စာအုပ်နှင့်သီချင်းlink: ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ ===================================================== ရီးရဲမက်ဒရစ် ရီးရဲအသင်းဟာ ခရိုအေးရှားလူမျိုး ဆရာဝန် နီကို မီဟစ် ကို အသင်းရဲ့ ဆေးအဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ် ပါတယ် ။

Search This Blog

Friday, July 7, 2017

ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ ===================================================== ရီးရဲမက်ဒရစ် ရီးရဲအသင်းဟာ ခရိုအေးရှားလူမျိုး ဆရာဝန် နီကို မီဟစ် ကို အသင်းရဲ့ ဆေးအဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ် ပါတယ် ။

ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ အာဆင် နယ် နဲ့ မန်ချက်စတာယူနိုက်တက် သတင်းတိုများ

=====================================================

ရီးရဲမက်ဒရစ်

ရီးရဲအသင်းဟာ ခရိုအေးရှားလူမျိုး ဆရာဝန် နီကို မီဟစ် ကို အသင်းရဲ့ ဆေးအဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ အဲဗာတန် တိုက် စစ် မှုး လူကာကူ ကို ခေါ်ယူလိုက်ပြီလို့ သတင်းထွက် ပေါ်လာခဲ့တာကြောင့် ရီးရဲတိုက် စစ် မှုး မိုရာတာ ကို ခေါ်ယူတော့မှာမဟုတ် ဘူးလို့ သတင်းထွက် ပေါ်လာခဲ့ပါတယ် ။

ဂျာမန် ကလပ် ဖရိုင်းဘတ် ဟာ ရီးရဲ လူငယ် နောက် ခံလူ ဖိလစ် လီယန်းဟတ် ကို တရာသီအငှားခေါ်ယူလိုက် ပြီဖြစ် ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ ဂျာမန် လူငယ် ရှေ့တန်းလူ တီမိုဝါနာ ကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ သတင်းရရှိပါတယ် ။

ကွန် ထရာအို က တော့ စပို့တင်းအသင်းထံ အငှားထွက် ခွာသွားခဲ့ပြီး ၀ါရင့် နောက် ခံလူ ပီပီက တော့ ဘက် ဆစ် တပ် အသင်းထံ ၃ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

ရီးရဲအသင်းဟာ လူငယ် ခံစစ် သမားလေး ဗာဆဲဟို ကို စီနီယာအသင်းထံ ခေါ်ဆောင် မှာဖြစ်ပြီး မနက်ဖြန် မှာ မီဒီယာတွေနဲ့ မိတ် ဆက် ပွဲပြုလုပ် မယ် လို့ သိရပါတယ် ။

ရီးရဲ ကစားးသမားတွေရဲ့ နွေရာသီအပန်းဖြေ နေ ပုံတွေ ၊ ရာသီကြိုပွဲစဉ် တွေရဲ့ အချိန် ဇယားတွေကို ဖော်ပြ ပေးလိုက် ပါတယ် ခင် ဗျာ ။

=================================================

ချဲလ်ဆီး

ချဲလ်ဆီး အသင်းရဲ့ ပစ် မှတ်ဖြစ် သူ လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သ ဘောတူညီ သွားခဲ့ပြီလို့ သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ် ။

ဒါပေမယ့် သတင်းအချို့မှာတော့ အဆိုပါ သတင်းဟာ မမှန် ကန် သေးကြောင်း ၊ ချဲလ်ဆီး အနေ ဖြင့် လူကာကူ ကို ခေါ်ယူနိုင် ခြေ ရှိနေ သေးကြောင်းဖော်ပြသွားခဲ့ကြပါတယ် ။

ကွန် တီ က တော့ ချဲလ်ဆီး အတွက် အဓိက ခေါ်ယူမှု ၅ ခု ပြုလုပ် သွားစေလိုပြီး ဆွမ်းဆိ တိုက် စစ် မှုး လော် ရန် တေး ကို Back-up striker အဖြစ် အသုံးပြုဖို့ ခေါ်ယူလိုတယ် လို့ သိရပါတယ် ။

ဒီယေဂိုကော် စတာ က တော့ လာမယ့် တနင်္လာနေ့ ( ချဲလ်ဆီးအသင်းရဲ့ ရာသီကြို လေ့ကျင့်မှုတွေ စတင် မည့် နေ့ ) မတိုင် မီ အသက်လက်တီကိုမက်ဒရစ် အသင်းနဲ့ အ ပြောင်းအ ရွှေ့ကိစ္စကို အပြီးသတ် လိုတယ် လို့ သိရပါတယ် ။

