စာအုပ်နှင့်သီချင်းlink: မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ========================================= မန်ချက်စတာ ယူနိုက်တက် နည်းပြ ဟိုဆေး မော် ရင် ဟို ဟာ ကွင်းလယ် အဖျက် ကစားသမားတစ်ဦးကို ယခု နွေရာသီမှာ အရ ခေါ်ယူဖို့ စိတ် ပိုင်းဖြတ် ထားပြီး အဲရစ် ဒိုင် ယာ ကို ဦးစားပေးချိတ် ဆက် နေတယ် လို့ သိရ ပါတယ် ။

Search This Blog

Thursday, July 13, 2017

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ ========================================= မန်ချက်စတာ ယူနိုက်တက် နည်းပြ ဟိုဆေး မော် ရင် ဟို ဟာ ကွင်းလယ် အဖျက် ကစားသမားတစ်ဦးကို ယခု နွေရာသီမှာ အရ ခေါ်ယူဖို့ စိတ် ပိုင်းဖြတ် ထားပြီး အဲရစ် ဒိုင် ယာ ကို ဦးစားပေးချိတ် ဆက် နေတယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=========================================

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဟိုဆေး မော် ရင် ဟို ဟာ ကွင်းလယ် အဖျက် ကစားသမားတစ်ဦးကို ယခု နွေရာသီမှာ အရ ခေါ်ယူဖို့ စိတ် ပိုင်းဖြတ် ထားပြီး အဲရစ် ဒိုင် ယာ ကို ဦးစားပေးချိတ် ဆက် နေတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် စပါး အသင်းက တော့ ဒိုင် ယာ ကို ရောင်းထုတ် ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ် ။

မော် ရင် ဟို ဟာ ရိုးမားကွင်းလယ်လူ နိုင် ဂိုလန်း ကိုလည်း စိတ် ၀င် စားနေပြီး အဲရစ် ဒိုင် ယာ ကို မ ခေါ်ယူ နိုင် ပါက နိုင် ဂိုလန်း ကို ကမ်းလှမ်းဖွယ် ရှိတယ် လို့ ကြားသိရပါတယ် ။

ယူနိုက်တက် တိုက် စစ် မှုးဟောင်း ဇလာတန် က တော့ အေးဂျင့်ဖြစ် သူ ရွိုင်းအိုလာ နဲ့ တွေ့ဆုံကာ ညစာ အတူ စားသောက် ခဲ့တယ် လို့ သိရပါတယ် ။ ဇလာတန် ဟာ အောက် တိုဘာလအတွင်းမှာ ဒဏ် ရာက နေ ပြန် လည် သက် သာလာဖွယ် ရှိပြီး ယူနိုက် တက် အတွက် တဖန် ထပ် မံ ကစားဖို့ အ ခြေအ နေ ရှိနေ သေးတယ် လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ် ။

ဂယ် ရီ နဗီးက တော့ မာတစ် ဟာ ယူနိုက်တက် ကွင်းလယ် အတွက် ငွေ သုံးရကျိုးနပ် မယ့် ကစားသမားဖြစ် မှာပါလို့ ညွှန်းဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် တောင် ပံ ကစားသမားလေး ယာနူဇက် က တော့ ဆိုဆီဒက် အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ ယာနူဇက် ကို ပြန် ရောင်းထုတ် ဖို့ ဖြစ် လာခဲ့ပါက ပထမဆုံး ခေါ်ယူဖို့ စဉ်းစားခွင့် ရရှိမယ် လို့လည်း သိရပါတယ် ။

ဟိုဆေး မော် ရင် ဟို ဟာ ရီးရဲ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကို ခေါ်ယူဖို့ ငြင်းဆန် ခဲ့တာကြောင့် ယူနိုက်တက် က ကမ်းလှမ်းမှု မပြုလုပ်တော့တာဖြစ် တယ် လို့ နာမည်ကျော် အေးဂျင့် / သတင်းထောက် ဒန် ကန် ကတ် စတယ် က ဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် နောက် ခံလူ လုခ် ရှော ဟာ ယမန်နှစ် က တိုးတက် လာမှုတွေကို မြင်တွေ့ခဲ့တာကြောင့် ယခု နွေရာသီမှာ မော် ရင် ဟို ရောင်းမထုတ် ဖို့ ဆုံးဖြတ် ခဲ့တာလည်းဖြစ် တယ် လို့ ကြားသိရပါတယ် ။

ယူနိုက်တက် နောက် ခံလူသစ် လင် ဒီလော့ဖ် ဟာ ကျောနံပါတ် ၂ ၊ လူငယ် ကွင်းလယ်လူ ပါရဲရား ဟာ ကျောနံပါတ် ၁၅ ( သို့ ) ၄၄ ကို ရွေးချယ် ဖွယ် ရှိတယ် လို့ သိရပါတယ် ။ အခြားလစ် လပ် နေတဲ့ နံပါတ် တွေက တော့ ၁၀ နဲ့ ၇ တို့ဖြစ် ပါတယ် ။

အင် တာ မီလန် အသင်းရဲ့ ဒါရိုက် တာ အူဆီလီယို က တော့ အင် တာ နဲ့ ပါရီဆစ် တို့ရဲ့အ ပြောင်းအ ရွှေ့ ဟာ ဖြစ် ပေါ်လာမှာမဟုတ် ပါဘူးလို့ ဆိုသွားခဲ့ပါတယ် ။

No comments:

Post a Comment