စာအုပ်နှင့်သီချင်းlink: မန်စီးတီးသတင်းတိုများ ============= * ဒူးဒဏ်ရာ ပြသနာ အနည်းငယ်ရရှိထားတဲ့ စီးတီးကစားသမားသစ် ဘာနာဒိုဆေးဗားဟာ ဒီကနေ့မှာပဲ ပေါ်တူဂီအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။ သို့သော်လဲ နည်းပြ ဆန်းချက်ကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Search This Blog

Saturday, July 1, 2017

မန်စီးတီးသတင်းတိုများ ============= * ဒူးဒဏ်ရာ ပြသနာ အနည်းငယ်ရရှိထားတဲ့ စီးတီးကစားသမားသစ် ဘာနာဒိုဆေးဗားဟာ ဒီကနေ့မှာပဲ ပေါ်တူဂီအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။ သို့သော်လဲ နည်းပြ ဆန်းချက်ကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးသတင်းတိုများ
=============

* ဒူးဒဏ်ရာ ပြသနာ အနည်းငယ်ရရှိထားတဲ့ စီးတီးကစားသမားသစ် ဘာနာဒိုဆေးဗားဟာ ဒီကနေ့မှာပဲ ပေါ်တူဂီအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။ သို့သော်လဲ နည်းပြ ဆန်းချက်ကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

* ဗီရိုနာအသင်းကတော့ စီးတီးအသင်းရဲ့ လူငယ်ကစားသမား ဇူကူလီနီ တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူလိုက်ပြန်ပြီဖြစ်ပါတယ်။

* မန်ဒီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့တော့မယ့်အကြောင်း မိုနာကိုအသင်းဖော်တွေကို အသိပေးလိုက်ပြီဖြစ်တယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ယူရို သန်း 40-45 ၀န်းကျင်မှာ သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။

* အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လဲ ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီးအသင်းရဲ့ အမေရိကား ခြေစမ်းပွဲ ခရီးစဉ်မှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

* စီးတီးနောက်ခံလူဟောင်း ဘိုတန်ဟာ ဘိုင်ယန်မှာ ပွဲထွက်ကစားခွင့်မရပဲ ဖြစ်နေတာကြောင့် အင်္ဂလန်ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

* ဘရီဒါအသင်းဟာ လူငယ်ကစားသမား မာနူဂါစီယာကို တရာသီအငှားနဲ့ ထပ်မံခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

* စကော့တလန်ကလပ် ဟတ်အသင်းဟာ စီးတီးရဲ့ အသက် 21 နှစ်အရွယ် လူငယ်ဘယ်နောက်ခံလူ စမစ်ဘရောင်းကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

* ဂိုးသမား ဘရာဗိုကတော့ သူ့အနေနဲ့ ဆန်းချက်ကို ကလပ်အသင်းဖော်အဖြစ် မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* ၀က်စ်ဟမ်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ လူငယ်တိုက်စစ်မှုး အီဟီနာချိုကို လက်စတာအသင်းကလဲ ပေါင်း သန်း 20 နဲ့ ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

* စပါးအသင်းဟာ ဝေါ်ကာအတွက်ပြောင်းရွှေ့ကြေး ပေါင် သန်း 50 အထိ အလိုရှိနေပါတယ်။ သတင်းတွေအရတော့ နှစ်ဖက်အသင်း တာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ညှိနှိုင်းဆွေးနွေးလိုခြင်း မရှိကြတော့ဘူးလို့ သိရပါတယ်။

* အာရွန်မွိုင်းဟာ ဟတ်ဒါဖီးလ်အသင်းကို ပေါင် 8 သန်း ၀န်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ပေါင် 10 သန်းခန့်အထိ မြှင့်တက်သွားဖွယ်ရှိနေပါတယ်။ 

#SportsMyanmar

No comments:

Post a Comment