10-7-2017
နောက်ဆုံးရအားကစားသတင်းများ
====================
နာရီပိုင်းအတွင်းကပဲ နည်းပြမော်ရင်ဟိုဦးဆောင်မူ့နဲ့အတူ မန်ယူအသင်းသား
များဟာ ရာသီကြို ခြေစမ်းပွဲ နှင့် Intrenation Champion cup ချစ်ကြည်ရေး ဖလား ကစားဖို့ကအတွက် အမေရိကန်ကိုထွက်ခွာသွားကြပြီဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင်နောက်ခံလူရိုဒီဂါဟာရိုးမားမှချဲလ်ဆီးကိုပေါင်၃၄သန်းနဲ့အပြီးသတ်မပြောင်းရွေ့မီလန်ဒန်မှာဆေးစစ်မှုခံယူနေပြီဖြစ်တယ်လို့သိရပါတယ်
လိုင်ယွန်မှရိုးမားကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲယူရို၅သန်းနဲ့ပြောင်းရွေ့လာခဲ့တဲ့
ကွင်းလယ်လူမက်ဇင်းဂွန်နာလွန်စ်ကရိုးမားဟာစီးရီးအေရဲ့အကောင်းဆုံး
ကွင်းလယ်ကိုပိုင်ဆိုင်ထားတယ်လို့ပြောလိုက်ပါတယ်။
လီဗာပူးလ်အသင်းပိုင်ရှင်များသည်၎င်းင်းတို့၏နည်းပြဖြစ်သူဂျာဂန်ကလော့ပ်အား ယခုနွေရာသီတွင် စံချိန်တင်အဖြစ် ပေါင်သန်း (၂၀၀)အထိသုံးစွဲရန် ခွင့်ပြုထားကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
ဗန်ဒိုက်နှင့် ကီတာတို့မှာ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ ကစား ရန်ဆန္ဒရှိနေပြီး ၎င်းတို့၏အသင်းများက တားဆီးပိတ်ပင်မှု များပြုလုပ်နေ၍ အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် ခက်ခဲနေခြင်းဖြစ် ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သညင်းစာက ဖော်ပြခဲ့သည်။
မန်ယူအသင်းသို့ ကွင်းလည်လူမာတစ်အားရောင်းချမည်သွားမည်မဟုပ်
ဟုသိရပါတယ် ။
ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏တိုက်စစ်မှူးဟောင်း လူကာကူအား ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေချိန်တွင် မန်ယူအသင်းက လက်ဦးမှုရယူ ပြီး လူကာကူအား ခေါ်ယူခဲ့ခြင်းကြောင့် ကွင်းလည်လူမာတစ်အား ရောင်းချဖို့
အစီစဉ်အား ဖျက်ခဲ့တယ်လို့ဖော်ပြထာပါတယ် ။
အက်တလက်တီကို မက်ဒရစ်အသင်းရဲ့ ခံစစ်ကစားသမား ဂျင်မန်နီဇ်ဟာ လာလီဂါမှ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးအထူးသဖြင့် အာဆင်နယ်ဒါမှမဟုတ် မန်ယူအသင်းတွေမှာ သွားရောက် ကစားချင်တယ်လို့ ဆိုပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဘက်တစ်အသင်း၏ စပိန်လူငယ်အားခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီးအဆိုပါစပိန်ယူ-၂၁အသင်း၏အကောင်းဆုံးက
စားသမားဆုရ အသက်(၂၀)နှစ်အရွယ်ရှိ ဆီဘာယော့စ်အားလာမည့် တနင်္လာနေ့တွင် ဆေးစစ်ဆေးကာ တစ်ပတ်အတွင်း အပြီးသတ်လက်မှတ်ထိုးဖွယ်ရှိနေကြောင်း သိရသည်။
No comments:
Post a Comment