ဒေးဗစ် လုဇ် ဟာ လာမယ့် ၇ာသီချဲလ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ် လာနိုင် တယ် လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

ဝက်ဖိုဒ့် အသင်းဟာ ချဲလ်ဆီး လူငယ် ချာလိုဘတ် ကို ပေါင် ၅ သန်းဖြင့် ခေါ်ယူနိုင် ဖို့ အ လေးသာနေတယ် လို့ သတင်းရရှိပါတယ် ။

ဒါ့အပြင် နယူးကာဆယ် အသင်းဟာလည်း ချဲလ်ဆီး လူငယ် လော့ဖ်တပ် ချက် ကို ခေါ်ယူဖို့ စီစဉ် နေတယ် လို့ ကြားသိရပါတယ် ။

ချဲလ်ဆီး ဟာ ဇူလိုင် ၂၂ ရက် နေ့ ည ၁၂း၄၀ နာရီ ( ဗြိတိန် စံတော် ချိန် ) မှာ အာဆင် နယ် နဲ့ ရာသီကြို ခြေစမ်းမှာ ဖြစ်ပြီး ဇူလိုင် ၂၅ ၊ ည ၁၂း၃၅ နာရီ ( ဗြိတိန် စံတော် ချိန် ) မှာ ဘိုင်ယန်မြုးနစ် အသင်းနဲ့ ကစားမှာ ဖြစ် ပါတယ် ။ ချဲလ်ဆီး - အင် တာမီလန် ပွဲစဉ် က တော့ ဇူလိုင် ၂၉ ရက် နေ့ည ၁၂း၃၅ နာရီ ( ဗြိတိန် စံတော် ချိန် ) မှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ် ပါတယ် ။

အီတလီ ကသတင်းတွေမှာတော့ ချဲလ်ဆီးဟာ ရိုးမား နောက် ခံလူ ရူဒီဂါ အတွက် ဈေးနှုန်း သ ဘောတူညီခဲ့ ပြီလို့ သိရပါတယ် ။

ချဲလ်ဆီးဟာ နိုက် ဂျီးရီးယန်း လူငယ် နောက် ခံလူ ကလင် တန် မိုလာ ကို ၂ နှစ် စ ကောလားရှစ် စာချုပ် ချုပ် ဆိုခဲ့ပြီး ချဲလ်ဆီး ယူ-၁၈ အသင်းမှာ ပါဝင် ကစားခွင့် ပေးမှာဖြစ် ပါတယ် ။

အာဆင် နယ် နဲ့ ပွဲစဉ် ကို တရုတ် မှာယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ဘိုင် ယန် ၊ အင် တာ တို့နဲ့ ပွဲတွေက တော့ စင်္ကာပူနိုင် မှာ မှာ ကျင်းပသွားမှာဖြစ်ပါကြောင်း နိုင် ငံ ရပ်ခြားက ဘောလုံးပရိသတ်တွေကို သတင်းကောင်း ပါးအပ် ပါတယ် ခင် ဗျာ ။

=============================================

မန်ချက်စတာစီးတီး

မန်စီးတီး အသင်းဟာ နိုက်စ် အသင်းရဲ့ နောက် ခံလူ ဒဲလ် ဘတ် ကို စာချုပ် ဖျက် သိမ်းကြေး ပေါင် ၂၆ သန်း ပေးချေကာ ခေါ်ယူဖို့ ပြင် ဆင် နေတယ် လို့ ကြားသိရပါတယ် ။

ဂျာမန် ကွင်းလယ်လူ ဂန် ဒိုဂန် က တော့ လာမယ့် အပတ် ထဲမှာ ဘောလုံးနဲ့ ပြန် လည် ထိတွေ့ကာ စီးတီး အသင်း ရာသီကြိုပွဲစဉ်တွေက နေပြန် လာချိန် မှာ အသင်းနဲ့ အတူပြန် လည် လေ့ကျင့်နိုင် တော့မယ် လို့ ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။

လာလီဂါ တန်းတက် ဂီရိုနာ အသင်းဟာ မန်စီးတီး လူငယ် ၂ ဦးဖြစ် တဲ့ ဘရာဟင် နဲ့ ပက် ထရစ် ရောဘတ် တို့ကို ခေါ်ယူဖို့ ဆွေးနွေး နေတယ် လို့ ကြားသိရပါတယ် ။

စတုတ် စီးတီးအသင်းက တော့ စီးတီး ကွင်းလယ်လူ ဖေဘီယန် ဒဲ့လ်ဖ် ကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ်လို့ သတင်းကြားသိရပါတယ် ။

