စာအုပ်နှင့်သီချင်းlink: မာရ၀ီမြို့အား ဗုံးမိုးသွန်ချအမှုန့်ချေရန် လိုအပ်လျှင်အမိန့်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတပြောဆို။

Search This Blog

Friday, June 23, 2017

မာရ၀ီမြို့အား ဗုံးမိုးသွန်ချအမှုန့်ချေရန် လိုအပ်လျှင်အမိန့်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတပြောဆို။

မာရ၀ီမြို့အား ဗုံးမိုးသွန်ချအမှုန့်ချေရန် လိုအပ်လျှင်အမိန့်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတပြောဆို။ မြို့အားစီးနင်းသိမ်းပိုက်ရန် စစ်သွေးကြွအမာခံများ သုံးနှစ်ခန့်ကြိုတင်ပြင်ဆင်ခဲ့။ မင်ဒါနာအိုကျွန်းတိုက်ပွဲကျယ်ပြန့်လာလျှင် ခရစ်ယာန်-မူဆလင်ပြည်တွင်းစစ်အဖြစ်ပြောင်းလဲသွားနိုင်ကြောင်း ဒူတာတေးသတိပေး။ စစ်ပြေးဒုက္ခသယ်များအား ဖိလစ်ပိုင်သမ္မတသွားရောက်ကြည့်ရှု့တောင်းပန်။ ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်ရန် အခြားနည်းလမ်းမရှိသည့်အတွက် စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းခဲ့ရ။
**********************************************************
( ဇွန်- ၂၂၊ ၂၀၁၇ ) ရက်သတ္တ ၅-ပါတ်အတွင်းရောက်ရှိလာပြီဖြစ်သည့် ဖိလစ်ပိုင် တပ်မတော်နှင့် အိုင်စစ်အကြမ်းဖက်စစ်သွေးကြွတို့တိုက်ပွဲအဆုံးသတ်ရေးအတွက် မာရ၀ီမြို့အား ဗုံးမိုးသွန်ချအမှုန့်ချေရန် လိုအပ်လျှင် မိမိအမိန့်ပေးမည်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ပြောကြားလိုက်သည်ဟု အင်ကွိုင်ရာနက်သ တင်းဌာနက ယနေ့ရေးသားဖော်ပြသည်။

ကာဂါယန်းမြို့တွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင်သမ္မတကပြောကြားရာ၌ အကြမ်းဖက်သမားတို့သည် မာရ၀ီမြို့ အားစီးနင်းသိမ်းပိုက်ရန် မြို့တွင်းအဆောက်အအုံများတွင် လက်နက်ခဲယမ်းကြိုတင်သိုလှောင်ခြင်းကို ၃-နှစ်မျှကြိုတင်ပြင်ဆင်ထားခဲ့သည်ဟု ယူဆရကြောင်းနှင့် ထိုအတောအတွင်း မူဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တွင်းသို့ မိမိတို့လုံခြုံရေးတပ်များဝင်ခွင့်ရရန် ခဲယဉ်းခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုလည်း မိမိတပ်ဖွဲ့ဝင်များအား မြို့တွင်းသို့စေလွှတ်ရန် အလွန်အန္တရာယ်များသည့်အခြေအနေဖြစ်ပေါ်နေခဲ့လျှင် မြို့အားပြားပြားဝတ်ဖြစ်အောင်လုပ်ပစ်သင့် လုပ်ရမည်ဖြစ်ကြောင်း၊ ထိုအတွက် မိမိတာဝန်ယူကြောင်း၊ အမြင့်ဆုံး တာဝန်ရှိသူအနေဖြင့် ဖိလစ်ပိုင်သမ္မတနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရန်အတွက်  လိုအပ်လျှင် အရာရာအား အမှန်တကယ်ဖျက်ဆီးရလိမ့်မည်ဖြစ်ကြောင်း ဒူတာတေးကဆက်လက်ပြောကြားသည်။

အဘူဆေယက်ခေါင်းဆောင် အစ္စနီလွန်ဟာပီလွန်အား လက်ရဖမ်းဆီးရန် အားထုတ်မှု့မအောင်မမြင်ဖြစ်ရပြီးနောက် မာရ၀ီမြို့သည် လွန်ခဲ့သည့် မေ-၂၃ ရက်နေ့မှစတင်ကာ ဆီးရီးယားနှင့် အီရတ်ရှိ အိုင်စစ် (ISIS/ISIL ) ဘာသာရေးအစွန်းရောက်တို့နှင့် ချိတ်ဆက်ရှိသော မောတီနှင့် အဘူဆေယက် အစွန်းရောက် စစ်သွေးကြွများ လက်သို့ကျရောက်ခဲ့ရသည်။ ယမန်နေ့ထိ အစိုးရထုတ်ပြန်သော သတင်းများအရ စစ်သွေးကြွ ၂၆၈-ဦး၊ အစိုးရ တပ်ဖွဲ့ဝင် ၆၆-ဦး၊ အရပ်သား ၂၆-ဦးတို့သေဆုံးခဲ့ရပြီးဖြစ်သည်။

