စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============= နာဘီကီတာအတွက်​​လီဗာပူးအသင်းရဲ့​ပေါင်​၅၇သန်းကိုငြင်းပယ်​ခဲ့တဲ့ RB လိုက်​ပ်​ဇစ်​အသင်းဟာ​ပေါင်​၆၅သန်းပမာဏနဲ့ကမ်းလှမ်းမယ်​ဆိုရင်​ငြင်းပယ်​ဖို့ခက်​ခဲတယ်​လို့​ပြောခဲ့တာ​ကြောင့်​လီ​ဗာပူးအသင်း​နောက်​တစ်​ကြိမ်​ကမ်းလှမ်းမှုဟာ​အောင်​မြင်​မှုရဖို့နီးစပ်​​နေပါတယ်​။

Search This Blog

Sunday, July 16, 2017

လီ​ဗာပူးသတင်းတိုများ ============= နာဘီကီတာအတွက်​​လီဗာပူးအသင်းရဲ့​ပေါင်​၅၇သန်းကိုငြင်းပယ်​ခဲ့တဲ့ RB လိုက်​ပ်​ဇစ်​အသင်းဟာ​ပေါင်​၆၅သန်းပမာဏနဲ့ကမ်းလှမ်းမယ်​ဆိုရင်​ငြင်းပယ်​ဖို့ခက်​ခဲတယ်​လို့​ပြောခဲ့တာ​ကြောင့်​လီ​ဗာပူးအသင်း​နောက်​တစ်​ကြိမ်​ကမ်းလှမ်းမှုဟာ​အောင်​မြင်​မှုရဖို့နီးစပ်​​နေပါတယ်​။

လီ​ဗာပူးသတင်းတိုများ
=============
နာဘီကီတာအတွက်​​လီဗာပူးအသင်းရဲ့​ပေါင်​၅၇သန်းကိုငြင်းပယ်​ခဲ့တဲ့ RB လိုက်​ပ်​ဇစ်​အသင်းဟာ​ပေါင်​၆၅သန်းပမာဏနဲ့ကမ်းလှမ်းမယ်​ဆိုရင်​ငြင်းပယ်​ဖို့ခက်​ခဲတယ်​လို့​ပြောခဲ့တာ​ကြောင့်​လီ​ဗာပူးအသင်း​နောက်​တစ်​ကြိမ်​ကမ်းလှမ်းမှုဟာ​အောင်​မြင်​မှုရဖို့နီးစပ်​​နေပါတယ်​။

လာဇီယိုကို​ပေါင်​၅သန်းနဲ့​ပြောင်း​ရွေ့​တော့မှာဖြစ်​တဲ့လူးကပ်​စ်​လီ​ဗာဟာလာမည့်​တနလာင်္​နေ့ Rome မှာ​ဆေးစစ်​မှုခံယူရန်​စီစဉ်​ထားတယ်​လို့်သိရပါတယ်​။

လီဗာပူးကို​ပေါင်​၈သန်းနဲ့​ရောက်​ရှိဖို့နီးစပ်​​နေတဲ့ဟူးစီးတီး​နောက်​ခံလူအန်​ဒီ​ရော်​ဘတ်​ဆင်​ဟာအန်​ဖီးကလပ်​ရဲ့​ဟောင်​​ကောင်​ Asia Trophy ကိုမမှီ​တော့​ပေမယ့်​လည်းလီ​ဗာပူးအသင်းဟာသာဘာလင်​နဲ့​ခြေစမ်းပွဲမတိုင်​မီအပြီးသတ်​​ခေါ်ယူနိုင်​ဖို့ရှိ​နေပါတယ်​။

ရော်​ဘတ်​ဆင်​ဟာလီ​ဗာပူးကို​ရောက်​ဖို့နီးစပ်​​နေသလိုဟူးစီးတီးအသင်းကလည်းလီ​ဗာပူးလူငယ်​ကြယ်​ပွင့်​ရိုင်​ယန်​ကန့်​ကိုတစ်​ရာသီအငှါးစာချုပ်​နဲ့​ခေါ်ယူနိုင်​ဖို့စိတ်​ဝင်​စား​နေတယ်​လို့သိရပါတယ်​။

မိုဟာမက်​ဆာလက်​နဲ့ပက်​သက်​ပြီးဂျိမ်းမီနာက "သူအရမ်း​ကောင်းပါတယ်​။ သူဟာထိပ်​တန်းကစားသမားတစ်​ဦးဖြစ်​ပြီးသူဒီမှာရှိတဲ့အချိန်​အနည်းငယ်​အတွင်းမှာပြသသွားနိုင်​ခဲ့ပါတယ်​။ သူဟာလီ​ဗာပူးရဲ့အ​ကောင်းဆုံးအားဖြည့်​မှုဖြစ်​ပြီးဂိုးသွင်းယူနိုင်​ခဲ့တာဟာသူ့အတွက်​အရမ်း​ကောင်းပါတယ်​။" လို့​ပြောသွားပါတယ်​။

Sky Sports Program ရဲ့အ​မေးအ​ဖြေကဏ္ဍမှာအဒမ်​လယ်​လာနာကလီ​​ဗာပူးအသင်းရဲ့ဝတ်​စားဆင်​ယင်​မှုအဆိုးဆုံးကစားသမားဟာဂိုးသမားဆိုင်​မွန်​မက်​နိုလက်​ဖြစ်​​ကြောင်း​ပြောလိုက်​ပါတယ်​။

အင်​တာကို​ပြောင်း​ရွေ့ဖို့အလွန်​နီးစပ်​​နေပြီဖြစ်​တဲ့နိုက်​စ်​အသင်းရဲ့​နောက်​ခံလူဒဲလ်​ဘတ်​ကလီ​ဗာပူးရဲ့စိတ်​ဝင်​စားမှုကိုရရှိခဲ့​ပေမယ့်​စီးရီး​အေကလပ်​ရဲ့မငြင်းဆန်​နိုင်​​လောက်​​အောင်ေ​ကာင်းမွန်​​တဲ့ကမ်းလှမ်းမှုကိုရရှိခဲ့တာ​ကြောင့်​ပရီးမီးယားလိဂ်​ကလပ်​ကိုငြင်းပယ်​ခဲ့​ကြောင်း​ပြောလိုက်​ပါတယ်​။

တော့တင်​ဟမ်​​ဟော့စပါးအသင်းဟာ​လီ​ဗာပူးကွင်းလယ်​လူ​ဟောင်းဆူဆိုကို​အေစီမီလန်​အသင်းထံ​ပြောင်း​ရွေ့​ကြေး​ပေါင်​၁၉သန်းနဲ့ကမ်းလှမ်း​တော့မယ်​လို့သိရပါတယ်​။

No comments:

Post a Comment