=============================================

အာဆင် နယ်

အာဆင် နယ် အသင်းက တော့ လိုင် ယွန် တိုက် စစ် မှုး အလက်ဇန်းဒါး လာကာဇက် တီ ကို ကလပ် စံချိန် တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ် ပါတယ် ။

လာကာဇက် တီ ဟာ အာဆင် နယ် အသင်းထံ ယမန်နေ့က ရောက် ရှိလာခဲ့ပြီး အသင်းအတွက် ဓါတ်ပုံရိုက် ကူးသွားခဲ့ပါတယ် ။

လာကာဇက် တီ ဟာ အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေမှာ ပါဝင် ကစားမယ် လို့လည်း သိရပါတယ် ။

လာကာဇက် တီ ရောက် ရှီလာမှုကြောင့် ၀ဲဘတ် ၊ ဝေါကော့ နဲ့ ဂီရော့ တို့ ၃ ဦးအနက် တစ် ဦး ထွက် ခွာဖို့ အလားအလာများလာခဲ့ပြီဖြစ် ပါတယ် ။ လက် ရှိအချိန် မှာတော့ သီယိုဝေါကော့ နဲ့ ဂီရော့ တို့ကို ၀က်စ်ဟမ် နဲ့ အဲဗာတန် အသင်းတွေက စိတ် ၀င် စားနေတာဖြစ် ပါတယ် ။

အာဆင် နယ်ကစားသမားဟောင်း ၀င်းတားဘမ်း က တော့ အိုလီဗာ ဂီရော့ အသင်းမှာ ဆက် နေသွားဖို့ မျှော် လင့်ထားတယ် လို့ ဆိုသွားခဲ့ပါတယ် ။ ဒါ့အပြင် ဂီရော့ ဟာ အာဆင် နယ် အသင်းမှာ လိုအပ် နေတဲ့ အရည် အ သွေးကို ပိုင် ဆိုင် ထားသူဖြစ် တယ်လို့ ဆိုသွားခဲ့ပါတယ် ။

အာဆင် ၀င်းဂါးက တော့ လာကာဇက် တီ နဲ့ ကိုလာဆီနက် တို့ကို ခေါ်ယူအပြီးမှာ နောက် ထပ် ကစားသမား ၂ ဦး ထပ် မံ ခေါ်ယူလိုသေးတယ် လို့ သိရပါတယ် ။

“လာကာဇက်တီ က လာမယ့် ရာသီမှာ ကျွန်တော် တို့ရဲ့ ချန် ပီယံဆု စိန် ခေါ် ရေးမှာ အ ထောက် အကူပြုသွား မယ့် ကစားသမားတစ်ဦးပါ”
#အာဆင်းဝင်းဂါး

“ကျွန်တော် နဲ့ လာကာဇက် တီ က အလွန် ရင်းနှီးပါတယ် ။ လိုင် ယွန် အသင်းအတွက် သူ ဂုဏ် ယူရ အောင် စွမ်းဆောင်ပေးနိုင် မယ် လို့ မျှော် လင့်ထားပါတယ်”
#အူလပ် ( လိုင် ယွန် နည်းပြ )

“မင်းအတွက် အရမ်းဝမ်းသာမိပါတယ် သူငယ် ချင်း ။ ဂိုးတွေ အများကြီး သွင်းနိုင် ပါစေ”
#အန်တိုနီဂရစ်ဇ်မန်း ( ပြင် သစ် အသင်းဖော် )

“ကျွန်တော် အာဆင် နယ်နဲ့ အရာအားလုံးကို စွမ်းဆောင်ပြ ချင် ပါတယ် ။ အသင်းအတွက် ဆုဖလားတွေကို ကိုင်မြောက်နိုင် ဖို့ အတွက် ကူညီပေးသွားလိုပါတယ်”
#လာကာဇက်တီ

အာဆင် နယ် အသင်းဟာ သြဂုတ် လ အတွင်းမှာ သောကြာနေ့ည ပွဲစဉ် တစ် ပွဲ ပါဝင် ခဲ့ပြီး လက် စတာ စီးတီး အသင်းကို အီးမရိတ် ကွင်းမှာ သြဂုတ် ၁၁ ရက် နေ့ မှာ လက် ခံ ကစားသွားရမှာဖြစ် ပါတယ် ။

ဂန်းနားကွင်းလယ်လူ ဇာကာ က တော့ ယမန်နှစ် က စေ့စပ် ထားခဲ့တဲ့ ချစ် သူ လီကာ နဲ့ လက် ထပ် မင်္ဂလာဆင်မြန်းလိုက်ပြီဖြစ် ပါတယ် ခင် ဗျာ ။

