စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============= လီ​ဗာပူးအသင်းဟာ​ဗန်​ဒိုက်အတွက်​တရားဝင်​ချည်းကပ်​မှုမပြုလုပ်​လုပ်​မီ​ဆောက်​သမ်​တန်​အသင်းဘက်​ကနယ်​သာလန်​လက်​​ရွေးစင်​​​နောက်​ခံလူအတွက်​​ဆွေး​နွေးဖို့လမ်းဖွင့်​​ပေးရန်​​စောင့်​​မျှော်​​နေပါတယ်​။

Search This Blog

Tuesday, July 25, 2017

လီ​ဗာပူးသတင်းတိုများ ============= လီ​ဗာပူးအသင်းဟာ​ဗန်​ဒိုက်အတွက်​တရားဝင်​ချည်းကပ်​မှုမပြုလုပ်​လုပ်​မီ​ဆောက်​သမ်​တန်​အသင်းဘက်​ကနယ်​သာလန်​လက်​​ရွေးစင်​​​နောက်​ခံလူအတွက်​​ဆွေး​နွေးဖို့လမ်းဖွင့်​​ပေးရန်​​စောင့်​​မျှော်​​နေပါတယ်​။

လီ​ဗာပူးသတင်းတိုများ
=============
လီ​ဗာပူးအသင်းဟာ​ဗန်​ဒိုက်အတွက်​တရားဝင်​ချည်းကပ်​မှုမပြုလုပ်​လုပ်​မီ​ဆောက်​သမ်​တန်​အသင်းဘက်​ကနယ်​သာလန်​လက်​​ရွေးစင်​​​နောက်​ခံလူအတွက်​​ဆွေး​နွေးဖို့လမ်းဖွင့်​​ပေးရန်​​စောင့်​​မျှော်​​နေပါတယ်​။

လီ​ဗာပူးအသင်းဟာမာမာဒူ​ဆာခိုကိုခရစ်​စတယ်​ပဲ​လေ့စ်​အသင်းထံအငှါးထပ်​မံချသွားမှာမဟုတ်​ဘဲအပြီးသတ်​​ခေါ်ယူမှသာလက်​လွှတ်​သွားမယ်​လို့​ပြောလိုက်​ပါတယ်​။

လီ​ဗာပူးအသင်းရဲဘယ်​​နောက်​ခံလူသစ်​အန်​ဒီ​ရော်​ဘတ်​ဆန်​ဟာလာမည့်​ဇူလိုက်​၁၉ရက်​​နေ့ဟာသာဘာလင်​အသင်းနဲ့​ခြေစမ်းပွဲမှာလီ​ဗာပူးအတွက်​ပွဲဦးထွက်​ပါဝင်​ကစားဖို့ရှိ​နေတယ်​လို့သိရပါတယ်​။

မိုဟာမက်ဆာလက်​​​ရောက်​ရှိလာခြင်း​ကြောင့်​လီ​ဗာပူးနည်းပြယာဂန်​က​လော့ဟာလာမည့်​ရာသီ၎င်းရဲ့စိတ်​ကြိုက်​ကစားကွက်​ဖြစ်​တဲ့ ၄-၃-၃ ရဲ့​တောင်​ပံတိုက်​စစ်​နှစ်​ဘက်​ကိုဘိုင်​ယန်​မြူးနစ်​အသင်း​အောင်​မြင်​မှု​တွေရရှိခဲတဲ့​ရော်​ဘင်​နဲ့ရီဘာရီ​တောင်​ပံတိုက်​စစ်​ကဲ့သို့ဆာလက် မာ​နေးတို့ရဲ့တိုက်စစ်အတွဲကို​​​အသုံးပြုသွားဖို့စီစဉ်​​နေပါတယ်​။

လီ​ဗာပူးအသင်းဟာ၎င်းတို့ရဲ့​နောက်​ဆုံးကမ်းလှမ်းမှုကိုRB လိုက်​ပ်​ဇစ်​ဘက်​ကလက်​မခံခဲ့ပါကနာဘီကီတာရဲ့စာချုပ်​ဖျက်​သိမ်​​ကြေးစတင်​အကျုံးဝင်​မယ့်​လာမည့်​​နွေရာသီအထိ​စောင့်​​မျှော်​သွားမယ်​လို့​ပြောကြားထားပါတယ်​။

ယာဂန်​က​လော့ဘက်​က​တော့အမ်​မရီချန်​ကိုစာချုပ်​သစ်​ချုပ်​ဆိုနိုင်​မယ်​လို့ယုံကြည်​​နေ​ပေမယ့်​၎င်းကိုစိတ်​ဝင်​စား​နေတဲ့ဂျူ​ဗင်​တပ်​အသင်းဟာဂျာမန်​ကွင်းလယ်​လူအတွက်​​ပေါင်​၃၁သန်းနဲ့ကမ်းလှမ်းဖို့စီစဉ်​​နေပါတယ်​။

လီ​ဗာပူးအသင်းဟာ၎င်းတို့ရဲ့​နွေရာသီပစ်​မှတ်​အသစ်​အဖြစ်​လက်​ရှိမှာ​တော့ပိုလန်​ကလပ်​လီဂီယာဝါ​ဆောအသင်းရဲ့အသက်​၁၈နှစ်​အရွယ်​ပိုလန်​ကြယ်​ပွင့်​ဆီဘတ်​စတီယန်​ဆက်​မန်းစကီးကို​ခေါ်ယူဖို့စိတ်​ဝင်​စား​နေပါတယ်​။

လာမည့်​ရာသီလီ​ဗာပူးက​နေအငှါးထွက်​ကစားဖို့ရှိ​နေတဲ့​တောင်​ပံကစားသမားရှယ်​ရီအိုဂျိုကိုဖူဟမ်​ မစ်​ဒယ်​ဘ​ရော့ နယူးကာဆယ်​ ဒါဘီတို့အပြင်​လက်​ရှိမှာဆိုရင်​လည်းအက်​စတွန်​​ဗီလာကပါအငှါး​ခေါ်ယူသွားဖို့စိတ်​ဝင်​စား​နေပါတယ်​။

လီ​ဗာပူး​ဆေးအဖွဲ့ဟာပြီးခဲ့တဲ့လက်​စတာကိုအနိုင်​ရခဲ့တဲ့​ဟောင်​​ကောင်​ Asia Trophy ​ဗိုလ်​လုပွဲမှာဒဏ်​ရာအနည်းငယ်​ရရှိခဲ့တဲ့​ဂျိမ်းစ်​မီနာရဲ့အ​ခြေအ​နေကိုလာမည့်​ရက်​ပိုင်းအနီးကပ်​​စောင့်​ကြည့်​သွားမယ်​လို့သိရပါတယ်​။

No comments:

Post a Comment