စာအုပ်နှင့်သီချင်းlink: ဗိုလ်လုပွဲအတွေ့အကြုံပိုင်းမှာ ဂျာမနီထက် သာနေတဲ့ ချီလီအသင်း ချန်ပီယံ ဖြစ်သွား မယ် တိုက်ကြီးများဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်

Search This Blog

Sunday, July 2, 2017

ဗိုလ်လုပွဲအတွေ့အကြုံပိုင်းမှာ ဂျာမနီထက် သာနေတဲ့ ချီလီအသင်း ချန်ပီယံ ဖြစ်သွား မယ် တိုက်ကြီးများဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်

ဗိုလ်လုပွဲအတွေ့အကြုံပိုင်းမှာ ဂျာမနီထက် သာနေတဲ့ ချီလီအသင်း ချန်ပီယံ ဖြစ်သွား မယ်
တိုက်ကြီးများဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်
��������������������������������������������

တိုက်ကြီးများဖလား ပြိုင်ပွဲဆိုတာ တစ်ကမ္ဘာလုံးက တိုက်ကြီးတွေရဲ့ ချန်ပီယံ အသင်းတွေ ယှဉ်ပြိုင်ရတဲ့ပွဲ ဖြစ်တာကြောင့် ဗိုလ်တကာ့ ဗိုလ်လုပွဲလို့ ဆိုနိုင်ပါတယ်။ ဇူလိုင် ၂ ရက်ညမှာ ၂၀၁၇ တိုက်ကြီးများ ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ အသင်းနဲ့ နောက်ဆုံး နှစ်ကြိမ်ဆက် တောင်အမေရိက တိုက်ရဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ချီလီအသင်းတို့ ယှဉ်ပြိုင်ကြပါတော့မယ်။

ဒီပြိုင်ပွဲမစခင်မှာ ဂျာမနီအသင်း နည်းပြ ဂျိုအာချင်လိုက လက်ရွေးစင်(ခ) အဆင့်ရှိတဲ့ သွေးသစ် ကစားသမားတွေကိုသာ ရွေးချယ်လာလို့ ဗိုလ်စွဲနိုင်ဖို့ မဖြစ်နိုင်တဲ့ အသင်း အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ တိုက်ကြီးများ ဖလားပြိုင်ပွဲမှာ ပျမ်းမျှအသက် အငယ်ဆုံးအသင်းအဖြစ် ယှဉ်ပြိုင်တဲ့ ဂျာမနီအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းက ကစားသမား သုံးဦးသာ ပြန်ရွေးချယ်လာတဲ့အတွက် ဒီလိုထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျာမနီအသင်းက လူငယ် သွေးသစ် ကစားသမား တွေကို ရွေးချယ်လာတယ်ဆိုပေမယ့် တကယ်တမ်းပြိုင်ပွဲ ကစားတဲ့အခါမှာ လက်ရွေးစင် အသင်းကြီးနဲ့မခြား ပါရမီရှင်ကစားသမားတွေကို ပွဲထုတ်ရင်း ရလဒ်တွေ အထူးကောင်းခဲ့တာကို တွေ့ရပါတယ်။

