စာအုပ်နှင့်သီချင်းlink: စိတ်ဝင်စားဖွယ်ကောင်းလာည့် ချဲလ်ဆီး၏ အပြောင်းအရွေ့သတင်းများ ----------------------------------- - ဗြိတိန်ထုတ် နာမည်ကျော် Goal.com ကတော့ ချဲလ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှုး မိုရာတာအတွက် သူတို့ဘက်က တောင်းဆိုသည့် ပြောင်းရွေ့ကြေးပေါင်(၈၀)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

Search This Blog

Monday, July 10, 2017

စိတ်ဝင်စားဖွယ်ကောင်းလာည့် ချဲလ်ဆီး၏ အပြောင်းအရွေ့သတင်းများ ----------------------------------- - ဗြိတိန်ထုတ် နာမည်ကျော် Goal.com ကတော့ ချဲလ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှုး မိုရာတာအတွက် သူတို့ဘက်က တောင်းဆိုသည့် ပြောင်းရွေ့ကြေးပေါင်(၈၀)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

စိတ်ဝင်စားဖွယ်ကောင်းလာည့် ချဲလ်ဆီး၏ အပြောင်းအရွေ့သတင်းများ
-----------------------------------

- ဗြိတိန်ထုတ် နာမည်ကျော် Goal.com ကတော့ ချဲလ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှုး မိုရာတာအတွက် သူတို့ဘက်က တောင်းဆိုသည့် ပြောင်းရွေ့ကြေးပေါင်(၈၀)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

- စပိန်သတင်းစာ As နှင့်အတူ အခြားသတင်းအများစုက ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းမှထွက်ခွာရန် အလျှင်အမြန်တောင်းဆိုထားသည့် ကွင်းလယ်နှင့် တောင်ပံကစားသမား ရိုဒရီဂွက်ကို မန်ယူအသင်းထံ မရောင်းချလိုတာကြောင့် ချဲလ်ဆီးဘက်က ကမ်းလှမ်းမှုကို မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရသည်။ ချဲလ်ဆီးသာ ခေါ်ယူလိုပါက မိုရာတာနှင့် ရိုဒရီဂွက် အတွဲလိုက်ကို ပေါင်(၁၃၂)သန်းဖြင့် ရောင်းချပေးမှာဖြစ်ပြီး ချဲလ်ဆီးဘက်ကတော့ မိုရာတာ တစ်ဦးတည်းကိုသာ ခေါ်ယူလိုနေကြောင်းသိရသည်။ ရိုဒရီဂွက်အတွက် ပေးချရမည့်ပမာဏမှာမြင့်မားနေတာကြောင့် ပေါင်(၃၅)သန်းဝန်ကျင်သာ ရှိတဲ့ ဘာကာယိုကိုအား ခေါ်ယူလိုတာဖြစ်ကြောင်းသိရသည်။ ဂျိမ်းရိုဒရီဂွက်ကို မန်ယူ၊ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း အပြိုင် ကြိုးပမ်းနေကြသည်။

- ချဲလ်ဆီး၏ပထမဦးဆုံးသော ခေါ်ယူမှုဖြစ်လာနိုင်ဖွယ် ရှိခဲ့သည့် မိုနာကိုကွင်းလယ်ကစားသမား ဘာကာယိုကို၏ သတင်းတွေကတော့ နည်းပြကွန်တီအတွက် အားမလိုအားမရဖြစ်စရာ အကြောင်းတွေ  ပေါ်လာပါပြီ။ ချဲလ်ဆီးအသင်းသည် လူကာကူအပြောင်းအရွေ့နှင့်ပတ်သပ်ပြီး မန်ယူအသင်းနှင့် ဆက်ဆံရေးတင်းမာခဲ့ကာ (နဂိုတည်းက မတည့်ပါဘူးဆိုနေ) ၎င်းတို့ဘက်က ပေါင်(၄၀)သန်းဖြင့် မာတစ်အတွက် ကမ်းလှမ်းမှုကို စဉ်းစားသွားဖို့ မရှိတော့ကြောင်း သိရသည်။ ဒါကြောင့် မန်ယူအသင်းဟာ ချဲလ်ဆီးပစ်မှတ် ဘာကာယိုကိုအား ခြားဖြတ်ခေါ်ယူရန် မိုနာကိုအသင်းနှင့်ကစားသမားကို စည်းရုံးနေကြောင်း  သတင်းထွက်ပေါ်လာခဲ့သည်။

- အသင်း၏တိုက်စစ်မှုးကြီး ကော်စတာကတော့ ချဲလ်ဆီးအသင်း၏ ရာသီကြိုခြေစမ်းပွဲတွေအတွက် ပြန်လည်ပူးပေါင်းရမှာ မလိုလားတော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အက်သလက်တီကို မက်ဒရစ်နှင့်ကော်စတာတို့ ပုဂ္ဂိုလ်ရေးရာ သဘောတူညီထားကြပေမယ့် စပိန်ကလပ်၏ ပေါင်(၂၆)သန်းဖြင့် ကမ်းလှမ်းမှုကိုတော့ ချဲလ်ဆီးဘက်က စိတ်မဝင်စားကြောင်း ချက်ချင်းတုန့်ပြန်ခဲ့သည်။

- ဂျာမန်သတင်းစာတစ်ခုကတော့ ချဲလ်ဆီးအသင်းဟာ ကွန်တီအတွက် မိုရာတာကို မခေါ်ယူပေးနိုင်ခဲ့ပါက ဒေါ့မွန်တိုက်စစ်မှုး အော့ဘာမီယန်းကို အရခေါ်ယူပေးသွားမယ်လို့ ရေးသားဖော်ပြလိုက်ပါတယ်။ (Rumour)

No comments:

Post a Comment