စာအုပ်နှင့်သီချင်းlink: မီးလျှံကြားက “ မေ “ ။ လန်ဒန်သားတို့၏ “ အလ္လာဟူ အက္ကဘာ “ နှင့် “ မူဆလင်တွေအားလုံးကို သတ်မယ် “ ။ လက်ယာစွန်းအယူအဆနှင့် အစ္စလာမ်ကြောက်ရောဂါမှာ လန်ဒန်လူထုကြားတွင် ပြန့်နှံ့။ အွန်လိုင်းမှ VPN အသုံးပြုစည်းရုံးနေကြ။ ****************************************************************

Search This Blog

Tuesday, June 27, 2017

မီးလျှံကြားက “ မေ “ ။ လန်ဒန်သားတို့၏ “ အလ္လာဟူ အက္ကဘာ “ နှင့် “ မူဆလင်တွေအားလုံးကို သတ်မယ် “ ။ လက်ယာစွန်းအယူအဆနှင့် အစ္စလာမ်ကြောက်ရောဂါမှာ လန်ဒန်လူထုကြားတွင် ပြန့်နှံ့။ အွန်လိုင်းမှ VPN အသုံးပြုစည်းရုံးနေကြ။ ****************************************************************

မီးလျှံကြားက “ မေ “ ။   လန်ဒန်သားတို့၏ “ အလ္လာဟူ အက္ကဘာ “ နှင့်  “ မူဆလင်တွေအားလုံးကို သတ်မယ် “ ။ လက်ယာစွန်းအယူအဆနှင့် အစ္စလာမ်ကြောက်ရောဂါမှာ လန်ဒန်လူထုကြားတွင် ပြန့်နှံ့။ အွန်လိုင်းမှ VPN အသုံးပြုစည်းရုံးနေကြ။
**************************************************************** 
<<< ယခုသတင်းဖော်ပြရာတွင် ဆက်စပ်မှု့ရှိပါသဖြင့် ယခင်နှစ် ကျွန်တော်သိမ်းဆည်းထားသော သတင်း ဟောင်းတစ်ချို့အား အကျဉ်းချုံးထည့်သွင်းဖော်ပြပါသည်။ >>>

( ဇွန်-၂၁၊ ၂၀၁၇ ) လူ ၇၉-ဦး သေဆုံးရသည့် ဂရန်ဖဲလ်တာဝါ သံသယဖြစ်ဖွယ်မီးလောင်ကျွမ်းမှု့ပြဿနာအား မဖြေရှင်းနိုင်မီ ဖင်းစ်ဘူရီပတ်ခ်ဗလီအနီး ၀တ်ပြုပြီးထွက်လာသူများအား ကားဖြင့်ဒလကြမ်းဝင်တိုက်မှု့နောက်ဆက်တွဲ လန်ဒန်လူထုအတွင်း အစ္စလာမ်ကြောက်ရောဂါပြန့်နှံ့မှု့နှင့် ၀န်ကြီးချုပ် ထရီဇာမေ ရင်ဆိုင်နေရကြောင်း နိုင်ငံတကာမီဒီယာများက ယနေ့ရေးသားဖော်ပြသည်။

ဇွန်-၁၉ နံနက်စောစောပိုင်း လန်ဒန်မြို့မြောက်ပိုင်းတွင်  ဗလီမှဝတ်ပြုပြီးထွက်ခွာလာသူများအား ကားဖြင့်ဒလကြမ်းဝင်တိုက်ခဲ့သူသည် ထိုအကြမ်းဖက်မှု့ကိုကျူးလွန်နေစဉ် “ မူဆလင်တွေအားလုံးကို သတ်မယ် “ ဟု အော်ဟစ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရသိရှိရသည်။

ကလေး ၄-ယောက်ဖခင် အသက် ၄၇-နှစ်အရွယ်ရှိ ဒါရိန်းအော့စ်ဘွန်းဆိုသူ၏လက်ချက်ဖြင့် ၀တ်ပြုသူ ၁-ဦး သေဆုံး၊ ၁၀-ဦးဒါဏ်ရာရရှိပြီးနောက် အဆိုပါဖြစ်စဉ်အား “ အကြမ်းဖက်သမား၏တိုက်ခိုက်မှု့ “အဖြစ် ၀န်ကြီးချုပ် ထရီဇာမေက သတ်မှတ်ပြောဆိုလိုက်ပြီး ထိရောက်သော အရေးယူမှု့များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။ သို့သော် ဖင်းစ်ဘူရီပတ်ခ်ဗလီအကြမ်းဖက်မှု့နှင့်ပတ်သက်၍ လန်ဒန်လူထုကြားတွင် အယူအဆကွဲပြားမှု့များ ဖြစ်ပေါ်လာသည်။

ယနေ့ထုတ် အင်ဒီပင့်ဒင့်သတင်းစာက ရေးသားရာတွင် လက်ယာစွန်းအယူအဆနှင့် အစ္စလာမ်ကြောက်ရောဂါ မှာ လန်ဒန်လူထုကြားတွင် ပြန့်နှံ့လျှက်ရှိကြောင်း ထိုသို့တိုက်ခိုက်ခြင်းမှာ လုပ်သင့်လုပ်ထိုက်ပြီးလျှင် ဘာသာ ခြားတို့အား ၄င်းတို့နေရပ်သို့မောင်းထုတ်ပစ်သင့်သည်ဟူသော ယူဆသူများလည်းရှိနေသည်ဆို၏။

