စာအုပ်နှင့်သီချင်းlink: မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================== မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပ တေး နေ့နံနက် ပိုင်းက ဘာစီလိုနာ အသင်းနဲ့ ၀ါရှင် တန် မှာ ICC ဖလားပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး နေမာ ရဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

Search This Blog

Thursday, July 27, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ============================================== မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပ တေး နေ့နံနက် ပိုင်းက ဘာစီလိုနာ အသင်းနဲ့ ၀ါရှင် တန် မှာ ICC ဖလားပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး နေမာ ရဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

==============================================

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပ တေး နေ့နံနက် ပိုင်းက ဘာစီလိုနာ အသင်းနဲ့ ၀ါရှင် တန် မှာ ICC ဖလားပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီး နေမာ ရဲ့ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

လက် ရှိမှာတော့ ယူနိုက်တက် အသင်းဟာ အင်္ဂလန် ကို ပြန် လည် ရောက် ရှိလာကြပြီဖြစ် ကာ နော် ဝေ ခြေစမ်းပွဲ အတွက် ပြင် ဆင် ကြ တော့မှာဖြစ် ပါတယ် ။

ပေါ့ဘာ က တော့ ဘာစီလိုနာ နဲ့ ပွဲအပြီးမှာ ဘာကာတိုက် စစ် မှုး မက် ဆီ နဲ့ အကျီလဲလှယ် ခဲ့သလို ဘာကာ တိုက် စစ် မှုး နေမာ နဲ့လည်း ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့တာကို တွေ့မြင် ခဲ့၇ပါတယ် ။

“ကျွန်တော်တို့ ပြိုင် ဘက် ကို ဖိအားပေးနိုင် ခဲ့ပါတယ် ။ အခွင့်အ ရေးတွေ ရခဲ့ပြီး ကျွန်တော် တို့ ဂိုးရခဲ့သင့် ပါတယ် ။ နောက်တန်းမှာတော့ ဂျုံးစ် နဲ့ ဘေလီ က ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်”

“ဘေလီ က ချန် ပီယံ လိဂ် အဖွင့်ပွဲနဲ့ စူပါဖလားတို့ကို မပါဝင် နိုင် တော့ပါဘူး ။ ဒါကြောင့် လင် ဒီလော့ဖ် နဲ့ စ မောလင်းတို့ကို တွဲပေးရတဲ့အ ကြောင်းအရင်းကို ရက် နည်းနည်းကြာရင် သိလာမှာပါ”
#ဟိုဆေးမော်ရင်ဟို

ယူနိုက်တက် တောင် ပံ ကစားသမားလေး လင် ဂတ် ဟာ ကြွက် သား ပင် ပန်းညောင်းညာမှု ဒဏ် ကို ခံစားခဲ့ ရတယ် လို့သတင်းရရှိပြီး နော် ဝေ ခရီးစဉ် မှာ လိုက် ပါ မသွားဖို့ များတယ် လို့ ကြားသိရပါတယ် ။

လက် ရှိ ဒဏ် ရာရ နေသူတွေအနက် လုခ် ရှော ဟာ အမြန်ဆုံးပြန် ပါဝင် လာနိုင် မယ့်သူဖြစ် တယ် ဆိုတာ ကို မော် ရင် ဟို ထပ် မံ အတည်ပြုသွားခဲ့သလို တိုက် စစ် မှုးကြီး ဇလာတန် အသင်းထံ ပြန် လာနိုင် ခြေ ရှိ ကြောင်းကိုလည်း အရိပ် မြွက် ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရှဝိန်းစတိုင် ဂါ က တော့ ရီးရဲမက်ဒရစ် အသင်းနဲ့ ကစားမယ့် MLS All-Star ( မေဂျာလိဂ် ညွှန့်ပေါင်း အသင်း ) ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူ ကစားမှာဖြစ် ပါတယ် ။

ယူနိုက်တက် အသင်းဟာ အဲဗာတန် က နေ ထွက် ခွာဖို့ သေချာ သ လောက် ရှိနေတဲ့ ကွင်းလယ်လူ ရော့စ် ဘာက လေ ကို စောင့်ကြည့် နေသလို ဂျာမန် ကလပ် RB လစ်ပ်ဇစ် အသင်းရဲ့ တောင် ပံ ကစားသမားလေး ဖော့ဘတ် ကိုလည်း စောင့်ကြည့်နေတယ် လို့ သိရပါတယ် ။

ဟိုဆေး မော် ရင် ဟို ဟာ ကွင်းလယ် ခံစစ် သမား နဲ့ ဖန် တီးနိုင် စွမ်းမြင့်မားတဲ့ တောင် ပံ ကစားသမားတစ် ဦး ကို ခေါ်ယူဖို့ အလိုရှိနေပြီး အ ပြောင်းအ ရွှေ့ မပိတ် သိမ်းမီ တစ် ဦးကို အနည်းဆုံး ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ် လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇူလိုင် ၃၀ ရက် နေ့မှာ ဗယ် လာရန် ဂါ အသင်းနဲ့ နော် ဝေ နိုင် ငံ မှာ ခြေစမ်းပွဲ ကစားမှာဖြစ် ပါတယ် ။ အဲ့ဒီနောက် သြဂုတ် ၂ ရက် နေ့မှာတော့ ဆမ့်ဒိုးရီးယား အသင်းနဲ့ အိုင် ယာလန် နိုင် ငံ ဒပ် ဗလင် မြို့မှာ ခြေစမ်းဦးမှာဖြစ် ကာ သြဂုတ် ၈ ရက် နေ့မှာ တော့ ရီးရဲမက်ဒရစ် အသင်းနဲ့ ဥရောပ စူပါဖလားကို အပြိုင် လုကြရမှာဖြစ် ပါတယ် ။ သြဂုတ် ၁၃ ရက် နေ့မှာတော့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ၀က်စ်ဟမ်း အသင်းနဲ့ စတင် ယှဉ်ပြိုင် ကစားရမှာဖြစ် ပါတယ် ခင် ဗျာ ။

No comments:

Post a Comment