စာအုပ်နှင့်သီချင်းlink: ကေ၊ အိုင်၊ အက်စ်၊ အက်စ် – ကစ်စ် (Kiss)

Search This Blog

Tuesday, June 27, 2017

ကေ၊ အိုင်၊ အက်စ်၊ အက်စ် – ကစ်စ် (Kiss)

ကေ၊ အိုင်၊ အက်စ်၊ အက်စ် – ကစ်စ် (Kiss)
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
CREDIT လီလီနန်းထိုက်
နှာခေါင်းလေး နဲ့ တစ်ပါးသူ ရဲ့ နဖူးပြင်ကို ဖွဖွလေး
နမ်းရှုံ့ဖူးပါသလား။ တွဲလဲ ခိုကျနေတဲ့ ဆံကေသာ
ကြော့ကြော့လေးတွေ ကိုရော၊ နမ်းရှုံ့ ကြည့်ဖူးပါရဲ့လား။

သနပ်ခါး လိမ်းထားတဲ့ ပါးပြင် ရွရွကလေးကို ရှိုက်ပြီး
နမ်းလိုက်ရတဲ့ ကြည်နူးမှု ရသမျိုးကို ခံစားဖူးကြတယ်
မဟုတ်ပါလား။ မွေးကတည်းက မိဘတွေ၊
ဆွေမျိုးတွေ ရဲ့အနမ်း ကို အရင်ဆုံး ခံယူခဲ့ကြရတဲ့
လူသားတွေဟာ တစ်ပါးသူကို ပြန်နမ်းတတ်ဖို့
မိဘတွေကပဲ… (ဖေကြီးကို ချစ်ရင် နမ်းပါဦး၊
အာပွားလေး ပေးပါဦး ဆိုပြီး)
သွန်သင်ပေးခဲ့ ကြရ ပါတယ်တဲ့။

တချို့ကလည်း နမ်းတာဟာ သင်ပေးစရာ မလို ပါဘူးတဲ့။
သူ့အလိုလို တတ်လာတာ လို့လည်း ဆိုကြပြန်ပါတယ်။
ဘယ်လိုပဲ တတ်တတ်၊ နမ်းတတ် သွားတဲ့
အချိန် ကစပြီး၊ နမ်းချင်တဲ့ အရာ မှန်သမျှကို
နမ်းတော့တာပါပဲ။

ကြမ်းပိုး လေး တစ်ကောင်ကို ဖိချေ သတ်ပြီးရင်
ကိုယ့်လက် ကို ပြန်နမ်းကြည့် တတ်တယ်။
လက်ချောင်း လေးတွေ ပေကျံ သွားခဲ့ရင်တောင်မှ
နံမယ်မှန်း သိရဲ့သားနဲ့ ထပ်တလဲလဲ ပြန်ပြန်ပြီး
နမ်းကြည့် တတ်ကြတယ်တဲ့။ အနံ့ ခံချင်လို့
နမ်းတယ်။ ပီတိ ခံယူချင်လို့ ရှိုက်ရှိုက် နမ်းတယ်။
ရာဂစိတ် ကြွပြီး နမ်းတဲ့ အနမ်းမျိုးတွေလည်း
ရှိလာရပါတယ်။

နှာခေါင်းနဲ့ ရှူရှိုက်နမ်းတာ ကနေ လွန်ကဲပြီး
နှုတ်ခမ်း နဲ့စုပ်ပြီး နမ်းလာကြ ပါ တယ်။
မြန်မာ တွေရဲ့ အနမ်း မျိုးကို ကစ်စ်လို့
မသတ်မှတ်ထားတဲ့ စာရေးဆရာကြီး
ဂျော့ခ်ျအော်ဝဲလ် ဆိုသူက သူ့ရဲ့ဘားမိစ်ဒေးစ် ဆိုတဲ့
စာအုပ်ထဲမှာ မြန်မာ တွေဟာ ...
ကစ်စ် မလုပ်တတ်ကြဘူး လို့ ရေးသား
ဖော်ကျူး ခဲ့ဖူးပါတယ်။

