စာအုပ်နှင့်သီချင်းlink: ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းရဲ့ နွေရာသီ အတွက် ပထမဆုံးခေါ်ယူမှုဖြစ် လာတော့မှာလား ============================================== ရိုးမား နောက် ခံလူ အန် တိုနီယို ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ သ ဘောတူညီခဲ့ပြီလို့ ယမန်နေ့ညပိုင်းက သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ် ။

Search This Blog

Friday, June 30, 2017

ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းရဲ့ နွေရာသီ အတွက် ပထမဆုံးခေါ်ယူမှုဖြစ် လာတော့မှာလား ============================================== ရိုးမား နောက် ခံလူ အန် တိုနီယို ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ သ ဘောတူညီခဲ့ပြီလို့ ယမန်နေ့ညပိုင်းက သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ် ။

ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းရဲ့ နွေရာသီ အတွက် ပထမဆုံးခေါ်ယူမှုဖြစ် လာတော့မှာလား

==============================================

ရိုးမား နောက် ခံလူ အန် တိုနီယို ရူဒီဂါ ဟာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ သ ဘောတူညီခဲ့ပြီလို့ ယမန်နေ့ညပိုင်းက သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ရိုးမား နောက် ခံလူ မာနိုလက်စ် ကို စုံစမ်းခဲ့တယ်လို့ သတင်းစတင် ထွက် ပေါ်လာခဲ့ပေမယ့် ယမန်နေ့ည နေ ပိုင်းကစတင် လို့ နောက် ခံလူ ရူဒီဂါ အတွက် ညှိနှိုင်းနေကြပြီလို့ သတင်းတွေ ထွက် ပေါ်လာခဲ့ တာဖြစ် ပါတယ်

စကိုင်းစ ပေါ့ အီတလီယာ သတင်းဌာနက တော့ ရိုးမား ဟာ ရူဒီဂါ ကို ယူရို ၃၃ သန်း + အပိုဆုကြေး ယူရို ၅ သန်းဖြင့် ချဲလ်ဆီး အသင်းဆီ ရောင်းချဖို့ သ ဘောတူညီခဲ့ပြီလို့ ဖော်ပြသွားခဲ့ပါတယ် ။

UEFA ရဲ့ ဘဏ္ဍ ရေးစည်းမျဉ်းတွေကို လွတ် ကင်းနိုင် ဖို့အတွက် ရိုးမား ဟာ ကစားသမားရောင်းထုတ် မှု တွေ ပြုလုပ်နေ ရတာဖြစ်ပြီး နောက် ခံလူ မာနိုလက်စ် ကို ဇင်းနစ် အသင်းထံ ရောင်းချဖို့ ကလပ် အသင်းချင်း သ ဘောတူခဲ့ပေမယ့် ကစားသမားက ပြောင်းဆိုဖို့ ငြင်းဆန် ကာ ဆေးစစ် မှု ကို မ သွားရောက် ခဲ့တာကြောင့် အ ပြောင်းအ ရွှေ့ ပျက်ပြယ် သွားခဲ့တယ် လို့ သိရပါတယ် ။

ရိုးမား ဟာ မိုဟာမက် ဆာလက် ကို လီဗာပူး အသင်းဆီ ရောင်းထုတ်ပြီးဖြစ် ပေမယ့် ဘဏ္ဍရေးပိုင်းဆိုင် ရာ လိုအပ် မှုတွေ ရှိသေးတာကြောင့် ရူဒီဂါ ကို မာနိုလက်စ် အစား ရောင်းချလိုက်တာဖြစ် တယ် လို့ စကိုင်းအီတလီယာ သတင်းဌာနက ဆိုသွားခဲ့ပါတယ် ။

လက် ရှိ အချိန် မှာတော့ ရူဒီဂါ ဟာ ဂျာမဏီ အသင်းနဲ့ ကွန် ဖက် ဒ ရေးရှင်းဖလားပြိုင် ပွဲ ကို ပါဝင် ကစားနေပြီး ပြိုင် ပွဲအပြီးမှာ ချဲလ်ဆီး အသင်းနဲ့ ဆေးစစ် မှု ပြုလုပ် သွားဖွယ် ရှိတယ် လို့ သိရပါတယ် ။

Ref : Football Italia
Photo : Getty Images

#Sports_Myanmar

No comments:

Post a Comment