စာအုပ်နှင့်သီချင်းlink: အယ်ဂျားဇီးယားသတင်းဌာနအား အမေရိကန်ဗုံးကြဲရန် ယူအေအီးအိမ်ရှေ့မင်းသား အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ၀ီကီလိခ် သတင်းဖွင့်ချ

Search This Blog

Thursday, June 29, 2017

အယ်ဂျားဇီးယားသတင်းဌာနအား အမေရိကန်ဗုံးကြဲရန် ယူအေအီးအိမ်ရှေ့မင်းသား အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ၀ီကီလိခ် သတင်းဖွင့်ချ

Copy from Htau Oung
အယ်ဂျားဇီးယားသတင်းဌာနအား အမေရိကန်ဗုံးကြဲရန် ယူအေအီးအိမ်ရှေ့မင်းသား အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ၀ီကီလိခ် သတင်းဖွင့်ချ။ အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ အယ်ဂျာဇီးယားသတင်းဌာနတို့အား အမေရိကန်တိုက်ခိုက်ဖျက်ဆီးခဲ့။ သတင်းမီဒီယာတို့အား အလေးအနက်ထားသည်ဆိုသော အမေရိကန်၏ စစ်ရေးနှင့်ပတ်သက်လာလျှင် အရေးယူကိုင်တွယ်ခဲ့ပုံ အပုပ်နံ့ပေါ်လာ
**********************************************************

( ဇွန်-၂၉၊ ၂၀၁၇ ) အာဖဂန်စစ်ပွဲမတိုင်မီ အယ်ဂျားဇီးယားသတင်းဌာနကို ဗုံးကြဲဖျက်ဆီးပေးရန် အမေရိကန်အား အာရပ်စော်ဘွားများပြည်ထောင်စု ( ယူအေအီး ) နိုင်ငံအိမ်ရှေ့မင်းသားက အကူအညီတောင်းခံသည့် သံတမန်ဆိုင်ရာ စာတစ်စောင်ကို ၀ီကီလိခ်က ယနေ့ဖွင့်ချလိုက်သည်။

အမေရိကန်သံအမတ် ရစ်ချက်ဟာ့စ်နှင့် ( MBZ ) ဟု အတိုကောက်အမည်ရေးထိုးသားသည့် မင်းသား မိုဟာမက်ဘင်ဇေယက်တို့၏ အပြန်အလှန်ပေးစာတွင် ထိုသို့အသေးစိတ်ဖော်ပြထားခြင်းဖြစ်သည်ဆို၏။ ၂၀၀၃-ခုနှစ် အီရတ်နိုင်ငံအားထိုးစစ်ဆင်ရာတွင် ဦးစီးခဲ့သူ မိုဟာမက်ဘင်ဇေယက်က အဆိုပါပေးစာတွင် စစ်ရေးဆောင်ရွက်မှု့များမတိုင်မီ ကာတာအခြေစိုက် အယ်ဂျားဇီးယားသတင်းဌာနအား ထိန်းချုပ်ရန် အရေးပါပုံကိုဖော်ပြလျှက် အမေရိကန်သံတမန်အား အလေးအနက်တောင်းဆိုခဲ့ပြီး ကာတာနိုင်ငံစော်ဘွားကလည်း ထိုအကြောင်းသိရှိခဲ့ကြောင်း စာတွင်ဖော်ပြထားသည်။

ယခင်ကတည်းပင် အယ်ဂျာဇီးယားသတင်းဌာနက မိမိတို့အား အမေရိကန်က ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိကြောင်း စွပ်စွဲခဲ့ဘူးသည်။

၂၀၀၁-ခုနှစ် နိုဝင်ဘာလ ကဘူးမြို့တော်ရှိ အယ်ဂျာဇီးယားသတင်းဌာနမှာ အာဖဂန်နစ္စတန်အား အမေရိကန် ဗုံးကြဲတိုက်ခိုက်စဉ် ပျက်စီးသွားခဲ့သော်လည်း အသေအပျောက်မရှိခဲ့ချေ။ ထိုဗုံးကြဲတိုက်ခိုက်မှု့မှာ အမေရိကန်၏ ကာလကြာမြင့်စွာ ကြိုတင်စီစဉ်ထားခြင်တစ်ခုဖြစ်ကြောင်း အယ်ဂျားဇီးယားက စွပ်စွဲခဲ့သည်။

၂၀၀၃-ခုနှစ် ဧပြီလတွင် အီရတ် ဘက္ကဒက်မြို့ရှိ အယ်ဂျားဇီးယားသတင်းဌာနအား အမေရိကန်ဒုံးကျည်ထိမှန်သဖြင့် ၀န်ထမ်းတစ်ဦးသေဆုံးပြီး တစ်ဦးဒါဏ်ရာရရှိခဲ့ရသည်။ ထိုဖြစ်စဉ်မှာ မတော်တဆမှားယွင်းမှု့သာဖြစ် ကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့သည်။

ကာတာနိုင်ငံအခြေစိုက် အယ်ဂျာဇီးယားသတင်းဌာနသည် လန်ဒန်၊ ၀ါရှင်တန်ဒီစီအပါအ၀င် ဌာနခွဲပေါင်း ၆၅-ခုဖွင့်လှစ်ထားပြီး နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် မီဒီယာပရိဿတ် သန်း-၂၂၀ အား သတင်းဖြန့်ဖြူးပေးလျှက်ရှိနေသည်။

https://www.rt.com/viral/394583-uae-prince-bomb-al-jazeera/

No comments:

Post a Comment