စာအုပ်နှင့်သီချင်းlink: ဥရောပယူ−၂၁ အကြိုဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် ဂျာမနီ အီတလီနှင့် စပိန် ထိပ်သီးအသင်းများ ပွဲကြီးပွဲကောင်း ရင်ဆိုင်တွေ့ကြမယ် ....!

Search This Blog

Monday, June 26, 2017

ဥရောပယူ−၂၁ အကြိုဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် ဂျာမနီ အီတလီနှင့် စပိန် ထိပ်သီးအသင်းများ ပွဲကြီးပွဲကောင်း ရင်ဆိုင်တွေ့ကြမယ် ....!

ဥရောပယူ−၂၁ အကြိုဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် ဂျာမနီ အီတလီနှင့် စပိန် ထိပ်သီးအသင်းများ ပွဲကြီးပွဲကောင်း ရင်ဆိုင်တွေ့ကြမယ် ....!

ပိုလန်နိုင်ငံတွင် ကျင်းပ နေသည့် ဥရောပ ယူ-၂၁ပြိုင်ပွဲဆီမီးဖိုင်နယ်၌ အင်္ဂလန်နှင့် ဂျာမနီတို့ ရင်ဆိုင်တွေ့မည်ဖြစ် ကာ ကျန်တစ်ပွဲတွင် အီတလီနှင့် စပိန်ရင်ဆိုင်ရမည်ဖြစ်သည်။

ကြာသပတေးနေ့က ပိုလန် ကို ၃-၀ ဂိုးဖြင့် နိုင်ပြီး အုပ်စု(A)  ပထမနေရာမှ ဆီမီးသို့ ရောက် လာသော အင်္ဂလန်ယူ-၂၁ အသင်းသည် တစ်ဖက်အုပ်စုမှ အီတလီကို ၁-၀ ဂိုးဖြင့် ရှုံးပြီး ဒု တိယနေရာရ ဂျာမနီနှင့် ရင်ဆိုင် တွေ့မည်ဖြစ်သည်။

အင်္ဂလန်လူငယ်အသင်း နည်းပြ အီဒီဘူးဘရွိုက်က ဂျာမနီ သည် မိမိတို့အတွက် ဧရာမပြိုင် ဘက် အသင်းဖြစ်သော်လည်း စောင့်ကြည့်ရဦးမည်ဟု ပြောသည်။

အင်္ဂလန်၌ ဆောက်သမ် တန်လူငယ်တိုက်စစ်မှူး ရဒ်မွန်း နှင့် ချယ်လ်ဆီးလူငယ်ကွင်းလယ် လူ ချာဘိုဘာတို့ ဒဏ်ရာအနည်း ငယ်ရထားသဖြင့် အင်္ဂါနေ့တွင် ကစားမည့် ဂျာမနီနှင့် ပွဲ၌ ပါဝင်နိုင်မည်လားဆိုခြင်းကို စောင့်ကြည့် ရဦးမည်ဖြစ်သည်။

စပိန်နှင့် အီတလီတို့သည် ၂၀၁၃ က ဂျေရုဆလင်မြို့တွင် ဗိုလ်လုပွဲ၌ ဆုံတွေ့ခဲ့ပြီး စပိန်က ၄-၂ ဂိုးဖြင့် နိုင်ခဲ့သည်။ ၂၀၀၉ က မော်လ်မိုမြို့တွင် ဆုံတွေ့စဉ်ဂျာမနီက အင်္ဂလန်ကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

အင်္ဂလန်သည် ၂၀၀၉ နောက်ပိုင်း ယခုပြိုင်ပွဲ၏ ဆီမီး အဆင့်သို့ ပထမဆုံးတက်ရောက် လာသော အသင်းဖြစ်ပြီး လက်ရှိတွင် ဖလားရမည်ဟု ရေပန်းစားနေသော အသင်းသည် စပိန်ဖြစ်သည်။ သို့သော် အင်္ဂလန်မှ ဘာကာက ၎င်းတို့သည် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေမည်မဟုတ် ဟု ပြောကြားသည်။

—Ref:BBC/Sky

Credit:  7Day Daily

No comments:

Post a Comment