မီးတောင်ရေအိုင်ကြီးနံဘေး သာယာလှပစွာတည်ရှိခဲ့သော မင်ဒါနာအို၏ ဒုတိယအကြီးဆုံး မာရ၀ီမြို့မှာ ပျက်စီးယိုယွင်းကာ မြို့နေလူထု ၂-သိန်းမှာလည်းစစ်ပြေးဒုက္ခသယ်အဖြစ်သက်ဆင်းခဲ့ရသည်။

ယမန်နေ့တွင် အီလီဂန်မြို့ရောက် မာရ၀ီစစ်ပြေးုးက္ခသယ်များအား သွားရောက်ကြည့်ရှု့ခဲ့သော ဖိလစ်ပိုင်သမ္မတက တပ်မတော်သားများအပါအ၀င် အသက်ဆုံးရှုံးရသူများ၊ မလိုအပ်ဘဲ အိုးအိမ်ပိုင်ဆိုင်မှု့ ပျက်စီးဆုံးရှုံးကြရ သူများက မိမိအားခွင့်လွှတ်ပါရန်နှင့် ရပ်ရွာအေးချမ်းစေရန် အခြားနည်းလမ်းမရှိသည့်အတွက် စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းရသည်ကို နားလည်ပေးကြပါရန် မာရန်နာအိုဒေသခံများအား အနှူးအညွှတ်တောင်းပန်ခဲ့သည်။


မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး ( MIFL ) နှင့် မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး ( MNLF ) တို့အား ရည်ညွှန်းလျှက် ဖိလစ်ပိုင်သမ္မတကပြောကြားရာတွင် မင်ဒါနာအိုကျွန်းတွင် စစ်ပွဲကျယ်ပြန့်လာလျှင် ခရစ်ယာန်-မူဆလင်နှစ်ဖက်ပါဝင်သော ဖိလစ်ပိုင်ပြည်တွင်းစစ်အသွင်ပြောင်းလဲသွားနိုင်ကြောင်း သတိပေးလိုက်ပြီး လက်ရှိစစ်ပွဲအမြန်ဆုံး အဆုံးသတ်နိုင်ရေး ပူးပေါင်းပါဝင်ရန်တောင်းဆိုလိုက်သည်။

ဖိလစ်ပိုင်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျှက်ရှိသည့် MILF အဖွဲ့တင်ပြထားသည့် မင်ဒါနာအိုအလယ်ပိုင်း၊ လန်နို၊ ကာတာဘာတိုနှင့် စူလတန်ကာရာဒတ်နယ်မြေဒေသများအား ၄င်းတို့လိုလားသည့်အတိုင်း ဖြစ်လာစေရန် အစိုးရက ပြောဆိုထားပြီးဖြစ်ကြောင်း၊ MILF တို့က တိုက်ပွဲအဆုံးသတ်ရေးအတွက် မောတီနှင့် အဘူဆေယက်တို့ကို တွေ့ဆုံသင့်ကြောင်းနှင့် ဖိလစ်ပိုင်ပြည်တွင်းစစ်ဖြစ်လာလျှင် မောတီဟူ၍မရှိဘဲ မူဆလင်ခွဲထွက်ရေးနှင့် ခရစ်ယာန်ဖိလစ်ပိုင်တပ်မတော်သာဖြစ်လာလိမ့်မည်ဟု ဖိလစ်ပိုင်သမ္မတက ပြောဆိုလိုက်သည်။

မာရ၀ီတိုက်ပွဲတွင် စစ်သွေးကြွများဖက်မှ ခုခံမှု့အရှိန်လျှော့ကျလာသော်လည်း မြို့တွင်းမှ စက်သေနတ်ပစ်သံ များနှင့် ပေါက်ကွဲသံများကြားနေဆဲဖြစ်သည်။ မောတီခေါင်းဆောင်ညီအကိုနှစ်ဦးနှင့် အဘူဆေယက် ခေါင်း ဆောင်တို့မှာ စစ်မြေပြင်တွင်ရှိနေဆဲဖြစ်သည်ဟု ယုံကြည်ရကြောင်းနှင့် မာရ၀ီမြို့တွင်း ရာနှင့်ချီသော အလောင်းများပြန့်ကြဲလျှက်ရှိကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ဖိလစ်ပိုင်စစ်ဖက်ကပြောဆိုရာတွင်မူ မာရ၀ီမြို့တွင်းခုခံလျှက်ရှိသော စစ်သွေးကြွများအား မြို့တွင်းတစ်နေရာတွင် ချောင်ပိတ် ၀ိုင်းပတ်ထားနိုင်ပြီဖြစ်ကြောင်း  ရိုက်တာကပေးပို့သော နောက်ဆုံးသတင်းများအရသိရှိရသည်။

http://www.rappler.com/nation/173626-marawi-city-clearance-rehabilitation

http://newsinfo.inquirer.net/907564/duterte-ready-to-order-carpet-bombing-of-marawi-if-needed

http://www.msn.com/en-ph/news/national/duterte-apologizes-for-martial-law-i-did-not-have-any-choice/ar-BBCWQYg?li=BBr8Mkn

http://www.gmanetwork.com/news/news/nation/615511/military-says-maute-fighters-trapped-in-corner-of-marawi/story/

No comments:

Post a Comment