စာအုပ်နှင့်သီချင်းlink: နောက်​ဆုံးရအားကစားသတင်းများ ==================== ယ​နေ့မှာပဲ ဘာစီလိုနာအသက်းနဲ့ စာချုပ်​သ​ဘောတူညီချက်​ရရှိသွားနဲ့ မက်​ဆီ ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အဓိ က တိုက်စစ်မှူးဖြစ်သူ မက်ဆီအား တစ်ပတ်လစာပေါင်(၅)သိန်းဖြင့်၂၀၂၁ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုထုတ်ပြန်ကြေ ညာခဲ့သည်။

Search This Blog

Wednesday, July 5, 2017

နောက်​ဆုံးရအားကစားသတင်းများ ==================== ယ​နေ့မှာပဲ ဘာစီလိုနာအသက်းနဲ့ စာချုပ်​သ​ဘောတူညီချက်​ရရှိသွားနဲ့ မက်​ဆီ ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အဓိ က တိုက်စစ်မှူးဖြစ်သူ မက်ဆီအား တစ်ပတ်လစာပေါင်(၅)သိန်းဖြင့်၂၀၂၁ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုထုတ်ပြန်ကြေ ညာခဲ့သည်။

6-7-2017

နောက်​ဆုံးရအားကစားသတင်းများ
====================

ယ​နေ့မှာပဲ ဘာစီလိုနာအသက်းနဲ့ စာချုပ်​သ​ဘောတူညီချက်​ရရှိသွားနဲ့ မက်​ဆီ
ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အဓိ က တိုက်စစ်မှူးဖြစ်သူ မက်ဆီအား တစ်ပတ်လစာပေါင်(၅)သိန်းဖြင့်၂၀၂၁ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုထုတ်ပြန်ကြေ ညာခဲ့သည်။

ရီးရဲမက်ဒရစ် အသင်းသည်   မိုနာကို တိုက်စစ်မှုး မက်ပီကိုခေါ်ယူနိုင်မည်ဆိုပါ ကအသင်း မှ တိုက်စစ်အားသန်သည့် ကွင်းလယ်လူ ဂါးရက်ဘေးလ်ကို ရောင်းထုပ်​ဖွယ်​ရှိ​နေပါတယ်​ ။

တိုက်စစ်မှုးမိုရာတာနှင့်မန်ယူတို့ယခုသီတင်းပတ်အတွင်းအပြီးသတ်စာချုပ်ဖွယ်ရှိနေတယ်​လို့ ​နောက်​ဆုံးသတင်း​တွေအရသိရပါတယ်​ ။

ဆီဗီးလားအသင်းသည် အသင်းခေါင်းဆောင် ဗင်ဆင်တေး အိုင်ဘိုရာကို လက်စတာအသင်းသို့ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်​ ။

သတင်းတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီးနောက် ရီးရဲနောက်ခံလူ ပီပီကတော့ ဘက်ဆစ်တက်အသင်းထံ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်​ပါတယ်​ ။

အာဆင် နယ် ကွင်းလယ်လူ ကာဇိုလာ ဟာ လွန် ခဲ့တဲ့ ၂ နှစ် လောက် က စတင်ပြီး ဒဏ် ရာကြောင့် အသင်း အတွက် ပွဲချိန် နည်းနည်းပဲကစားခဲ့ရပါတယ်  နောက် ဆုံးကြားသိရတဲ့သတင်းတွေအရ ကာဇိုလာ ရဲ့ ဒဏ် ရာဟာ သက် သာတိုးတက် လာမှု မရှိ ပဲ ၂၀၁၇-၂၀၁၈ ဘောလုံး၇ာသီ တစ် ခုလုံးကိုပါ ထပ် မံ လွဲချော် ဖို့ ရှိနေပြန် တယ် လို့ သိရပါတယ် ။

မန်ယူအသင်း၏ စံချိန်တင်ဂိုးသွင်းရှင်တစ်ဦးဖြစ်သူ ၀ိန်းရွန်နီသည် အသင်းဟောင်းအဲဗာတန်အသင်းထံသို့ပြန်လိမ့်မည်ဟုသတင်းများထွက်ပေါ်နေပါတယ်​ ။ ဒါ​ပေမယ့်​ တရားဝင် ၀န်ခံမှုကိုမှ ပြုလုပ်ခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။

လီဗာပူးနောက်ခံလူမာမာဒူဆာခိုဟာခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု၇ရှိခဲ့တယ်လို့သိရပေမယ့်ပ၇ီးမီးယားလိဂ်ကလပ်နှစ်သင်းကြားပေါင်သန်း၃၀ဆိုတဲ့ပြောင်းရွေ့ကြေးကိုတော့သဘောတူညီမှုမရသေးဘူးလို့သိရပါတယ်။

အဲဗာတန်အသင်းဟာဘန်လေနဲ့စာချုပ်တစ်နှစ်သာကျန်တော့တဲ့နောက်ခံလူမိုက်ကယ်ကိန်းပေါင်သန်း၃၀ကိုပေးချေခဲ့တာကြောင့်မြို့ခံပြိုင်ဘက်ဖြစ်တဲ့လီဗာပူးဟာဆိုရင်လည်းဆာခိုဟာကိန်းနဲ့အရည်အသွေးတူကစားသမားအဖြစ်သတ်မှတ်ထားတာကြောင့်ပေါင်သန်း၃၀ရမှာသာရောင်းချသွားဖို့ဆုံးဖြတ်ထားပါတယ်။

လီဗာပူးအသင်းဟာလိုင်ယွန်အသင်းရဲ့ဗဟိုနောက်ခံလူဖြစ်တဲ့အီမန်နူရယ်မန်မာနာကိုပြောင်းရွေ့ကြေးပေါင်၁၄.၉သန်းနဲ့ကမ်းလှမ်းသွားခဲ့တယ်လို့သိရပြီးအာဂျင်တီးနားနောက်ခံလူကိုငါးနှစ်စာချုပ်တစ်ပတ်ပေါင်၅သောင်း၎ထောင်နဲ့စာချုပ်ချုပ်ဆိုသွားဖို့ရည်ရွယ်ထားပါတယ်။

လီဗာပူးအသင်းရဲ့တိုက်စစ်မှုးဆာဒီယိုမာနေးဟာအင်တာမီလန်နည်းပြသစ်စပယ်လက်တီခေါ်ယူချင်တဲ့ပစ်မှတ်ကစားသမားငါဦးစာရင်းမှာအံ့အားသင့်ဖွယ်ပါဝင်နေတယ်လို့သိရပါတယ်။

လီဗာပူးလူငယ်ကြယ်ပွင့်ဖြစ်သူရိုင်ယန်ဘရူးစတားဟာခြေထောက်ဒဏ်ရာရရှိသွားခဲ့တာကြောင့်အန်ဖီးကလပ်ရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကိုလွယ်ချော်သွားဖို့များ​နေပါတယ်

PSGအသင်းဟာရာသီသစ်အတွက်လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့သိရပါတယ်

No comments:

Post a Comment