ဂျာမနီအသင်းက ဥရောပချန်ပီယံရှစ် ယူ-၂၁ ပြိုင်ပွဲကိုလည်း တစ်ပြိုင်တည်း ကစား နေရာ မှာ အကောင်းဆုံး လူငယ် ကစားသမားတွေကို ခွဲပြီး ပြိုင်ပွဲနှစ်ပွဲ တစ်ခါတည်း ကစားနေရချိန်မှာတောင် ရလဒ်တွေ ကောင်းနေတဲ့အတွက် အထူးချီးကျူးရမယ့် အနေအထားမှာ ရှိနေပါတယ်။ မက္ကဆီကိုလို အသင်းကို ဆီမီးဖိုင်နယ်မှာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ကစားခဲ့တဲ့ ဂျာမနီအသင်းရဲ့ ခြေစွမ်းက ချီးကျူးရမှာပါ။ အသင်းခေါင်းဆောင် ဒရက်ဇ်လာက လက်ရှိ ဂျာမနီအသင်းမှာ အတွေ့အကြုံ အများဆုံး ဖြစ်ပေမယ့် အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် အိုလံပစ်ပြိုင်ပွဲဝင်ရင်တောင် ရတဲ့အသင်းမျိုးနဲ့ အခုလို တိုက်ကြီးများဖလား ပြိုင်ပွဲ ယှဉ်ပြိုင်လာတဲ့ ဂျာမနီရဲ့ ဘောလုံးမျိုးဆက်သစ်ကြွယ်ဝမှု လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့် ဂျာမနီအသင်းရဲ့ ပြိုင်ပွဲအစီအမံ (Tournament Plan) က တခြားနိုင်ငံတိုင်း ထက် သာလွန် ကောင်းမွန်တာကို သတိပြုရမှာ ဖြစ်ပါတယ်။ နည်းပြ ဂျိုအာချင်လို ကလည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားခြင်း မရှိဘူးလို့ ပြောခဲ့တဲ့ အတွက် အတွေ့အကြုံ အားနည်းပေမယ့် ကစားသမားတွေက ဖိအားကင်းကင်းနဲ့ ကိုယ်ရည်ကိုယ်သွေး တွေကို ထုတ်ပြနိုင်ခဲ့လို့ ဒီလို ဗိုလ်လုပွဲ အဆင့် ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းက အုပ်စုတွင်းမှာ အတူကျခဲ့စဉ် တစ်ဂိုး စီ သရေ ကျခဲ့ပြီး လက်ရှိ ကစားနေတဲ့ ခြေစွမ်းအရ နှစ်သင်းစလုံးက ဗိုလ်လုပွဲနဲ့ ထိုက်တန် တယ်လို့ လက်ခံရမှာ ဖြစ်ပါတယ်။ ဂျာမနီအသင်းက လက်ရှိမှာ နောက်ဆုံး ကစားတဲ့ ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး ကစားသမား အရင်းအမြစ် ကြွယ်ဝမှုကို လူငယ်တွေ ရွေးလာပြီး သက်သေပြနေတဲ့ အတွက် လျှော့တွက်လို့ လုံးဝမရတဲ့ အသင်းအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ချီလီအသင်း ကတော့ အတွေ့အကြုံ အရင့်ဆုံး ကစားသမားတွေနဲ့ အတောင့်တင်းဆုံး အသင်းအဖြစ် အခုပြိုင်ပွဲကို ယှဉ်ပြိုင်နေတာ ဖြစ်လို့ နှစ်သင်းကြားမှာ အတွေ့အကြုံ ပိုင်းကတော့ ကွာခြားမှာ သေချာပါတယ်။

ဂျာမနီအသင်းက ခြေစွမ်း ကောင်းမွန်တယ် ဆိုပေမယ့် အတွေ့အကြုံပိုင်း အားနည်း ချက်ကြောင့် ကစားတဲ့ တိုက်ကြီးများဖလား ပြိုင်ပွဲလေးပွဲ စလုံးမှာ ပွဲတိုင်း ဂိုးပေးခဲ့ရပြီး ငါးဂိုးပေးခဲ့ရတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကွင်းလယ် ကစားသမားတွေ ဂိုးသွင်းနိုင်စွမ်းမြင့်ခြင်းနဲ့ အတူ ဂျာမနီက လေးပွဲမှာ ၁၁ ဂိုးသွင်းနိုင်ခဲ့တာကြောင့် တိုက်စစ် ကစားပုံကိုတော့ ချီလီအသင်း သတိထားပြီး ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

နှစ်သင်းအစဉ်အလာကို ကြည့်ရင် အရင်ငါးကြိမ် တွေ့ဆုံမှုမှာ ချီလီက ဂျာမနီကို တစ်ခါမှ မနိုင်ခဲ့ဖူးပါဘူး။ ဂျာမနီက လေးပွဲနိုင်ခဲ့ပြီး အခုပြိုင်ပွဲ အုပ်စုအဆင့်ပွဲမှ သရေကျခဲ့တာ ဖြစ်ပါတယ်။ ယခု ဗိုလ်လုပွဲဖြစ်တာကြောင့် ဗိုလ်လုပွဲ အတွေ့အကြုံပိုင်းမှာ ဂျာမနီထက် သာနေသလို သမ္ဘာရှိတဲ့ ကစားသမားတွေ ပြည့်နှက် နေတဲ့ ချီလီ အသင်းပဲ ဗိုလ်စွဲသွားမှာပါ။

No comments:

Post a Comment