စာအုပ်နှင့်သီချင်းlink: လီ​ဗာပူးသတင်းတိုများ ============= နည်းပြယာဂန်​က​လော့က၎င်းတို့အ​နေနဲ့ဘာစီလိုနာအသင်း​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့ဖိလစ်​ပီ​ကော်​တင်​ညိုကိုလုံးဝ​ရောင်းချသွားမှာမဟုတ်​ဘဲလီ​ဗာပူးဟာလူ​ရောင်းစားတဲ့အသင်းမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။

Search This Blog

Friday, July 21, 2017

လီ​ဗာပူးသတင်းတိုများ ============= နည်းပြယာဂန်​က​လော့က၎င်းတို့အ​နေနဲ့ဘာစီလိုနာအသင်း​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့ဖိလစ်​ပီ​ကော်​တင်​ညိုကိုလုံးဝ​ရောင်းချသွားမှာမဟုတ်​ဘဲလီ​ဗာပူးဟာလူ​ရောင်းစားတဲ့အသင်းမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။

လီ​ဗာပူးသတင်းတိုများ
=============
နည်းပြယာဂန်​က​လော့က၎င်းတို့အ​နေနဲ့ဘာစီလိုနာအသင်း​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့ဖိလစ်​ပီ​ကော်​တင်​ညိုကိုလုံးဝ​ရောင်းချသွားမှာမဟုတ်​ဘဲလီ​ဗာပူးဟာလူ​ရောင်းစားတဲ့အသင်းမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။

ဟူးစီးတီး​နောက်​ခံလူ​ရော်​ဘတ်​တန်​ဟာမ​နေ့ကလီ​ဗာပူးမှာ​ဆေးစစ်​မှုခံယူပြီးဖြစ်​တာ​ကြောင့်​မကြာမီမှာပဲလီ​ဗာပူးနဲ့တရားဝင်​စာချုပ်​ချုပ်​ဆိုသွားမှာဖြစ်​ပါတယ်​။

အဒမ်​လယ်​လာနာကဖိလစ်​ပီ​ကော်​တင်​ညိုလီ​ဗာပူးမှာရှိ​နေတာနဲ့ပက်​သက်​ပြီး "ကျွန်​​တော့်​အ​နေနဲ့လီ​ဗာပူးအသင်းနဲ့အတူကြီးကြီးမားမား​အောင်​မြင်​မှု​တွေရရှိလိမ့်​မယ်​လို့ခံစား​နေရပါတယ်​။ ​သေချာတာတစ်​ခုက​တော့ဖိလစ်​ပီဟာဒီ​အောင်​မြင်​မှုမှာကြီးမားတဲ့အစိတ်​အပိုင်းအ​နေနဲ့ပါဝင်​မှာပါ။" လို့​ပြောသွားပါတယ်​။

ဆီ​ဗီိလာအသင်းဟာလီ​ဗာပူး​နောက်​ခံလူမာမာဒူဆာခိုကို​ခေါ်ယူဖို့စိတ်​ဝင်​စားလျက်​ရှိ​နေ​ပေမယ့်လီဗာပူးသတ်မှတ်ထားတဲ့ေ​​ပာင်သန်း၃၀အတွက်​​​အခက်အခဲဖြစ်ေ​​နကာ​ဆာခိုကိုအပြီးသတ်​မ​ခေါ်ယူနိုင်​ခဲ့ပါကအငှါး​ခေါ်ယူခွင့်​ရဖို့ကြိုးစားသွားရန်​ရည်​ရွယ်​​နေပါတယ်​။

ဘာစီလိုနာအသင်းဟာ​နေမာပီအက်​ဂျီကို​ပြောင်းဖို့ရှိ​နေတာ​ကြောင့်​၎င်းရဲ့​နေရာမှာအစားထိုးရန်​လီ​ဗာပူးကွင်းလယ်​လူ​ကော်​တင်​ညိုကိုယူရိုသန်း၈၀နဲ့ကမ်းလှမ်းခဲတယ်​လို့သိရပါတယ်​။

လီ​ဗာပူးနည်းပြယာဂန်​က​လော့ကRB လိုက်​ပ်​ဇစ်​အသင်းဟာ၎င်းတို့​ခေါ်ယူဖို့စိတ်​ဝင်​စား​နေတဲ့ကွင်းလယ်​လူနာဘီကီတာကို​ရောင်းချဖို့မလိုအပ်​တဲ့အ​ခြေအ​နေရှိ​နေတာဟာကံ​ကောင်းတယ်​လို့​ပြောသွားပါတယ်​။

လီ​ဗာပူးအသင်းဟာပြီးခဲ့တဲ့ရာသီကဟာသာဘာလင်​အသင်းမှာအငှါးသွားကစားခဲ့တဲ့ကွင်းလယ်​လူအလန်​ရိုဒရီဂွက်​ဇ်​ကိုဂျာမန်​ကလပ်​ထံထပ်​မံအငှါးချသွားမှာမဟုတ်​ဘူးလို့​ပြောလိုက်​ပါတယ်​။

ချဲလ်​ဆီးမှလီ​ဗာပူးကိုယခု​နွေရာသီမှာ​ရောက်​လာခဲ့တဲ့အင်္ဂလန်​ကြယ်​ပွင့်​ဆိုလန်​ကီကအန်​ဖီးကလပ်​ရဲ့​နွေး​ထွေးစွာကြိုဆိုမှုဟာသူ့ကိုလျှင်​လျှင်​မြန်​မြန်​အထိုင်​ကျ​အောင်​ကူညီ​ပေးနိုင်​တယ်​လို့​ပြောလိုက်​ပါတယ်​။

လီ​ဗာပူးအသင်းဟာကွင်းလယ်​လူနာဘီကီတာအတွက်​ RB လိုက်​ပ်​ဇစ်​အသင်းကိုတတိယအကြိမ်​​မြောက်​ကမ်းလှမ်းဖို့စဉ်းစား​နေတယ်​လို့သိရပြီး​ပြောင်း​ရွေ့​ကြေး​ပေါင်သန်း၇၀ရှိတယ်​လို့်သိရပါတယ်​။

No comments:

Post a Comment