အဲ့ဒီတော့ကာ … နှာခေါင်းနဲ့ ရှူရှိုက်ရတဲ့ အနမ်းတွေ၊
ပါးစပ်နဲ့ စုပ်နမ်းရတာ မျိုးတွေကို သာမက၊
နှုတ်ခမ်း၊ လျှာ၊ နဖူး၊ မျက်ခုံး၊ မျက်တောင်၊ လည်ပင်း၊
ကုပ်၊ ဗိုက်၊ ချက်၊ လက်၊ ခြေထောက်တွေပါ
ပါဝင်တဲ့ အနမ်းပေါင်းစုံ အကြောင်းကို ဗဟုသုတရွာ
စာကြည့်တိုက်လေးမှာ ဒေါက်တာ မြင့်ဦး (ဂျီပီ)ရဲ့
အာဘော်ကို တင်ဆက်ပေး လိုက်ပါတယ်ခင်ဗျာ။

အနမ်းဘယ်ကစ
••••••••••••••••••••
(နှုတ်ခမ်းတွေ လျှာတွေပါဝင်တဲ့ စုပ်နမ်းတဲ့ ကစ်စ်မျိုး)
ဘယ်တုံးကစခဲ့တယ် ဆိုတာကို ဘယ် သူမှ မခန့်မှန်း
တတ်ပါဘူးတဲ့။ မနုဿဗေဒပညာ ရှင် တချို့ရဲ့
ယူဆချက် ကိုတင်ပြရရင် … တိရစ္ဆာန်တွေဟာ
သူတို့ရဲ့ သားပေါက် ကလေး တွေကို ပါးစပ်ချင်းတေ့
အစာခွံ့ကျွေးတာကို ကြည့်ပြီး လူသားတွေဟာ
လည်းပဲ၊ ကြင်နာယုယ တဲ့ အမူ အကျင့်တစ်ခု
အနေနဲ့ အတုယူပြီး၊  နှုတ်ခမ်းချင်းတေ့
စုပ်နမ်းတတ် လာကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနှုတ်ခမ်းစုပ် အနမ်းကို သိပ္ပံ နည်းကျကျ
ခေါ်မယ် ဆိုရင် အော် စကျူလေးရှင်း (Osculation) လို့
ခေါ်ပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာ
နှုတ်ခမ်းချင်း တေ့တာကို ချစ်ခင် စုံမက်ခြင်းရဲ့
သင်္ကေတ အနေနဲ့ မှတ်ယူကြပါ တယ်။

ကစ်စ် မက်ကင်နင်ဇင်
•••••••••••••••••••••••••••
ကစ်စ် တစ်ခု ဖြစ်ပေါ်ဖို့ ကြွက်သားပေါင်း ၃၄ ခု
ပါဝင်လှုပ်ရှားရပါတယ်။ အဓိကကြွက်သား ကတော့
ပါးစပ် ပတ်ပတ် လည်ကို ဝန်းရံထားတဲ့ 
အော်ဘီ ကူးလား ရစ်စ်အောရစ် (Orbicularis oris)
လို့ခေါ်တဲ့ ကြွက်သား ပဲဖြစ်ပါတယ်။ နမ်းတဲ့သူရော၊
အနမ်းခံတဲ့ သူရော နှုတ်ခမ်း လေးကို စူပေး
လိုက်ပါတယ်။ နှာခေါင်းနှစ်ခု ရင်ဆိုင် တိုက်မိမှာ ကို
ရှောင်ရှားတဲ့ အနေနဲ့ နမ်းတဲ့ သူက လည်ပင်းကို
ညာဘက် ယိမ်းပေး လိုက်တဲ့ အခါမှာ ဦးခေါင်း၊
လည်ပင်း နဲ့ ပခုံးကြွက် သားတွေကပါ
ပါဝင် လှုပ်ရှား လာရပါတယ်။

နမ်းနေတယ် ဆိုတဲ့ အသိဟာ မျက်နှာ အာရုံကြော
(Facial Nerve) ကနေ တစ်ဆင့် ဦးနှောက် ဆီကို
ရောက်ရှိ သွားပြီး၊ ဦးနှောက် ကနေ အောက် စီ
တိုစင် (Oxytocin) ဟိုမုန်း ထွက်လာတဲ့ အခါ
တစ်ဦးကို တစ်ဦး တွယ်တာမှု၊ ချစ်ခင်မှု၊ စုံမက်မှု
တွေ ဖြစ်ပေါ်စေပါတယ်။ ဒိုပါမင်း (Dopamine)
ဟိုမုန်း ထွက်ပေါ် လာတဲ့ အခါကျတော့ ခံစားမှု၊
သာယာမှု၊ အနည်းငယ် နာကျင်မှုတွေ ဖြစ်ပေါ်
စေ လာနိုင်ပါတယ်။

