စာအုပ်နှင့်သီချင်းlink: ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ ========================================== Chelsea News and Rumors ချဲလ်ဆီး အသင်းဟာ တိုရီနို တိုက် စစ် မှုး ဘယ် လော့တီ အတွက် စုံစမ်းမှု ပြုလုပ် ထားတယ် လို့ သိရပါတယ် ။

Search This Blog

Saturday, July 8, 2017

ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ ========================================== Chelsea News and Rumors ချဲလ်ဆီး အသင်းဟာ တိုရီနို တိုက် စစ် မှုး ဘယ် လော့တီ အတွက် စုံစမ်းမှု ပြုလုပ် ထားတယ် လို့ သိရပါတယ် ။

ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ

==========================================

Chelsea News and Rumors

ချဲလ်ဆီး အသင်းဟာ တိုရီနို တိုက် စစ် မှုး ဘယ် လော့တီ အတွက် စုံစမ်းမှု ပြုလုပ် ထားတယ် လို့ သိရပါတယ် ။

ရူဘင် လော့ဖ် တပ် ချပ် ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဆောက် သမ် တန် အသင်းလည်း ပါဝင် လာခဲ့ပြီ လို့ ကြားသိရပါတယ် ။

အသက်လက်တီကိုမက်ဒရစ် ဟာ ဒီယေဂို ကော် စတာ ကို ခေါ်ယူလို ပေမယ့် ချဲလ်ဆီး အသင်းတောင်းဆိုတဲ့  ပြောင်းရွှေ့ကြေးပမာဏ ကိုပေးချေနိုင် ခြင်းမရှိဘူးလို့ သတင်းကြားသိရပါတယ် ။

လာမယ့် တနင်္လာနေ့မှာ စတင် မယ့် ချဲလ်ဆီး ရဲ့ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ် မှာ ကော် စတာကို မြင် တွေ့ ရနိုင် တယ် လို့ သိရပါတယ် ။ ဒါ့အပြင် လူကာကူ ကို ခေါ်ယူရေး ပျက်ပြယ် ခဲ့တာကြောင့် အစားထိုး တိုက် စစ် မှုး တစ် ဦးကို မ ခေါ်ယူနိုင် သေးသ ရွေ့ ကော် စတာ ချဲလ်ဆီးမှာ ဆက် ရှိနိုင် ခြေလည်း ရှိတယ် လို့ သိရပါတယ် ။

ဘာကာယိုကို ကို ခေါ်ယူမှု ဟာ ကြန့်ကြာမှုဖြစ်ပေါ် နေ ပေမယ့် နောက် ဆုံးမှာ ချဲလ်ဆီး အသင်းထံ ရောက် လာ မှာဖြစ် တယ် လို့လည်း Telegraph သတင်းထောက် တစ် ဦးက ဆိုသွားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ လူကာကူအ ပြောင်းအ ရွှေ့ နဲ့ ပတ်သက်ပြီး ယူနိုက်တက် အ ပေါ် စိတ် ခုခဲ့တာကြောင့် မာတစ် ကို ရောင်းချ တော့မှာမဟုတ်ဘူးလို့လည်း ကြားသိရပါတယ် ။

“ချဲလ်ဆီးကို ကျွန်တော်ပြန် လာခဲ့တဲ့ရည် ရွယ် ချက် က အသင်းအတွက် ကစားပေးဖို့ပါပဲ ။ ဒါပေမယ့် အခု ဘုန်းမောက် ကိုပဲ ကျွန်တော် ပြန် ရောက် လာခဲ့ပါတယ် ။ ပွဲအများကြီး ကစားချင် ပေမယ့် ချဲလ်ဆီးမှာတော့ ဒီ အခွင့်အ ရေးကို ရဖို့ ခက် ခဲမှာပါ ။ အသင်းမှာက ကစားသမားကောင်းတွေ ၊ ကမ္ဘာ့ထိပ်တန်းဆင့်တွေ အများကြီး ရှိတယ်လေ”
#နာသန်အကီ

=================================================

Man City News and Rumors

ဒန် နီ အဲလ်ဗက် ကို လာမယ့် အပတ် ထဲမှာ ဆေးစစ် နိုင် ဖို့ စီးတီး အသင်းဘက် က မျှော် လင့်ထားတယ် လို့ သိရပါတယ် ။

မန်စီးတီး တို့က စိတ် ၀င် စားနေတဲ့ အာဆင် နယ် တောင် ပံ ကစားသမားချိန် ဘာလိန် ကို ခေါ်ယူနိုင် ရေးမှာ လီဗာပူး အသင်းက ပိုမို အ လေးသာနေတယ် လို့ ကြားသိရပါတယ် ။

