စာအုပ်နှင့်သီချင်းlink: ထရမ့်၏ မူဆလင်ခြောက်နိုင်ငံမှနိုင်ငံသားများ အပေါ်ပြည် ဝင်ခွင့် ပိတ်ပင်မှု တစ်စိတ်တစ် ဒေသ အကျိုးသက်ရောက်

Search This Blog

Saturday, July 1, 2017

ထရမ့်၏ မူဆလင်ခြောက်နိုင်ငံမှနိုင်ငံသားများ အပေါ်ပြည် ဝင်ခွင့် ပိတ်ပင်မှု တစ်စိတ်တစ် ဒေသ အကျိုးသက်ရောက်

ထရမ့်၏ မူဆလင်ခြောက်နိုင်ငံမှနိုင်ငံသားများ အပေါ်ပြည် ဝင်ခွင့် ပိတ်ပင်မှု တစ်စိတ်တစ် ဒေသ အကျိုးသက်ရောက်
��������������������������������������������
ဝါရှင်တန် ဇွန် ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်လူ့အခွင့်အရေးအဖွဲ့များနှင့် တရားရင်ဆိုင်မှုတွင် အနိုင်ရရှိပြီးနောက် ၎င်းချမှတ်ထားသည့် အဓိကမူဆလင်နိုင်ငံခြောက်နိုင်ငံမှနိုင်ငံသားများ နိုင်ငံ အတွင်းသို့ဝင်ရောက်ခွင့်ပိတ်ပင်မှုသည် ဇွန် ၂၉ ရက်၌ တစ်စိတ်တစ်ဒေသအားဖြင့် အကျိုး သက်ရောက်လာကြောင်း သိရသည်။

သို့သော် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့်နိုင်ငံများမှနိုင်ငံသားများသည် အမေရိကန် ပြည်ထောင် စုရှိ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သို့မဟုတ် ကျောင်း သို့မဟုတ် အသက်မွေး ဝမ်းကျောင်း တစ် ခုခုနှင့် စစ်မှန်စွာပတ်သက်ဆက်နွှယ်မှုမရှိသူများကိုသာ နိုင်ငံအတွင်း သို့ဝင်ရောက် ခွင့် တားမြစ်ရန် တရားရုံးချုပ်ကအမိန့်ချမှတ်လိုက်သည်။ ထရမ့်၏နိုင်ငံအတွင်း ဝင်ရောက် ခွင့်ပိတ် ပင်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန် ကန့်ကွက်ပြီးနောက်ပိုင်း ငါးလကြာ တရား ရင်ဆိုင်ခဲ့ရပြီး တရားရုံးချုပ်က ယခုရက်သတ္တပတ်အစောပိုင်းတွင် အမိန့် ချ လိုက်ခြင်းဖြစ်သည်။

တရားရုံးချုပ်က အမိန့်ချမှတ်ပြီးနောက်အမေရိကန်အစိုးရအနေဖြင့် အီရန်၊ လစ်ဗျား၊ဆိုမာ လီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့်ယီမင်နိုင်ငံတို့ရှိ လူ ဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် သံတမန် များ က မည်သည့်နိုင်ငံမှမည်သူက အမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်ခွင့် ရှိ၊ မရှိ ဆုံးဖြတ် ရန်အတွက်စံသတ်မှတ်ချက်များထုတ်ပြန်ရန်လိုအပ်လာကြောင်းသိရသည်။ ထရမ့်၏ပြည်ဝင်ခွင့်ပိတ်ပင်မှုကြောင့် နိုင်ငံအတွင်းသို့ဝင်လာသည့် ခရီးသည်များက တရား ဥပဒေ ဆိုင်ရာစိန်ခေါ်မှုအများအပြားကိုဖြစ်ပေါ်စေမည်ဟု ထရမ့်၏ လုပ်ဆောင် ချက်ကို ထောက် ခံ သည့်ရှေ့နေများနှင့် ကန့်ကွက်လျက်ရှိသည့်ရှေ့နေများက ပြောသည်။

သို့သော် နိုင်ငံအတွင်းသို့ဝင်လာသူများအား ထောက်ခံထားသူများအနေဖြင့် ထရမ့်၏ လုပ်ဆောင် ချက်ကို အပြင်းအထန်ကန့်ကွက်၍၎င်းတို့ကို အကူ အညီပေးရန် လေဆိပ်များသို့ သွား မည်ဟုပြောထားကြောင်း သိရသည်။

နယူးယောက် လူဝင်မှုကြီးကြပ်ရေးညွန့်ပေါင်းအဖွဲ့အနေဖြင့် နယူးယောက်မြို့ရှိ ဂျွန်အက်ဖကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွား၍ ထရမ့် ၏ပြင် ဆင်မွမ်းမံထားသည့် မူဆလင်နှင့် ဒုက္ခ သည်ပိတ်ပင်ရေး၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်လေ့လာမည်ဟု ယင်းအဖွဲ့က ဇွန် ၂၉ ရက်တွင် ပြောသည်။

No comments:

Post a Comment