ဆယ်ရယ် တိုနင် (Serotonin) ဟိုမုန်းကြောင့်
စိတ်အာရုံ ထကြွမှု ကိုဖြစ်စေတယ်။
အဒြီ နယ်လင် (Adrenaline) ဟိုမုန်း ထွက်လာပြီ
ဆိုရင်တော့ ရင်ထဲမှာ တလှပ် လှပ်နဲ့ အသက်ရှူတွေ
မြန်လာပြီး ဂနာမငြိမ်ဖြစ် လာပါတော့တယ်။
တဒိတ်ဒိတ် နဲ့ နှလုံးခုန်နှုန်း တွေမြန်ပြီး
သွေးကြောတွေ ကျယ်လိုက်လာပါပြီ။
အန်ဒေါဖင်း (Endorphins) ဟိုမုန်းက ဇိမ်ရှိတယ် ဆိုတဲ့
(Euphoria) ခံစားမှု မျိုးကို ဖြည့် ဆည်း ပေးပါတယ်။ 

စုပ်နမ်း မှုပြုနေ စဉ် အတွင်းမှာ ပဲ နှာခေါင်းရဲ့
ရှူရှိုက် အနမ်းက အနံ့ အာရုံကို ခံစားပေးလိုက်တဲ့
အတွက် ပိုမို စိတ်ကြွ လာစေပါ တယ်။
နမ်းတာ အပြင် ပွေ့ဖက် တာတွေပါ ပါဝင် လာပါပြီ။
တစ်မိနစ်စာ KISSတစ်ခုပြုနိုင်ဖို့ရာ အတွက်
စွမ်းအင် ၂၆ ကီလို ကယ်လိုရီကို အသုံး ချ
ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။

Kiss and Health
••••••••••••••••••••
စိုစွတ်နေတဲ့ အာခံတွင်းထဲမှာ ဗက်တီးရီးယား
အမျိုးအစားပေါင်း ၄ဝဝ ကျော်ဟာ
(ကမ္ဘာ့ လူဦးရေ အရေတွက်ထက် ပိုတဲ့) ဘီလီယံ
နဲ့ချီပြီး ရှိနေကြပါတယ်။ ဒီ ဗက်တီးရီးယား တွေဟာ
ကစ်စ်တစ်ခါ နမ်းလိုက်တိုင်း အာခံတွင်း တစ်ခု ကနေ
နောက်တစ်ခု ကို ကူးလူး သွားနိုင်ကြပါ တယ်။
ကံကောင်းတာက အနမ်းခံ လိုက် ရတဲ့သူရဲ့
ပါးစပ်ထဲ မှာလည်း၊ နမ်းလိုက်သူ နဲ့ ၈ဝ ရာနှုန်း
အမျိုးအစား တူတဲ့ အဏုဇီဝ အကောင်ငယ်လေး တွေက
ရှိပြီးသား ဖြစ်တတ်နေပါသတဲ့။
ကျန်တဲ့ အမျိုးမတူ ၂ဝ ရာခိုင်နှုန်း က၊ အနမ်းခံရသူ ရဲ့
ကိုယ် ခန္ဓာထဲကိုလည်း ရောက်ရော
ရောဂါပြီးဓာတ် (Antibody) တွေ ထွက်ပေါ်လာစေတဲ့
အတွက်၊ နမ်းသူနဲ့ အနမ်းခံသူ နှစ်ဦး စလုံး ဟာ
ဓာတ်တည့် နေကြတယ် လို့ ဆိုကြပါတယ်။
(မြေပဲတို့၊ နွားနို့ တို့ စားထား ဝါးထားပြီး ကစ်စ်ပေးတဲ့
အခါမျိုးမှာ တော့ အနမ်း ဓာတ်မတည့်တာမျိုး
(Kiss allergy) တွေ ရှားရှားပါးပါး ဖြစ်နိုင်ခြေ ရှိတတ် ပါတယ်)။

