စာအုပ်နှင့်သီချင်းlink: ဂျပန်တွင် လုပ်သားတစ်သန်းကျော် လိုအပ်ချက်ဖြစ်ပေါ်နေပြီး မြန်မာများ အလုပ်သင် လာလျှောက်နိုင်ကြောင်း ဂျပန်ရှိ မြန်မာသံရုံး ကြေညာ

Search This Blog

Thursday, June 29, 2017

ဂျပန်တွင် လုပ်သားတစ်သန်းကျော် လိုအပ်ချက်ဖြစ်ပေါ်နေပြီး မြန်မာများ အလုပ်သင် လာလျှောက်နိုင်ကြောင်း ဂျပန်ရှိ မြန်မာသံရုံး ကြေညာ

ဂျပန်တွင် လုပ်သားတစ်သန်းကျော် လိုအပ်ချက်ဖြစ်ပေါ်နေပြီး မြန်မာများ အလုပ်သင် လာလျှောက်နိုင်ကြောင်း ဂျပန်ရှိ မြန်မာသံရုံး ကြေညာ
29-6-2017
၂၀၂၀ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ် အားကစား ပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေရပြီဖြစ်သော ဂျပန်နိုင်ငံအနေဖြင့် အလုပ်သမား လိုအပ်ချက်တစ်သန်းခန့် ရှိနေပြီးမြန်မာလုပ်သားများကို ဦးစားပေး ဖြည့်တင်းခေါ်ယူရန် စီစဉ်နေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာနိုင်ငံသားများ ဂျပန်တွင် အလုပ်အကိုင်အခွင့်အလမ်း ရနိုင်ခြေ ရှိမရှိကို မကြာခဏ စုံစမ်းမှုများ ရှိနေသည့်အတွက် ယင်းကဲ့သို့ ဂျပန်အလုပ်သမားလိုအပ်ချက်ကို ထုတ်ပြန် အသိပေးလာခြင်း လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် အိုလံပစ်အားကစား ပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ရမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ စတင်နေပြီဖြစ်ပြီး အလုပ်သမား လိုအပ်မှုအရေအတွက်မှာလည်း ဦးရေ(၁)သန်းခန့်ရှိကြောင်း၊ ထိုသို့ ဂျပန်နိုင်ငံ၏ ပြည်တွင်း အလုပ်သမား လိုအပ်ချက်ကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအသီးသီးမှ နိုင်ငံခြားသား အလုပ်သမားများအား Technical Intern Training Programme အောက်မှ အလုပ်သင် အလုပ်သမားအဖြစ်လည်းကောင်း၊ ကျွမ်းကျင် အလုပ်သမားအဖြစ် လည်းကောင်း ခေါ်ယူ၍ ဖြည့်တင်း ဆောင်ရွက်နေသည်ဟု မြန်မာလုပ်သားများအား သံရုံးက အသိပေးလာသည်။
အဆိုပါခေါ်ယူမှုတွင် လုပ်ငန်းခွဲအမျိုးအစား ၁၃၆ မျိုး ရှိနေပြီး ဂျပန်တွင်အလုပ်လုပ်လိုသော မြန်မာများအနေဖြင့် ၃ နှစ်တိတိ အလုပ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ထပ်မံပြဌာန်းမည့် ဥပဒေသစ်အရ ငါးနှစ်အထိလည်း အလုပ်လုပ်ခွင့်ရှိမည်ဟု သိရသည်။ လက်ရှိတွင် ဂျပန်၌ မြန်မာလုပ်သားလာရောက်လုပ်ကိုင်မှု မြင့်တက်လာနေကြောင်းလည်း သံရုံးက ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အလုပ်သင်လုပ်သား ၃၅၀၀ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း ဆိုသည်။
သို့ သော် မြန်မာမှ ထွက်မလာခင်တွင် အေဂျင်စီကုမ္ပဏီများကို တိတိကျကျ စုံစမ်းစစ်ဆေးပြီးမှသာလျှင် လာရောက်ကြစေလိုကြောင်းနှင့် သံရုံးဘက်ကလည်း ဂျပန်ဘက်မှ အလုပ်သမားများခေါ်ယူသည့် ကုမ္ပဏီများသည် မှန်ကန်မှုရှိ-မရှိ၊ အလုပ်သမားများ အမှန်တကယ် ရရှိနိုင်မည့် လုပ်ခလစာနှင့် အလုပ်သမားများထံမှ ဖြတ်တောက်ကောက်ခံမည့် စရိတ်များသည် ဆီလျော်မှုရှိ-မရှိ၊ အလုပ်သမားများ၏လုပ်ငန်းခွင့်နှင့် နေရာ ထိုင်ခင်းများ လုံခြုံစိတ်ချ၍ အဆင်ပြေနိုင်မှုရှိ-မရှိ၊ လုပ်ငန်းခွင်သည် နျူကလီးယားဓါတ်ရောင်ခြည်သင့်မှု လွတ်ကင်းသည့် ဒေသဖြစ်-မဖြစ် စသည်တို့ကို အသေးစိတ် စစ်ဆေးလျက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်မည့် ကုမ္ပဏီများ၌သာ မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။
အကုန်သိ

No comments:

Post a Comment