ကီဗင် ဒီဘရိုင်းက တော့ ဇနီးဖြစ် သူနဲ့ အတူ ပင် လယ် ကမ်းခြေမှာ အပန်းဖြေ နေဆဲဖြစ် ပါတယ် ။

အီဟီရာနာချို ဟာ ၀က်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ဖို့ စိတ် ကူးမရှိဘူးလို့ သိရပြီး လက် စတာ စီးတီး ကို တော့ စိတ် ၀င် စားနေတယ်လို့ ကြားသိရပါတယ် ။

စီးတီး လူငယ် လေး အဲလက်စ် ဂါဆီယာ က တော့ ယခုနှစ် နွေရာသီ ခရီးစဉ် ကို လိုက် ပါခွင့် ရရှိဖို့ မျှော် လင့်ထားတယ် လို့ သိရှိရပါတယ် ။

စီးတီး ဂိုးသမား ဂျိုးဟတ် ဟာလည်း အားကစားခန်းမ အတွင်းမှာ လေ့ကျင့်ခန်းဆင်းနေတယ် လို့ သိရပါတယ် ။ ဒါပေမယ့်  ရာသီကြို ခရီးစဉ် မှာတော့ ပါဝင် ဖို့မရှိဘူးလို့ သတင်းထွက် ပေါ် နေပါတယ် ။

စီးတီး တိုက် စစ် မှုး ဘိုနီ ကို တရုတ် စူပါလိဂ် က ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ ကြားသိရပါတယ် ။

စီးတီး ဟာ လွန် ခဲ့တဲ့ ၂၀၁၄ ခုနှစ် ရဲ့ ဒီလို နေ့မျိုးမှာ ဂိုးသမား ကာဘယ် လီယို ကို ခေါ်ယူခဲ့ပါတယ် ။ လက် ရှိ အချိန် မှာတော့ ကာဘယ် လီယို ဟာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပေမယ့် စီးတီး ပရိသတ်တွေ အတွက် တော့ အမှတ် တရ တွေကို ထားရစ် နိုင် ခဲ့ပါတယ် ။

==================================================

Arsenal News and Rumors

“မာတီဟာ အ တွေ့အကြုံများပြားတဲ့ သူတစ်ဦးဖြစ်ပြီး ကွင်းတွင်းကွင်းပြင် အမူ အကျင့် မှာလည်း စံပြုထိုက် လောက် တဲ့ သူတစ်ဦးပါ ။ သူက ပွဲတစ် ပွဲ ကို ဦးနှောက် သုံးပြိး ကစားတက် သူဖြစ် သလို ရည် ရှည် အတွက် လည်း အ ထောက် အကူပြုနိုင် သူတစ်ဦးပါ ။ အသင်းရဲ့ လူငယ် ကစားသမားလေးတွေကို သူမြေ တောင် မြောက် ပေးနိုင် မယ် လို့ ကျွန်တော် မျှော် လင့်ထားပါတယ်”
#အာဆင်ဝင်းဂါး

မာတီဆက် ကာ ဟာလာမယ့် ရာသီ ( ၂၀၁၈-၂၀၁၉ ) ကစတင် လို့ အာဆင် နယ် အကယ် ဒမီ နည်းပြအဖြစ် တာဝန် ထမ်းဆောင် မှာဖြစ် ပါတယ် ။

လက် စတာ တောင် ပံ ကစားသမား မာရက်ဇ် ဟာ အာဆင် နယ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ် အားထက် သန် နေတယ် လို့ သိရပြီး လက် စတာ နည်းပြ ရှိတ် စပီးယား က အသင်းအ ပေါ်အာရုံစူးစိုက် မှု နည်းပါးနေ တဲ့ မာရက် ကို သတိပေးသွားခဲ့ပါတယ် ။

အိုဇေးလ် က တော့ လာကာဇက်တီ ကို ချီးကျုးစကားဆိုခဲ့ပြီး ရာသီသစ် မှာ တွဲဖက် ကစားရမှာကို စိတ် လှုပ် ရှားမိတယ် လို့ ဆိုသွားခဲ့ပါတယ် ။

အာဆင် နယ် နဲ့ စာချုပ် ကုန် ဆုံးပြီးဖြစ် တဲ့ ဂန်းနား တိုက် စစ် မှုးလေး ယာယာဆာနိုဂို က တော့ တူးလောက်စ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

အာဆင် နယ် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ မတိုင် မီ အထိ စ နေ နေ့ ည ၉း၃၀ ( မြန် မာစံတော် ချိန် ) ပွဲ တစ် ပွဲသာ ရှိပြီး စက် တင် ဘာ ၉ ရက် နေ့မှာ ဘုန်းမောက် နဲ့ ကစားရမှာဖြစ် ပါတယ် ။