လျှာထိုးပြီး စုပ်နမ်းနေစဉ် မှာ နှစ်ဦး နှစ်ဖက်စလုံး ရဲ့
သွားချေးလွှာတွေ ဟာ ပျက်သုဉ်း ကုန်ကြပါတယ်။
ဒါ့ အပြင် တံတွေးတွေ ပိုမိုထွက် လာစေတဲ့ အတွက်
တံတွေးထဲမှာ ပါဝင်တဲ့ ကယ်လစီယမ် ဓာတ်တွေ၊
ဖော့စဖော့ရပ်စ် ဓာတ် တွေကြောင့်၊
သွားပိုးစားတာတွေ ကို လျော့ နည်း စေတယ် လို့
ဆိုပါတယ်။ သွားပိုးစား ရောဂါမဖြစ် စေချင်ရင်
သွားဆရာဝန်ဆီ ကိုလည်းသွားပါ။
ကစ်စ်စုပ် အနမ်းကိုလည်း နမ်းကြပါလို့ ဆိုလေ့ရှိ
ကြပါတယ်။ တစ် ခုတော့ရှိတယ်။
ချစ်သူကို ကစ်စ်ပေးတော့မယ် ဆိုရင်တော့
ကြက်သွန်ဖြူ တွေ၊ ကြက်သွန်နီတွေ၊ တညင်းသီးတွေ၊
ငါးသလောက်တွေ စားမသွားဖို့တော့ လိုလိမ့် မနော။

Kiss and AIDS
•••••••••••••••••••
မြန်မာဆန်တဲ့ နှာခေါင်းနဲ့ ရှူရှိုက်ရတဲ့ အနမ်းမျိုး ကနေ
အေအိုင်ဒီအက်စ် ရောဂါ မကူး စက်နိုင်ပါဘူး။
ပါးကလေးကို နမ်းလို့၊ နဖူးကလေး ကိုရှူရှိုက်လို့
မကူးစက်ပါဘူး။ စုပ်နမ်း တဲ့ ကစ်စ် အနမ်းတွေ
နမ်းမယ် ဆိုရင်တော့ ကူးစက်နိုင်ပါ တယ်။
ဒါ့အပြင် လည်ပင်းကို၊ ကုပ်ကို၊ ရင်ဘတ်၊ ဗိုက်၊ လက် နဲ့
ခြေထောက်တွေကို နှုတ်ခမ်း နဲ့ အတင်း စုပ်ပြီး
(အနမ်း ခံရသူမှာ သွေးခြည်ဥ ထင်ကျန်
သွားရလောက်အောင်) ကြမ်းကြမ်း တမ်းတမ်း
နမ်းစုပ်မယ်ဆိုရင်တော့ နမ်းလိုက်တဲ့ သူကို ရောဂါ
ကူးစက်နိုင် စရာ ရှိပါတယ်။

Kissing ရောဂါ
••••••••••••••••••••
တံတွေးမှာ ပါဝင်တတ်တဲ့ အီးဘီဗီ ဗိုင်းရပ်စ် ကြောင့်၊
ဖျားပြီး လည်ပင်း အကြိတ် ရောင်တတ်တဲ့ 
(Infectious Mononucleosis) ရောဂါ ကူးစက်
စေနိုင်ပါတယ်။ ဒီရောဂါ ကို အနမ်းရောဂါ
(Kissing disease) လို့ အမည်ပေး ထားကြ ပါတယ်။
ဟင်းချို ပန်းကန် တစ်လုံးထဲမှာ ဇွန်းတစ် ချောင်းတည်း နဲ့
မိသား တစ်စုလုံး အတူသောက် ခဲ့ ရင်
အသည်းရောင် စီပိုး၊ တစ်မိသားလုံး ကို
ကူးသွားနိုင်တယ် ဆိုတာ ဟာ တံတွေးထဲ မှာပါနေတဲ့
စီ ပိုးကြောင့် ဖြစ် ရတာပါ။

