စာအုပ်နှင့်သီချင်းlink: နောက်​ဆုံးရအားကစားနှင့်​ အ​ပြောင်း​ရွှေသတင်းများ =============================== ချဲဆီးအသင်းမှ ကွင်းလယ်​လူမာတစ်​ ဟာအသင်း​ပြောင်းဖို့​သေချာမူ့ ရှိ​နေပြီး ဂျူဗင်​တပ်​ မန်​ယူအသင်းတို့မှ အလိုရှိနေပြီး လူကာကူ အ​ပြောင်း​ရွှေနဲ့ပက်​သက်​ပြီး မ​ကြေလည်

Search This Blog

Saturday, July 15, 2017

နောက်​ဆုံးရအားကစားနှင့်​ အ​ပြောင်း​ရွှေသတင်းများ =============================== ချဲဆီးအသင်းမှ ကွင်းလယ်​လူမာတစ်​ ဟာအသင်း​ပြောင်းဖို့​သေချာမူ့ ရှိ​နေပြီး ဂျူဗင်​တပ်​ မန်​ယူအသင်းတို့မှ အလိုရှိနေပြီး လူကာကူ အ​ပြောင်း​ရွှေနဲ့ပက်​သက်​ပြီး မ​ကြေလည်

16-7-2017

နောက်​ဆုံးရအားကစားနှင့်​ အ​ပြောင်း​ရွှေသတင်းများ
===============================

ချဲဆီးအသင်းမှ ကွင်းလယ်​လူမာတစ်​ ဟာအသင်း​ပြောင်းဖို့​သေချာမူ့
ရှိ​နေပြီး ဂျူဗင်​တပ်​ မန်​ယူအသင်းတို့မှ အလိုရှိနေပြီး လူကာကူ
အ​ပြောင်း​ရွှေနဲ့ပက်​သက်​ပြီး မ​ကြေလည်​​နေတဲ့အတွက်
မန်​ယူ​ရောက်​ဖို့ ရာနှုန်းနဲ​နေပြီး ဂျူဗင်​တပ်​ကို ​ရောက်​ရှိ​နိုင်​တယ်​လို့
သိရပါတယ်​ ။

တိုက်​စစ်​မူး အီဗရာဟီမိုဗစ်​ မန်​ယူသို့ပြန်​လည်​​ရောက်​ရှိနိုင်​​ကြောင်း
မော်​ရင်​ဟိုမှ အရိတ်​မွတ်​​ပြောဆိုထားပါသည်​ ။

နည်းပြအာဆင်​ဝင်းဂါးဟာ အသင်းတိုက်​စစ်​မူးဆန်းချက်​နဲ့
ကောင်းမွန်​တဲ့ဆက်​ဆံ​​ရေးရှိပြီး  အသင်းမှထွက်​သွားမည်​မဟုပ်​ဟု
ယုံကြည်​​ကြောင်း​ပြောကြားခဲ့ပါသည်​ ။

အင်တာမီလန်အသင်းမှ ပါရာဆစ်၏အပြောင်းအရွေ့ အတွက်
ပေါင်သန်း ၂၀ နှင့် မာရှယ်​ကို အလိုက်​ရချင်​​နေ​ပေမယ့်
မန်​ယူက​တော့ အလဲလှယ်​မလုပ်​လို​ကြောင်းသိရပါတယ်​။
အင်တာမီလန်အသင်းဟာဒါမီယန်အားခေါ်ယူရန်လည်းစိတ်ဝင်စား
လျက်ရှိကြောင်းသိရပါသည်​။

အသက် (၁၉)နှစ်အရွယ်ရှိ ဘရာဇီးလ် ယူ-၂၀ ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ်ဇ်အတွက် မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေး ပေါင်(၁၁.)သန်း ခန့်​​ဖြင့်​ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
အဆိုပါလူငယ်​ကစားသမား​လေးအား အငှားချထားဖွယ်​ရှိတယ်​လို့
သိရပါတယ်​ ။

လီပါပူးအသင်းမှ အသစ်​​ခေါ်ယူထားတဲ့တိုက်​စစ်​မူးသစ်​ ဆာလက်​ဟာ
ပထမဆုံးပါဝင်​ကစားတဲ့ပွဲမှာပဲ ဂိုးသွင်းယူသွားခဲ့ပါတယ်​ ။

အေစီမီလန် အသင်းဟာ ဘိုင်ယန်မြုးနစ် ကထွက် ခွာဖို့ ခွင့်ပြုထားတဲ့
ပေါ်တူဂီ ကွင်းလယ်လူငယ် ရီနာတိုဆန်းချက်ကို ယူရို ၇ သန်း
အငှား ဖြင့် ခေါ်ယူဖို့ စိတ် ၀င်စားနေတယ်လို့ ကြားသိရပါတယ် ။

တိုရီနို တို်က်စစ်မှူး ဘာလော့တီအား ပေါင် ၆၅သန်းဝန်းကျင်ဖြင့်
ခေါ်ယူရန် အေစီမီလန်အသင်းဟာ ကြိုးပမ်း​နေတယ်​လို့သိရပါတယ်​ ။

လီဗာပူးအသင်းဟာယခုနှစ်နွေရာသီရဲ့အဓိကပစ်မှတ်ဖြစ်တဲ့နာဘီကီတာ
အတွက်​​ပေါင်​၆၅သန်းနဲ့ထပ်​တိုးကမ်းလှမ်းပြီး ​ခေါ်ယူဖို့ကြိုးစားလျှက်
ရှိပါတယ်​ ။

လီ​ဗာပူးအသင်းဟာဟူးစီးတီးအသင်းရဲ့ဘယ်​​နောက်​ခံလူ
အန်​ဒီ​ရော်​ဘတ်​ဆန်​ကို​ပြောင်း​ရွေ့​ကြေး​ပေါင်​၈သန်းနဲ့​ခေါ်ယူနိုင်​ရန်
အလွန်​နီးစပ်​​နေပြီဖြစ်​ပါတယ်​။

အာဆင်နယ်တောင် ပံကစားသမားလေး ချိန်ဘာလိန် နဲ့ ချဲလ်ဆီး ကွင်းလယ်လူမာတစ် တို့ကိုအလဲအထပ် ပြုလုပ်နိုင်​ဖွယ်​ရှိတယ်
လို့သိရပါတယ်​ ။

No comments:

Post a Comment