စာအုပ်နှင့်သီချင်းlink: အဆို‌တော်‌ ထူးအယ်‌လင်းနှင့် Cobra တို့အမှု အာမခံရရှိ

Search This Blog

Friday, June 23, 2017

အဆို‌တော်‌ ထူးအယ်‌လင်းနှင့် Cobra တို့အမှု အာမခံရရှိ

အဆို‌တော်‌ ထူးအယ်‌လင်းနှင့် Cobra တို့အမှု အာမခံရရှိ

ရဲကတရားလို လုပ်ပြီး ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသော အဆို‌တော်‌ထူးအယ်‌လင်းနှင့် Cobra တို့၏ အမှုကို ဒဂုံမြို့မတရားရုံးက ယနေ့မွန်းလွဲပိုင်းတွင် အမှုကိုလက်ခံခဲ့သည်။

ဒဂုံ မြို့နယ် တရားရုံးက ယင်းတို့ နှစ်ဦး၏ အာမခံလျှောက်ထားမှုကို အာမခံပေးခဲ့သည်ဟု အမှုဖွင့် ရဲအရာရှိက Popular News ကိုပြောသည်။ယင်းအမှုကို တရားခွင်တွင် စစ်ဆေးရန် ဇွန်လ ၂၉ရက်နေ့ကို ပထမအကြိမ် ရုံးချိန်းအဖြစ် ဒဂုံတရားရုံး က ချိန်းဆိုထားသည်။

ယင်း အဆိုတော်နှစ်ယောက်သည် ယမန်နေ့ညက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့် တွင် တက္ကစီသမားအချို့နှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သတင်းရရှိသည့်နေရာသို့ ချက်ခြင်းသွားရောက်စစ်ဆေးရာတွင် တက္ကစီသမားများနှင့် တက္ကစီယာဉ်တို့ကို မတွေ့ရှိရပဲ 4C—- SOLUNAVIOS ငွေမင်ရောင်ကားနှင့်အတူအရက်သေစာသောက်စားကာဆူပူရမ်းကားနေသူ အဆိုတော်ထူးအယ်လင်း၊ (၄၈)နှစ်နှင့် ကော်ဘရာ၊ (၃၅)နှစ်တို့နှစ်ဦးကိုတွေ့ရှိရသဖြင့် ၎င်းတို့ စီးနင်းအသုံးပြုသော 4C—- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်၏ရှေ့ခန်း ထိုင်ခုံနှစ်ခုကြား၌ ရွှေအိုရောင် လက်ကိုင်ရိုးတွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်းတစ်လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအားထိန်းသိမ်းကာ ဒဂုံမြို့မရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၁၀၃/၂၀၁၇၊ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။ထို့ကြောင့် ဒဂုံရဲက တရားလိုလုပ် ကာ အမှုဖွင့်အရေး ယူခဲ့သည်။

တရားစွဲဆိုထားသော ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၃၀(က) ဆိုသည်ကား ပြစ်မှုကျူးလွန်ရန် သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေရန် အသုံးပြုနိုင်သော(သို့) ပြစ်မှုကျူးလွန်ရန်အသုံးပြုနိုင်သောလက်နက်တစုံတရာကို တွေ့ရှိ၍ ရဲက မည်သည့်အကြောင်းကြောင်း ကြောင့် ကိုင်ဆောင် သယ်ယူရကြောင်း မေးမြန်းသည့်အခါ ကာယကံရှင် ဖြစ်သူမှ ရဲအား ကျေနပ်လက်ခံသည့်အကြောင်းပြချက်မပေး နိုင်သူကို မည်သည့်ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည့် ပုဒ်မဖြစ်ကာ ၊ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ လအထိ အပြစ်ပေးနိုင်သည့် ပုဒ်မ တစ်ခုဖြစ်သည်။

Popular News

No comments:

Post a Comment