ကိုယ့်မှာ စီပိုး ရှိနေ ပြီဆိုရင်တော့ ကိုယ့်ချစ်သူ ကို
စုပ်နမ်း ကစ်စ်မျိုး မပေးသင့်တော့ ပါဘူး။
ရှိုက်နမ်း ကစ်စ်မျိုးကို သာ ပေးသင့်ပါတယ်။
သုတေသနပြုချက် တစ်ခု မှာ အစာအိမ် ရောဂါဖြစ်နေသူရဲ့
တံတွေး မှာ ဟယ်လီ ကို ဘက်တာပိုးတွေ
ပါလာတတ်လို့ ကစ်စ်အနမ်း ကနေ အစာအိမ် ရောဂါ
ကူးစက် သွားတာတောင် တွေ့ရှိခဲ့ဖူး ပါသတဲ့။

ကစ်စ် ကြောင့် တခြား ကူးစက်နိုင် တဲ့ ရောဂါတွေ ကတော့ 
ရေယုန်ပိုး၊ မှက္ခရုမှိုပိုး၊ အာသီးရောင်ဖျား၊ တုပ်ကွေး ၊
ဆစ်ဖလစ်၊ အိပ်ခ်ျ အိုင်ဗွီ ရောဂါတွေ ဖြစ်ကြပါတယ်။
နမ်းစုပ်မှုကို အပေါ်ပိုင်းရော အောက် ပိုင်းပါ ပြုမူကြတဲ့
သူတွေမှာတော့၊ ဂနို ရီးယား ဆီးပူညောင်း ကျ
ရောဂါမျိုးပါ ကူးစက် နိုင်ပါသတဲ့လေ။

ကစ်စ်မျိုးစုံလင်
••••••••••••••••••••
လျှာလျှာချင်း ပွတ်တာကို ပြင်သစ်အနမ်း (French kiss)
လို့ခေါ်တယ် ဆိုတာကိုတော့ သိပြီးကြမယ် ထင်ပါတယ်။
ကစ်စ် ဆိုတာဟာ လိင်ဆက်ဆံမှု မပြုခင် ကနဦး
ယုယမှု (ဖိုးပလေး) ရဲ့ တစ်စိတ် တစ်ဒေသလည်း
ဖြစ်ပါတယ်။ နှုတ်ခမ်းကို အဓိက အသုံးပြုပြီး
စုပ်နမ်းတာမို့လို့ ပါးစပ်ကလေး နဲ့ ပြွတ်ခနဲ
အသံမြည်အောင် ကိုယ်ခန္ဓာ အနှံ့ကိုလျှောက်ပြီး
ပြွတ်ကစ်စ်တွေ လုပ်လာကြပါတယ်။

လက်ဖမိုး ကလေးကို လှမ်း ယူပြီး ပြွတ်သံပေးလိုက်
တာမျိုးတွေကို ဥရောပ၊ တူရကီ၊ အိန္ဒိယ ယဉ်ကျေးမှုတွေမှာ
တစ်ဦးကို တစ်ဦး မိတ်ဆက်တဲ့အခါ ကျရင်
ပြုမူတတ်လေ့ ရှိကြပါတယ်။ နဖူးကိုပြွတ်တာ၊
နားရွက်ကို ပြွတ်တာ၊ ရင်ဘတ်ကိုပြွတ်၊ လည်ပင်းပြွတ်၊
လက်ပြွတ် ။ ခြေထောက်ပြွတ်၊ ဗိုက်ပြွတ်၊ ချက်ပြွတ်၊
ခြေဖနောင့်၊ ခြေမတွေကိုလည်း
(ဖိုးပလေး ယုယမှု တစ်ရပ် အနေနဲ့) ပြွတ်နိုင်ကြ ပါတယ်။

အက်စကီးမိုးတွေ၊ ပိုလီနီးရှမ်း၊ နယူး ဇီလန်နဲ့
မလေး လူမျိုးတွေဟာ တစ်ဦးကို တစ်ဦး
နှုတ်ဆက်ကြတဲ့ အခါမှာ နှာခေါင်းချင်း ပွတ်ကြ၊
ဖိကြတဲ့ အနမ်းမျိုးတွေ ပြုလေ့ ရှိကြပါသတဲ့။
ဒါကို အက်စကီးမိုး အနမ်း (Eskimo kiss) လို့
ခေါ်ပါတယ်။

လူနှစ်ယောက် မျက်စိနှစ်စုံကို ကပ်ထားပြီး
မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်ပြု ကြတာကို
လိပ်ပြာ အနမ်း (Butterfly kiss) တဲ့။

