ချဲဆီးသတင်းတိုများ
===========
* တယ်ရီရဲ့ စာချုပ်ဟာ ချဲဆီးနဲ့ တရားဝင်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဟာ မိခင်ကလပ်ဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ကစားလိုခြင်းမရှိတာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး အက်စ်တွန်ဗီလာအသင်းနဲ့ 1 နှစ် စာချုပ် ချုပ်ဆိုတော့မယ်လို့ ESPN က ဖော်ပြလိုက်ပါတယ်။
* ချဲဆီးဟာ ရိုးမားနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ယူရို 33 သန်း + 5 သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အီတလီသတင်းတွေကဖော်ပြလိုက်ပြီး၊ ချဲဆီးမှာ တစ်နှစ်လုပ်ခ ယူရို 4 သန်းရရှိမယ်လို့ သိရပါတယ်။ သတင်းအရ ကစားသမား တနင်္လာနေ့မှာပဲ လန်ဒန်မှာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
* ရူဒီဂါရဲ့ အေးဂျင့်ဖြစ်သူကတော့ ဒီကနေ့မှာပဲ လန်ဒန်ကို ရောက်ရှိလာဖွယ်ရှိပြီး၊ 5 နှစ်စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
* Telegraph ကတော့ ချဲဆီးဟာ ဒီတစ်ပတ်ထဲမှာပဲ ဘာကာယိုကို၊ ဆန်ဒရို နဲ့ ရူဒီဂါတို့ကို အပြီးသတ် ခေါ်ယူသွားနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြလိုက်ပါတယ်။
* စပိန်ယူ 21 အသင်းနဲ့အတူ ခြေစွမ်းတောက်ပခဲ့တဲ့ စပို့တင်း ဂီဂျွန်နောက်ခံလူ Jorge Mere ကို ဘာစီလိုနာနဲ့ ချဲဆီးတို့က အပြိုင် စောင့်ကြည့်လျှက်ရှိနေပါတယ်။
* ချဲဆီးနဲ့ တစ်နှစ် စာချုပ်သာ ကျန်ရှိတော့တဲ့ လူငယ်ကစားသမား ချာလိုဘက်ရဲ့ စာချုပ်ကို သက်တမ်းတို့ဖို့ စီစဉ်နေပါတယ်။ ၀က်ဖို့ဒ်အသင်းက သူ့ကို ပထမအသင်းကြီး ကစားခွင့်နဲ့ ဆွဲဆောင်ပြီး အငှားခေါ်ယူနိုင်ဖို့ ကြိုးစားလျှက်ရှိနေပါတယ်။
* ချဲဆီးဟာ ဗန်ဒိုက်နဲ့ ဘိုနူချီတို့ကို ခေါ်ယူဖို့ လက်ရှိအချိန်ထိ တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။
* " ဒီယေဂိုနဲ့ ကွန်တီတို့ရဲ့ အကြားဆက်ဆံရေးကို ကျနော်မသိပါဘူး။ ဒါပေမယ့် အခြေအနေကောင်းတယ်လို့ ကျနော်က ထင်ထားတာပါ" #ပက်ဒရို
* ချဲဆီးဟာ အိတ်ဇီတားအသင်းရဲ့ အသက် 16 နှစ်အရွယ် ကစားသမား အမ်ပါဒူကိုခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
#SM
No comments:
Post a Comment