာ ချဲလ်ဆီးမှာ တစ် ပတ် ပေါင် ၁၅၅၀၀၀ ရရှိမှာဖြစ်ပြီး ကျောနံပါတ် ၉ ကို ၀တ် ဆင် ကစားသွားမှာဖြစ် တယ် လို့ သိရပါတယ် ။

“ဒီကိုေ၇ာက် လာခဲ့လို့ ကျွန်တော် အရမ်း ပျော် ရွှင် ပါတယ် ။ ဒီလို ကလပ်ကြီးတစ် ခုရဲ့ အစိတ် အပိုင်း အဖြစ် ပါဝင် နိုင် ခဲ့တာဟာ တကယ် ကို စိတ် လှုပ် ရှားဖို့ ကောင်းတဲ့ ခံစားချက် ပါပဲ ။ ကျွန်တော် အစွမ်းကုန်ကြိုးစား သွားမှာပါ ။ ဂိုးတွေ လည်း သွင်းနိုင် သ လောက် သွင်းယူဖို့ လုပ်ဆောင် သွားမှာပါ ။ ဒီမှာ ရရှိနိုင် တဲ့ ဆုဖလား တွေ ကို ကိုင်မြောက်နိုင် ဖို့ ကြိုးပမ်းသွားမှာပါ”
#မိုရာတာ

“တကယ် ကို အရည် အ သွေးပြည့်ဝတဲ့ တိုက်စစ် မှုး တစ်ယောက်ကို ကျွန်တော်တို့ ခေါ်ယူလိုက်နိုင် တာပါ ။ အခုမှ မိုရာတာဟာ ငယ် ငယ်လေးပဲရှိပါသေးတယ် ။ သူ ရယူခဲ့တဲ့ ဆုဖလားတွေ ၊ အောင်မြင် မှုတွေက များပြား နေပါပီ ။ သူဟာ ကျွန်တော်တို့ အတွက် တကယ် ကောင်းမွန် တဲ့ ခေါ်ယူမှုတစ် ခုဖြစ်လာမှာပါ”
#ကွန်တီ

မိုရာတာ ဟာ အာရှ ကို ရောက် ရှိနေတဲ့ ချဲလ်ဆီး အသင်းရဲ့ လာမယ့် အပတ် စင်္ကာပူ ခရီးစဉ် မှာ ပါဝင် ပူးပေါင်း မယ် လို့ သိရပါတယ် ။ စင်္ကာပူ ရောက် ရွှေမြန်မာတို့အ နေနဲ့ ချဲလ်ဆီး ကစားသမားသစ် မိုရာတာ ကို မြင်တွေ့ရဖို့ စိတ် လှုပ် ရှားနေကြပြီ ထင် ပါတယ် ။

မိုရာတာ ရောက် ရှိလာတာကြောင့် လန်ဒန် မှာ နောက် ထပ် WAG အ ချောအလှတစ် ဦးကို ထပ်မံမြင်တွေ့ရ တော့မှာဖြစ် ပါတယ် ။ သူက တော့ မိုရာတာ ရဲ့ အသစ် စက်စက် ဇနီးချောလေး အဲလစ် ကမ်ပယ် လို ပဲဖြစ် ပါတယ် ။

ချဲလ်ဆီးက နေ ထွက် ခွာ ရ ဖို့ နီးစပ် နေတဲ့ တိုက် စစ် မှုး ကော် စတာ ဟာ မိုရာတာ အသင်းကို ရောက် ရှိ ကြောင်း ကြေငြာချက် ကို Like လုပ် သွားခဲ့တယ် လို့ သိရပါတယ် ။

ချဲလ်ဆီး ပိုင် ရှင် အီဘရာမိုဗစ် ဟာ အသင်းကို ၀ယ်ယူပြီးနောက် ပိုင်းမှာ တိုက် စစ် မှုး ၁၈ ဦး ခေါ်ယူပြီးစီးခဲ့ပြီ ဖြစ် ပါတယ် ။ မိုဗစ် ဟာ အသင်းရဲ့ တိုက်စစ် ပိုင်းအတွက် ပေါင် ၃၃၅ သန်း အကုန် ကျခံကာအင် အားဖြည့်တင်းပေးခဲ့ပါတယ် ။ အဆိုပါ တိုက် စစ် မှုးတွေ အနက် ရှက် ချန် ကို ၊ ခရက်စ် ပို တို့လို အသင်းအတွက် အကျိုးမပြုနိုင် ခဲ့တဲ့ နာမည်ကျော်တွေပါဝင် ခဲ့သလို ဒ ရော့ဘာ ၊ ကော် စတာ တို့လို အသင်း အတွက် ဆုဖလားတွေကို ရယူပေးနိုင် ခဲ့တဲ့ တိုက် စစ် မှုးတွေလည်းပါဝင် ခဲ့ပါတယ် ။

ချဲလ်ဆီး နောက် ခံလူ ဒေးဗစ် လူးဝစ် က အသင်းခေါင်းဆောင် လက် ပတ် ဟာ ကာဟေး နဲ့ ထိုက် တန် တယ် ဆိုတာ သံသယမဖြစ် မိကြောင်း ၊ ဒါပေမယ့် သူဟာလည်း အသင်းကို ဦးဆောာင် ရတာကို နှစ် သက် ကြောင်း ၊ အသင်းခေါင်းဆောင် တစ် ယောက် ရဲ့ တာဝန် တွေကို ထမ်းပိုးရတဲ့ ဖိအားတွေကို ကြိုက်နှစ် သက်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

ပေကျင်းကို ရောက် ရှိနေကြတဲ့ ချဲလ်ဆီး အသင်းသားတွေ အနက် လူးဝစ် ၊ ၀ီလ် ယံ ၊ မော့ဆက် နဲ့ ပက် ဒရို တို့ဟာ Nike ရဲ့ အားကစား ပရိုမို ပွဲကို တက် ရောက် ခဲ့ပြီး ယမန်နှစ် က ဆွတ် ခူးခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ပြသသွားခဲ့ပါတယ် ။

ချဲလ်ဆီး လူငယ် နောက် ခံလူ ဇူးမား က တော့ အသင်းနဲ့ ၆ နှစ် စာချုပ် သစ် ချုပ် ဆိုပြီးစီးခဲ့ကာ စတုတ် စီးတီး အသင်းထံ တရာသီ အငှားပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

ချဲလ်ဆီး ဟာ အာဆင် နယ် တောင် ပံ ကစားသမားလေး ချိန် ဘာလိန် နဲ့ လာမယ့် အပတ် ထဲမှာ စတင် ညှိနှိုင်း မှုတွေပြုလုပ် ဖို့ ရှိတယ် လို့ သတင်းထွက် ပေါ်နေပါတယ် ။

ချဲလ်ဆီး အသင်းဟာ ယ နေ့ည နေ မြန် မာစံတော် ချိန် ၆း၁၀ မိနစ် အချိန် မှာ အာဆင် နယ် အသင်းနဲ့ ပေကျင်းမြို့ ငှက် သိုက် အားကစားကွင်းကြီး အတွင်းမှာ ခြေစွမ်းပဲ ကစားရမှာဖြစ် ပါတယ် ။

No comments:

Post a Comment