မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
=========================================
အင်္ဂလန် ရဲ့ တရားဝင်အ ပြောင်းးအ ရွှေ့ ရာသီဟာ ယမန်နေ့ ( ဇူလိုင် ၁ ) က စတင် ဖွင့်လှစ် ခဲ့ပြီဖြစ် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းက တော့ လူငယ် ကစားသမား ၃ ဦး နဲု့တိုက် စစ် မှုးကြီး ဇလာတန် တို့ အသင်းက နေ ထွက် ခွာသွားပြီဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ် ။
ဇလာတန် က တော့ ယူနိုက်တက် ပရိသတ်တွေ အတွက် နှုတ် ဆက်စကားကို Instagram မှာ ရေးသား နှုတ် ဆက် သွားခဲ့ပါတယ် ။
“I came. I said. I conquered”
#ZlatanIbrahimovic
ရီးရဲ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ဟာ အသင်းက နေ ထွက် ခွာခွင့်တောင်းဆိုထားတယ် လို့ သတင်း ကြားသိရပါတယ် ။ ရိုဒရီဂွက် ကို ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ PSG အသင်းတို့က စောင့်ကြည့်နေတာဖြစ် ပါတယ် ။
ယူနိုက်တက် ဟာ မိုက် ကယ် ကာရစ် ရဲ့ နေရာကို ဆက် ခံ မယ့် ကွင်းလယ် ကစားသမားတစ်ဦးကို ခေါ်ယူ ဖို့ စီစဉ် ထားပြီး လက် ရှိ ပစ် မှတ်တွေကို မ ခေါ်ယူနိုင် ခဲ့ပါက ရီးရဲ ကွင်းလယ်လူ ကိုဗာဆစ် ကို ခေါ်ယူဖို့ စိတ် ၀င် စားနေတယ် လို့ သိရပါတယ် ။
ယူနိုက်တက် ဟာ ကိုဗာဆစ် ကို ဆာအဲလက်စ်ဖာဂူဆန် လက် ထက် က စိတ် ၀င် စားခဲ့ပေမယ့် ဒိုင် နမို အသင်းက တောင်းဆိုတဲ့ ကြေးဟာ များလွန်းတယ် လို့ သတ် မှတ် ကာ နောက် ဆုတ် ခဲ့တာဖြစ် ပါတယ် ။
အင် တာမီလန် အသင်းတောင် ပံ ကစားသမား ပါရီဆစ် အတွက် ယူနိုက်တက် က ကမ်းလှမ်းခဲ့တဲ့ ငွေကြေး ဟာ အင် တာမီလန် တောင်းဆိုထားတဲ့ ငွေကြေး ထက် ပေါင် ၁၀ သန်း လျော့နည်းနေတာကြောင့် ဒါမီယန် ကို အလိုက် တောင်းဆိုခဲ့တယ် လို့ သိရပါတယ် ။ ဒါပေမယ့် ယူနိုက်တက် က တော့ ဒါမီယန် ဟာ ပေါင် ဆယ် သန်း ထက် ပိုတန် တဲ့ ကစားသမားဖြစ် တာကြောင့် လက် မခံခဲ့ဘူးလို့ သိရပါတယ် ။
ဂိုးသမားကြီး ရိုမဲရိုးက တော့ အာဂျင် တီးနား အသင်းဖော် လီယွန် နယ် မက် ဆီရဲ့ မင်္ဂလာပွဲ ကို တက် ရောက် ချီးမြင့်ပေးခဲ့တယ်လို့ သိရပါတယ် ။
ချဲလ်ဆီးကွင်းလယ်လူ မာတစ် ဟာ ယမန်နေ့က အသင်းရဲ့ ဂျာစီသစ် မိတ် ဆက် ပွဲ ဓါတ် ပုံတွေ မှာ မပါဝင် တော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ သေ ချာသ လောက် ရှိလာခဲ့ပြီ လို့ သိရပါတယ် ။
ယူနိုက်တက် ဟာလာမယ့် စ နေ နေ့မှာ ရာသီကြိုခြေစမ်းပွဲတွေကို စတင် ကစားတော့မှာဖြစ်ပြီး အဆိုပါ နေ့ မတိုင် မီ ကစားသမားသစ် တစ် ဦး ထပ် မံ ရောက် ရှိလာနိုင် ကြောင်း မန်ချက်စတာ ည နေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။
ယူနိုက်တက် နဲ့ စာချုပ် သက် တမ်းတိုးတော့မယ့် လူငယ်လေး အိုလိုဆွန် ဒီ က အန် တိုနီယို ဗလင် စီယာ ဟာ သူ့ရဲ့ စံပြ ကစားသမားဖြစ် ပါတယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။
“ကျွန်တော့ရဲ့ ယူနိုက်တက် က အမည်ပြောင် က La Pioche ပါ ။ အဓိပ္ပယ် က တော့ ဂျိုကာ ပေါ့ ။ ဒီ အမည် ကို ဇာတ် လမ်းတစ် ခုတည်းက ယူထားတာပါ ။ ဒါပေမယ့် အဲ့ထဲက ဇာတ် ရုပ် အတိုင်းတော့ ကွက် တိကြီး မဟုတ် ပါဘူး ။ ဇာတ် လမ်းထဲမှာတော့ ရွာသားတွေကို လှည့်စားခဲ့တဲ့ သူတစ်ယောက် ရဲ့ အမည် ပါ ။ ကျွန်တော် က တော့ အသင်းဖော်တွေ ကို ဦးနှောက်စားစေတဲ့သူပေါ့ ။ Pog Trick လုပ် တာပေါ့ဗျာ”
“အသင်းသားတွေထဲမှာ ဖိုဆူမန် ဆာ က တာ အဆိုးဆုံးပဲဗျ ။ သူ က တာက တော်တော် ကို ရီရပါတယ် ။ အသင်းရဲ့ DJ သမားက တော့ အက် ရှ်လေယန်း ဒါမှမဟုတ် ရင် တော့ ကျွန်တော် ပေါ့ ။ DJ Pog ပေါ့ဗျာ”
#Pogba ရဲ့ Esquire Magazine နဲ့ အင် တာဗျုးက ကောက်နှုတ် ချက်
No comments:
Post a Comment