မျက်ခုံးမွေးခြင်း ပွတ်ကြတာ ကိုတော့
ပေါက်ဖတ် အနမ်း (Caterpillar kiss) လို့ ခေါ်ပါသတဲ့။

နားထင်ကို လျှာနဲ့ လျက်တာကို တော့
ဘမ်ဘီကစ်စ် (Bambi kiss)။ ပီကေ မှုတ်ပြီး
ကစ်စ်ရင်တော့ (Bubble gum kiss)။
သကြားလုံး ငုံကစ်စ် (Cotton candy kiss)။

ဝိုင်းကြီးပတ်ပတ် လှည့်ပြီး ကစ်စ်ကြရင်
ဒစ်ဇီး ကစ်စ် (Dizzy kiss)။

ဘဲတွေလို ဦးခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်တဲ့
ကစ်စ်မျိုး ကျတော့ ဒပ်ကစ်စ် (Duck kiss)။

နှုတ်ခမ်းပေါ် လက်နှစ် ချောင်း တင်ပြီးမှ ပြန်ခွာပြတာကို
ဖလိုင်း ကစ်စ် (Fly kiss) ဆိုပြီး နာမည်တွေ
အမျိုးမျိုးပေး လာကြပါတယ်။

လေယာဉ်ပေါ်က ဆင်းဆင်းခြင်း မြေကြီးကိုနမ်း
(Earth kiss) တဲ့ သူမျိုးတွေတောင် ရှိလာပါ တယ်လေ။

ဘိုနိုဘို မျောက်တွေဟာ အချင်းချင်း ကစ်စ်
လုပ်တတ်ကြပါတယ်။ ငှက် တွေဟာ နှုတ်သီးချင်းတေ့ပြီး
ကစ်စ်ကြသလို၊ ခရုတွေဟာ လည်း ဦးမှင်ချင်း တို့ပြီး
ကစ်စ် လုပ် တတ်ကြသတဲ့ဗျာ။

.

ကစ်စ်သင်္ကေတ 
•••••••••••••••••••••
နှုတ်ခမ်းနီ ဆိုးပြီး မှန်သားပြင်ပေါ် မှာ နှုတ်ခမ်း
အရာ ပေးလိုက် တာဟာ ကစ်စ် ဆိုတဲ့ သင်္ကေတပါပဲ။
ရည်းစား စာအိတ် ပေါ်မှာလည်း နှုတ်ခမ်းရာ
ထင်အောင် (Seal with kiss) ဆိုတဲ့ သင်္ကေတ နဲ့
စာအိတ် ပိတ်ပေး လိုက် တတ်ကြပါ တယ်။

K.I.S.S ဆိုတာက Keep It Short and Simple ကိုဆိုလိုတာပါ။
အဓိပ္ပာယ် ကတော့ ဘယ်အရာ ပဲလုပ်လုပ်
ဝေ့ဝိုက် မနေဘဲ ရိုးရိုးစင်း စင်းလုပ်ဖို့ သတိပေး ထားတာပါ။

အင်္ဂလိပ် အက္ခရာ X ဆိုတာ ဟာ ကစ်စ်ရဲ့
သင်္ကေတ ပါပဲတဲ့။  X ဆိုတာ လက်မောင်း လေးချောင်း
ပွေ့ဖက်ထား တာပါ။ O ဆိုတာက နှုတ်ခမ်းလေး ကို
ဝလုံးလို ဝိုင်းနေအောင် စူပေး ထားတာပါ။

XOXO ဆို ပြီး အီးမေးလ် နောက်ဆုံး မှာ ထည့်ပေး
လိုက်ရင် ဖက်လဲတ ကင်း ပြုမူ ရင်းနဲ့ အကြင်နာ
အနမ်းများ ကို ပေးပို့ လိုက်ပါတယ် လို့
အဓိပ္ပာယ် ရပါသတဲ့ လေ။ ဒီလို ဆိုတော့…
ဗဟုသုတရွာစာချစ်သူ ပရိသတ် အပေါင်း ကို
XOXO သင်္ကေတပေးပြီး နိဂုံးချုပ်လိုက်ပါ တယ်။

━━━━━━━━ ᠌

No comments:

Post a Comment