စာအုပ်နှင့်သီချင်းlink: ဘာစီလိုနာသတင်းတိုများ ============== ဘာစီလိုနာဟာယ​နေ့မနက်​မှာကစားခဲ့တဲ့ ICC 2017 ​ခြေစမ်းပွဲစဉ်​မှာဂျူ​ဗင်​တပ်​အသင်းကို​နေမာရဲ့သွင်းဂိုး၂ဂိုးနဲ့အတူ ၂ဂိုး၁ဂိုးနဲ့အနိုင်​ရရှိခဲ့ပါတယ်​။

Search This Blog

Sunday, July 23, 2017

ဘာစီလိုနာသတင်းတိုများ ============== ဘာစီလိုနာဟာယ​နေ့မနက်​မှာကစားခဲ့တဲ့ ICC 2017 ​ခြေစမ်းပွဲစဉ်​မှာဂျူ​ဗင်​တပ်​အသင်းကို​နေမာရဲ့သွင်းဂိုး၂ဂိုးနဲ့အတူ ၂ဂိုး၁ဂိုးနဲ့အနိုင်​ရရှိခဲ့ပါတယ်​။

ဘာစီလိုနာသတင်းတိုများ
==============
ဘာစီလိုနာဟာယ​နေ့မနက်​မှာကစားခဲ့တဲ့ ICC 2017 ​ခြေစမ်းပွဲစဉ်​မှာဂျူ​ဗင်​တပ်​အသင်းကို​နေမာရဲ့သွင်းဂိုး၂ဂိုးနဲ့အတူ ၂ဂိုး၁ဂိုးနဲ့အနိုင်​ရရှိခဲ့ပါတယ်​။

ဘာစီလိုနာအသင်းဟာ​နေမာပီအက်​စ်​ဂျီအသင်းကိုထွက်​ခွာသွားခဲ့ပါက၎င်းရဲ့​နေရာမှာအစားထိုးရန်​ဂျူ​ဗင်​တပ်​ကြယ်​ပွင့်​ပါဘလိုဒိုင်​ဘာလာကို​ခေါ်ယူရန်​ပစ်​မှတ်​ထား​နေ​ကြောင်းသိရပါတယ်​။

ယခုနှစ်​​နွေရာသီမှာဘီဘာအိုက​နေနူးကမ့်​ကို​ရောက်​လာခဲ့တဲ့နည်းပြအာနက်​စ်​တို​ဗယ်​​ဗာဒီဟာ၎င်းရဲ့ဘာကာနည်းပြဘဝပထမဦးဆုံးပွဲစဉ်​မှာဂျူ​ဗင်​တပ်​ကို၂ဂိုး၁ဂိုးနဲ့အနိုင်​ယူကာအဖွင့်​လှခဲ့ပါတယ်​။

နည်းပြအာနက်​စ်​တို​ဗယ်​​ဗာဒီကပီအက်​စ်​ဂျီကို​ပြောင်း​ရွေ့​တော့မယ်​လို့သတင်းထွက်​​ပေါ်​နေတဲ့ဘရာဇီးကြယ်​ပွင့်​​နေမာကိုအသင်းမှာဆက်​လက်​ထိန်းသိမ်းထားရမယ်​လို့​ပြောလိုက်​ပါတယ်​။

ဂျူ​ဗီကိုအနိုင်​ရခဲ့ပြီး​နောက်​​ဗယ်​​ဗာဒီက "ကျွန်​​တော်​တို့တစ်​ဦးနဲ့တစ်​ဦးနားလည်​မှုရှိ​အောင်​ကြိုးစားရပါတယ်​။ ဒါ့အပြင်​စုစည်းမှုရှိ​အောင်လုပ်ေ​​ဆာင်ပြီး​နဲ့ပြိုင်​ဘက်​ကိုလွှမ်းမိုးကစားဖို့ရည်​ရွယ်​ကာကစားရပါမယ်​။ ခုချိန်​ဟာပွဲအရှိန်​နဲ့ယုံကြည်​မှုပြန်​ရ​အောင်​လုပ်​​ဆောင်​​နေတုန်းကာလမှာပဲရှိ​နေပါ​သေးတယ်​။ ဂျူ​ဗီကိုအနိုင်​ရခဲ့တာဟာကကယ်ကို​အ​ပေါင်းလက္ခဏာ​ဆောင်​ပါတယ်​။"လို့​ပြောသွားပါတယ်​။

ဘာစီလိုနာအသင်းဟာလီ​ဗာပူးအသင်းဖိလစ်​ပီ​ကော်​တင်​ညိုကိုလုံးဝ​မ​ရောင်းချခဲ့ပါက​ဒေါ့မွန်​ကြယ်​ပွင့်​အူစမာနီဒမ်​ဘီလီကိုသာ​ခေါ်ယူဖို့ဆုံးဖြတ်​ထားတယ်​လို့သိရပါတယ်​။

ဘာစီလိုနာဟာ၎င်းတို့​နွေရာသီပစ်​မှ​တ်​ဖြစ်​တဲ့လီ​ဗာပူးကြယ်​ပွင့်​ဖိလစ်​ပီ​ကော်​တင်​ညိုကို​ခေါ်ယူနိုင်​ရန်​အသင်းရဲ့ကွင်းလယ်​လူဖြစ်​တဲ့အာဒါတူရန်​အပြင်​​ငွေ​ကြေးအလိုက်​​ပေးကာ​ခေါ်ယူဖို့စီစဉ်​​နေပါတယ်​။

နေမာဘာကာမှာဆက်​​နေသည်​ဖြစ်​​စေပီအက်​စ်​ဂျီကိုထွက်​ခွာသွားသည်​ဖြစ်​​စေအဓိက​သော့ချက်​ဟာ​နေမာရဲ့ဖခင်​နဲ့သာဆိုင်​​နေတယ်​လို့ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူကယူဆ​တာ​ကြောင့်​ဘရာဇီးကြယ်​ပွင့်​ရဲ့ဖခင်​နဲ့​တွေ့ဆုံ​ဆွေး​နွေးသွားခဲ့တယ်​လို့သိရပါတယ်​။

No comments:

Post a Comment