စာအုပ်နှင့်သီချင်းlink: အာရှတိုက်အား ဖြတ်သန်းပစ်လွှတ်သည့် ရုရှားတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်အောင်မြင်၊ မိုင် ၅’၇၇၀ အကွာအဝေးရှိ ရည်မှန်းထားသည့်ပစ်မှတ်သို့ ထိမှန်ခဲ့ဟုဆို။ **********************************

Search This Blog

Monday, June 26, 2017

အာရှတိုက်အား ဖြတ်သန်းပစ်လွှတ်သည့် ရုရှားတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်အောင်မြင်၊ မိုင် ၅’၇၇၀ အကွာအဝေးရှိ ရည်မှန်းထားသည့်ပစ်မှတ်သို့ ထိမှန်ခဲ့ဟုဆို။ **********************************

အာရှတိုက်အား ဖြတ်သန်းပစ်လွှတ်သည့် ရုရှားတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်အောင်မြင်၊ မိုင် ၅’၇၇၀ အကွာအဝေးရှိ ရည်မှန်းထားသည့်ပစ်မှတ်သို့ ထိမှန်ခဲ့ဟုဆို။
**********************************

( ဇွန်- ၂၇၊ ၂၀၁၇ ) ကမ္ဘာ့မြောက်ဖျားဘာရင့်ပင်လယ်မှ အာရှတိုက်အားဖြတ်သန်းကာ ကမ္ဘာ့အရှေ့ဖျားပစ်မှတ်သို့ တိုက်ချင်းပစ်ဒုံးကျည်( ICBM ) စမ်းသပ်ပစ်လွှတ်မှု့အောင်မြင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ကြေငြာသည်။

မဟာဗျူဟာမြောက် ဘိုရီအမျိုးအစား ညူကလီယာရေငုပ်သင်္ဘောသည် နော်ဝေးနိုင်ငံအနီး ဘာရင့်ပင်လယ်မှ  တိုက်ချင်းပစ်ဒုံးကျည်အား စမ်းသပ်ပစ်လွှတ်ရာ ဂျပန်နိုင်ငံမြောက်ဖျား ကမ်ချက်ကာကျွန်းဆွယ်ရှိ ရည်မှန်းထား သောပစ်မှတ်သို့ အောင်မြင်စွာထိမှန်ခဲ့သည်ဆို၏။

ပင်လယ်ရေအောက်မှပစ်လွှတ်သော ဘလူဗာအမျိုးအစားတိုက်ချင်းပစ်ဒုံးကျည်သည် အကွာအဝေးစုစုပေါင်း ၅’၇၇၀-မိုင်ခန့်ပျံသန်းခဲ့ရာ ၂’၈၆၀ - မိုင်ခန့်မှာ အာရှတိုက် ရှုရှားနိုင်ငံပိုင်နက်အတွင်းဖြစ်သည်။ ၂၀၀၈-ခုနှစ်တွင် ရေချခဲ့သော ယူရီဒေါဂိုရောကီအမည်ရှိ ညူကလီယာရေငုပ်သင်္ဘောသည် ရုရှားမြောက်ပိုင်းရေတပ်မတော်စု၏ ဘိုရီအမျိုးအစား စတုတ္ထမျိုးဆက်ရေငုပ်သင်္ဘောဖြစ်ပြီးလျှင် အဆိုပါမဟာဗျူဟာမြောက်တိုက်ချင်းပစ်ဒုံးကျည် ၁၆-စင်းသယ်ဆောင်နိုင်ကြောင်းရှိရသည်။

လွန်ခဲ့သောရက်များအတွင်း ဟာဝိုင်ယီအနီးမှ အမေရိကန်၏ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု့မအောင်မြင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံ၏ ယခုကြေငြာချက်အား တွေ့မြင်ရခြင်းဖြစ်ပြီး ၂၀၂၀-ခုနှစ်တွင် ရုရှားနိုင်ငံ၌ ဘိုရီအမျိုးအစားရေငုပ်သင်္ဘော ၈-စင်းအထိပိုင်ဆိုင်နိုင်ဖွယ်ရှိကြောင်း သတင်းတွင်ဆက်လက်ဖော်ပြသည်။

https://www.rt.com/news/394177-russian-sub-icbm-test-kamchatka/
Htay Oung

No comments:

Post a Comment