စာအုပ်နှင့်သီချင်းlink: ချဲလ်ဆီး သတင်းတိုများ ==================================== ချဲလ်ဆီး တိုက် စစ် မှုး မိုရာတာ ဟာ ယမန်နေ့က အသင်းသစ် နဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း စတင်ပြုလုပ် ခဲ့ပြီဖြစ် ပါတယ် ။

Search This Blog

Monday, July 24, 2017

ချဲလ်ဆီး သတင်းတိုများ ==================================== ချဲလ်ဆီး တိုက် စစ် မှုး မိုရာတာ ဟာ ယမန်နေ့က အသင်းသစ် နဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း စတင်ပြုလုပ် ခဲ့ပြီဖြစ် ပါတယ် ။

ချဲလ်ဆီး သတင်းတိုများ

====================================

ချဲလ်ဆီး တိုက် စစ် မှုး မိုရာတာ ဟာ ယမန်နေ့က အသင်းသစ် နဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း စတင်ပြုလုပ် ခဲ့ပြီဖြစ် ပါတယ် ။

အသင်းရဲ့ အားထားရတဲ့ တောင် ပံ ကစားသမား အီဒင် ဟာဇက် ဟာလည်း လန်ဒန် က အသင်းရဲ့ လေ့ကျင့် ရေးကွင်းမှာ ပြန် လည် လေ့ကျင့်နေပြီဖြစ် ပါတယ် ။

ချဲလ်ဆီး ဟာ ကာဘယ် လီယို ၊ ရူဒီဂါ ၊ ဘာကာယိုကို ၊ မိုရာတာ တို့ကို ခေါ်ယူထားပြီးဖြစ် ပေမယ့် ပဉ္စမ မြောက် ခေါ်ယူမှု ကို ပြုလုပ် ဖို့ လုပ်ဆောင် နေ သေးတယ် လို့ သိရပါတယ် ။

သတင်းတွေက တော့ အာဆင် နယ် တောင် ပံ ကစားသမား ချိန် ဘာလိန် နဲ့ ဖလူမီနီးစ် အသင်းရဲ့ ရှေ့တန်း ကစားသမားလေး ရစ်ခ်ျ လီဆင် တို့ အနက် တစ် ဦး ကို ကွန် တီ ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ ဖော်ပြ သွားခဲ့ပါတယ် ။

အင်္ဂလန် တိုက် စစ် မှုးဟောင်း မိုက် ကယ် အိုဝင် က တော့ ချဲလ်ဆီး ဟာ လာမယ့် ရာသီ မှာ အနိုင် ယူဖို့ ပိုမို ခက် ခဲတဲ့ အသင်းဖြစ် လာလိမ့်မယ် လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ် ။

ယမန်နှစ် က ချဲလ်ဆီးရဲ့ ညာ wing-back အဖြစ် ကစားခဲ့တဲ့ ဗစ် တာ မော့ဆက် ဟာ ယခုရာသီမှာ နေရာ ပျောက် ဖွယ် ရှိပြီး အက်ဇ် ပီလီကွီတာ ကို ညာ wing-back အဖြစ် ကွန် တီ အသုံးပြုနိုင် ခြေရှိတယ် လို့ သိရ ပါတယ် ။

အသင်းရဲ့ တိုက် စစ် မှုးတွေဖြစ် တဲ့ မိုရာတာ နဲ့ ဘတ် ရှူဝါရီ တို့ဟာ ငယ် ရွယ်ပြီး အနာဂါတ် ကောင်းတွေ များစွာ ပိုင် ဆိုင် ထားတဲ့ ကစားသမားတွေဖြစ် ပြီး ပရီးမီးယားလိဂ် က ဖိအားတွေကို တောင့်ခံနိုင် ဖို့ လိုအပ် တယ် လို့ ကွင်းလယ် လူ ဆက် ဖာဘရီဂတ် က ပြောဆိုသွားခဲ့ပါတယ် ။

ကွန် တီ က  တော့ ဖာဘရီဂတ် ဟာ နံပါတ် ၁၀ နေရာ ( ကွင်းလယ် ဖန် တီး ရှင် ) မှာလည်းကစားနိုင် သူ ဖြစ် တယ် လို့ ဆိုသွားခဲ့တာကြောင့် ရာသီသစ် မှာ ဖာဘရီဂတ် ကို ပွဲထွက် စာရင်းမှာ မကြာခဏ မြင်တွေ့ရနိုင် တယ်လို့ ခန့်မှန်းလာခဲ့ကြပါတယ် ။

“အာဆင် နယ် နဲ့ ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ် ။ ဘိုင်ယန် နဲ့ အင် တာမီလန် တို့နဲ့ ပွဲတွေမှာလည်း အခုလို ပုံစံကောင်းကို ဆက် လက် ထိန်းသိမ်းနိုင် မယ် လို့ မျှော် လင့်ထားပါတယ်”
#၀ီလ်ယံ

ချဲလ်ဆီး ဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ဘိုင်ယန်မြုးနစ် ၊ အင် တာမီလန် အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားဦး မှာဖြစ် ပါတယ် ။

No comments:

Post a Comment