ဗစ် ဆယ် ကိုဘီ အသင်းထံ ပြောင်းရွှေ့ ကစားမယ့် ဂန်းနား တိုက် စစ် မှုးဟောင်း ပိုဒေါ့စကီး ကို ဂျပန် ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုသွားခဲ့တယ် လို့ သိရပါတယ် ။

Mirror နဲ့ The Sun သတင်းစာတွေမှာတော့ အလက်ဆစ် ဆန်းချက် ဟာ တစ် ပတ် လုပ် ခ ပေါင် ၄ သိန်း အထိ တောင်းဆိုခဲ့တယ် လို့ သတင်းထွက် ပေါ်လာခဲ့ပါတယ် ။

=================================================

မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် တိုက် စစ် မှုး လူကာကူ ကို ခေါ်ယူလိုက်နိုင် ပြီလို့ သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ် ။ ဒါပေမယ့် ဒီသတင်းတွေဟာ မမှန်သေးပါဘူးလို့လည်း အချို့ သတင်း တွေက ဖော်ပြခဲ့ပါတယ် ။

ယူနိုက်တက် တိုက် စစ် မှုး ရွန်းနီ က တော့ လီဗာပူးမြို့ကို ယ နေ့သွားရောက် ခဲ့ပြီး မြို့နဲ့ နီးတဲ့ နေရာမှာ နေ အိမ် ၀ယ် ယူဖို့ စုံစမ်းခဲ့တယ် လို့သိ ရပါတယ် ။

ယူနိုက်တက် ဟာ လူကာကူ ကို ခေါ်ယူရာမှာ ၀ိန်းရွန်းနီ ကို အငှား ( လစာတစ် စိတ် တစ် ပိုင်းကို ယူနိုက်တက် က ပေးချေပြီး ) ဖြင့် စေလွှတ် ဖို့ ပြင် ဆင် ထားတယ် လို့ သိရပါတယ် ။

မာကာသတင်းစာက တော့ ယူနိုက်တက် တို့ဟာ ရီးရဲ တိုက် စစ် မှုး မိုရာတာ ကို လည်း ပစ် မှတ် ထားနေ ဆဲဖြစ် တယ် လို့ ဆိုခဲ့ပြီး ဗြိတိန် သတင်းတွေမှာတော့ ယူနိုက်တက်ဟာ မိုရာတာ ကို စိတ် မ၀င် စားတော့ဘူး လို့ ဖော်ပြခဲ့ပါတယ် ။

အင် တာမီလန် က တော့ ပါရီဆစ် အတွက် ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှု တွေကို ဆက် လက် ပယ် ချ နေဆဲဖြစ် ပါတယ် ။

ယူနိုက်တက် အသင်း နဲ့ ၀က်စ်ဟမ်း အသင်းတို့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ကို အင်္ဂလန် မှာ တိုက် ရိုက် ထုတ် လွှင့်ပြသမှာဖြစ်ပြီး ချန်ပီယံ ချဲလ်ဆီး ရဲ့ ပွဲစဉ် ကိုတော့ တိုက် ရိုက် ပြသမှာမဟုတ် ဘူးလို့ သိရပါတယ် ။ ဒီလိုမျိုး ချန် ပီယံ အသင်းရဲ့ အဖွင့်ပွဲစဉ် ကို တိုက် ရိုက် မပြသ ခဲ့တာဟာ ၂၀၀၃-၂၀၀၄ ရာသီနောက် ပိုင်း ပထမဆုံးအကြိမ်ဖြစ် ခဲ့တယ် လို့ သိရပါတယ် ။

ယူနိုက်တက် က စိတ် ၀င် စားခဲ့ဖူးတဲ့ ဥရုဂွေး နောက် ခံလူ လူးဝစ် ဂျီမီနက် က တော့ ပရီးမီးယားလိဂ် ဟာ ညီမျှပြီး စိတ် ၀င် စားဖို့ ကောင်းတာကြောင့် လာရောက် ကစားလိုကြောင်း ပြောဆိုခဲ့ပါတယ် ။

ပေါ့ဘာ က တော့ ယူနိုက်တက် နဲ့ ယ နေ့မှာ သတင်းကြီးခဲ့တဲ့ အဲဗာတန် တိုက် စစ် မှုး လူကာကူ နဲ့ အတူ နွေရာသီ အပန်းဖြေ အနားယူနေပြီး လူငယ် တိုက် စစ်မှုးလေး မားကပ် ရက်ဖိုဒ့် က တော့ Nike အားကစား ရုံးချုပ် ရဲ့ လေ့ကျင့်ရေးခန်းမ ထဲမှာ လေ့ကျင့်နေတယ် လို့ သိရပါတယ် ခင် ဗျာ ။

No comments:

Post a Comment