အာဆင် ၀င်းဂါး ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆိုးကင့်ဘဲ ကို ခေါ်ယူကြောင်း မီဒီယာတွေကို အသိပေးခဲ့တာဖြစ် တယ် လို့ သိရပါတယ် ။ ကြိုတင် စီစဉ် မထားတဲ့ အဆိုပါ အသိပေးမှုကြောင့် အာဆင် နယ် လေ့ကျင့်ရေးကွင်းမှာ မီဒီယာသမား ၂ ဦးသာ ထိုအချိန် က ရှိခဲ့ပြီး ကွင်းထဲကို လျောက် လှမ်းဝင် ရောက် လာတဲ့ ဆိုးကင့်ဘဲ ကြောင့် သတင်းထောက် တွေ အကြီးအကျယ် အံ့အားသင့်ခဲ့ရတယ် လို့ သိရပါတယ် ။

=================================================

Manchester United News and Rumors

မန်ချက်စတာ ယူနိုက်တက် ဟာ လူကာကူ ကို ခေါ်ယူဖို့ အဲဗာတန် နဲ့ သ ဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန် သွားခဲ့ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ကလည်း လူကာကူ နဲ့ အတူ ဗီဒီယို ဖိုင် တစ် ခု ရိုက် ကူးကာတင် ခဲ့ပြီး Agent Pog ရဲ့ စွမ်းဆောင် ချက် တွေကို ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ် ။

ဝိန်းရွန်းနီက တော့ မနက်ဖြန် မှာ အဲဗာတန် အသင်းထံ သွားရောက် ဖို့ ရှိနေပြီး ရွန်းနီ ရဲ့ ဇနီး ဟာ တရုတ်ပြည် ထက် လီဗာပူးမြို့ကို ပြန် လည် သွားရောက် ဖို့ ပိုမို လိုလားတယ် လို့ သိရပါတယ် ။

ယူနိုက်တက် စိတ် ၀င် စားနေတဲ့ ရိုးမား ကွင်းလယ်လူ နိုင် ဂိုလန် ကို တော့ ရောင်းထုတ် ဖို့ အစီစဉ် မရှိဘူးလို့ သိရပါတယ် ။

ယူနိုက်တက် လူငယ် ကွင်းလယ်လူ ပါရဲရား ဟာ အသင်းရဲ့ ရာသီကြို ခရီးစဉ် မှာပါဝင် မယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် လူငယ် ဂိုးသမားလေးတွေဖြစ် တဲ့ အိုဟားရား နဲ့ မက် ဂျွန် စတုန်း တို့ ဟာ အသင်းရဲ့ အ မေရိက ခရီးစဉ် မှာလိုက် ပါမှာဖြစ်ပြီး ဆမ် ဂျွန် စတုန်း ကိုတော့ ဗီလာ အသင်းက ခေါ်ယူဖို့ နိးစပ် နေပြီလို့ သိရ ပါတယ် ။

အန် တိုနီယို ဗလင် စီယာက တော့ အ မေရိက ( LA )ကို ရောက် ရှိနေပြီဖြစ် ပါတယ် ။

ဒေလီဘလင်း နဲ့ အဒမ် ယာနူဇက် တို့က တော့ အိုးထရက်ဖိုဒ့် ထံ ပြန် ရောက် လာခဲ့ပြီဖြစ် ကာ အ မေရိက ခရီးစဉ် မှာ လိုက် ပါဖို့ ရှိတယ် လို့ သိရပါတယ် ။

ယ နေ့ည နေ ပိုင်းက သတင်းထွက် ပေါ်လာခဲ့တဲ့ လူကာကူ ရဲဖမ်းခံရတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ် မှန် ကြောင်း သိရှိရပါတယ် ခင် ဗျာ ။

လွန် ခဲ့တဲ့ ၁၂ နှစ် ရဲ့ ဒီလိုနေ့မျိုးမှာ မန်ချက်စတာ ယူနိုက်တက် ဟာ တောင် ကိုရီးယားသား ပတ် ဂျီဆန် ကို PSV အသင်းက နေ ခေါ်ယူနိုင် ခဲ့ပါတယ် ။ ပတ် ဂျီဆန် ဟာ ယူနိုက်တက် မှာ ကစားရင်း ပရီးမီးယားလိဂ် ၊ ချန် ပီယံလိဂ် ဖလားတွေကို ရယူနိုင် ခဲ့ပါတယ် ။

No comments:

Post a Comment