စာအုပ်နှင့်သီချင်းlink: Rangoon by Christine Monson =======================

Search This Blog

Wednesday, June 28, 2017

Rangoon by Christine Monson =======================

Rangoon by Christine Monson
=======================
ဒီ "ရန်ကုန်" စာအုပ်ဟာဆိုရင် 1985 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Stormfire စာအုပ်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စာရေးဆရာ Christine Monson က ရေးသားထားတာ ဖြစ်ပါတယ်။
ထူးဆန်းတဲ့ ပုံပြင်တွေ ပြောရမယ်ဆို 19ရာစုက ဗမာပြည်အကြောင်း ပြောလိုက်ကြတာပေါ့
ဒီဇာတ်လမ်းဟာ ရန်ကုန်မြို့ 19ရာစု ဝိတိုရိယခေတ်ကာလမှာ အခြေတည်ထားပါတယ်။ အမေရိကန် Boston မှာနေတဲ့ Lysistrata Herriott ဆိုတဲ့ကောင်မလေးဟာ သူ့အဖေ ဆရာဝန်ကြီးနဲ့အတူ သူ့ရဲ့ဆွေမျိုးတွေ အတိတ်ကာလတွေနဲ့ ဝေးကွာရာ ကမ္ဘာတစ်ဖက်ခြမ်းဆီက ဗမာပြည် ရန်ကုန်မြို့ဆီကို ရောက်လာခဲ့ပါတယ်။ Lysistrata ဟာ သိပ်မကြောက်တတ်ပဲ ဒေသခံတွေနဲ့လည်း ပြေပြေလည်လည် နေထိုင်နိုင်တယ်။ သူဟာ သတ္တိရှိပြီး ကိုယ်ကျိုးမငဲ့တတ်တာကြောင့် ကာလဝမ်းကပ်ရောဂါဖြစ်ပွားရာ နေရာရှိဆေးရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ရန်ကုန်မြို့ဟာဆိုရင် စည်ကားတဲ့မြို့ကြီး တစ်မြို့ဖြစ်ပြီး Lysistrata ဟာ အင်္ဂလိပ်၊ပြင်သစ်၊ပေါ်တူဂီ၊ စပိန်၊ ဒတ်ခ်ျ စတဲ့ ဥရောပတိုက်သားတွေနဲ့ တွေ့ဆုံခဲ့ရသလို လူမျိုးရေးခွဲခြားဆက်ဆံရေးတွေဟာလည်း သူ့ ပတ်လည်မှာ ပြည့်နှက်နေပါတယ်။ ရန်ကုန်မြို့ဟာ ယဉ်ကျေးမှုတွေ စုပေါင်းရာ နေရာဖြစ်လာပြီး ဗမာ၊အိန္ဒိယ၊တရုတ် တို့ပြင် အင်္ဂလိပ် ယဉ်ကျေးမှုတို့ ထွန်းကားလျက်ရှိနေတယ်။
Richard Harley(ဗမာနာမည် "ရန် ခဝန္ဒရ") ဟာ အင်္ဂလိပ် ဆွေကြီးမျိုးကြီးတစ်ယောက်နဲ့ အိန္ဒိယမင်းသမီးတစ်ပါးတို့မှ မွေးဖွားဆင်းသက်လာသည့် ချောမော ကြွယ်ဝသူတစ်ယောက် ဖြစ်ပါတယ်။ဥရောပ ယဉ်ကျေးမှု အသိုက်အဝန်းနဲ့ ကိုက်ညီအောင် နေထိုင်တတ်ပေမဲ့လည်း အခြားတစ်ဖက်မှာတော့ ဆန့်ကျင်ဖို့ လုပ်နေသူလည်း ဖြစ်ပါတယ်။ Richard ဟာ သူနာပြုမလေး Lysistrata ကို မြင်မြင်ချင်း တပ်မက်မိသွားပါတယ်။ သို့ပေမယ့် အများအမြင်မှာတော့ Lysistrata ကို ဂရုမစိုက်သလို နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Richard ဟာ Lysistrata ကို လိုသာလိုချင်ပြီး မချစ်လို့ပါပဲ(ယောက်ျားတွေ logic- လိုသာလိုချင် ချစ်တော့မချစ်နိုင်ပေါ့😂)
တစ်နေ့မှာတော့ Richard ဟာ Lysistrata ကို ရန်ကုန်မြို့ပြင် တောနက်ကြီးထဲက သူ့ရဲ့ နေရာဆီ ပြန်ပေးဆွဲပါလေရော။ Lysistrata ကိုလည်း သူသေမှသာ လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ Lysistrata လည်း ထွက်ပြေးဖို့သာ ဆန္ဒရှိနေပါတယ်..............?
ဆက်လက်ဖတ်ရှု့ရန်ဒေါင်းပါ
👉👉👉👉👉👉 DOWNLOAD 👈👈👫👫👫👫👫👫

Rangoon by Christine Monson.pdf

No comments:

Post a Comment