ထိုသို့သော အစွန်းရောက်အယူအဆသည် နှစ်ဖက်စလုံးတွင်ရှိနေပြီး ဖင်းစ်ဘူရီပတ်ခ်ဗလီအကြမ်းဖက်မှု့မှာ စစ်ဖြစ်နေခြင်းကို ရည်ညွှန်းလျှက်ရှိနေ၍ ရာမာဒန်ဥပုသ်ကာလနှောင်းပိုင်းဝတ်ပြုသူများသည် မိမိတို့ကိုယ်မိမိတို့ ခုခံကာကွယ်ကြရမည်ဖြစ်ကြောင်း နှိုးဆော်မှု့များရှိနေသည်။

လူထုကြားပြန့်နှံ့လျှက်ရှိသော အစွန်းရောက်အယူအဆများအား ကိုင်တွယ်အရေးယူမည်ဟု ဗြိတိသျှအာဏာပိုင်များက ပြောဆိုနေလျှက်ရှိစဉ် အင်ဒီပင့်ဒင့်သတင်းစာက လူမှု့ကွန်ယက်တွင်ဖော်ပြချက်အချို့ကို ကောက်ယူခဲ့ရာ  လက်ယာစွန်းဝါဒီအချို့က ၄င်းတို့ထောက်ခံသူများအား လိမ်မာပါးနပ်စွာစည်းရုံးထား သော ပို့စ်များဖြစ်နေသည်ကိုတွေ့ရှိရသည်။ ၄င်းတို့သည် မိုဘိုင်းဖုန်းအသုံးပြု၍ (Virtual Private Network) VPN ဖြင့်လွှင့်တင်ခြင်းဖြစ်ရာ တည်နေရာအမှန်မသိနိုင်ကြောင်းဖြင့်လည်း ရေးသားထားသည်။

ဖင်းစ်ဘူရီပတ်ခ်ဗလီဖြစ်စဉ်ညနေပိုင်း၌ မူဆလင်လူမှု့ဖူလုံရေးအဆောက်အအုံရှေ့ လမ်းမပေါ်တွင် လူတစ်စုက ၀တ်ပြုဆုတောင်းပွဲကျင်းပသည်ကိုတွေ့ရှိရသည်။ အဆိုပါဆုတောင်းပွဲသည် ဖင်းစ်ဘူရီပတ်ခ် ဖြစ်စဉ်နှင့် ဂရန်ဖဲလ်တာဝါမီးလောင်မှု့သေဆုံးသူများအတွက် ၀တ်ပြုဆုတောင်းသည်ဟု ဆိုကြပြီး၊ ဒေသန္တရဂျူးအဖွဲ့အစည်းနှင့် အခြားဘာသာယုံကြည်ကိုးကွယ်သူများကပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဆိုကြပါသည်။

ထိုအချိန်မရှေးမနှောင်း၌ ပက်ဒင်တန်မီးရထားဘူတာရုံအနီးတွင် ဒါးကိုင်သူတစ်ဦးက “ အလ္လာဟူ အက္ကဘာ “ ဟု အော်ဟစ်ကာ ရဲအရာရှိအား တိုက်ခိုက်ရန်ကြိုးစားသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ရုရှားတူဒေးသတင်းမီဒီယာ ကျွီတာစာမျက်နှာတွင်ဖော်ပြသည်။

ဖင်းစ်ဘူရီပတ်ခ်ဗလီမှာ နယူးယောက် ၉/၁၁ အကြမ်းဖက်ခံရပြီးနောက် အစွန်းရောက်အယူအဆများဟော ပြောမှု့ဖြင့် နှစ်အတန်ကြာပိတ်ပင်ထားခံရဘူးသည်။ ထို့နောက်ပိုင်း ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပြီး ၁၀-စုနှစ်မျှအတွင်း အစွန်းရောက်အယူအဆနှင့် ဆက်နွယ်သည်ဟူ၍ မတွေ့ရဟုဆိုသည်။

အစ္စလာမ်ကြောက်ရောဂါဆန့်ကျင်ရေးအတွက် ဗြိတိန်နိုင်ငံတွင် “ ကျွန်ုပ်တို့ ဗလီသို့ အလည်လာပါ “ အစီအစဉ်အား အကောင်အထည်ဖော်ခဲ့ဘူးကြောင်း ၇-မေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့ဘူးသည်။ အဆိုပါအစီအစဉ်အရ ဗြိတိန်နိုင်ငံတစ်ဝှမ်းမြို့ကြီးများရှိ ဗလီ ၈၀-ကျော်တို့က တနင်္ဂနွေနေ့တွင် ဗလီတံခါးများဖွင့်လှစ်၍ မူဆလင်မဟုတ်သူများအလည်လာရောက်ကြရန်ဖိတ်ခေါ်ခြင်းဖြစ်သည်။ ဗြိတိန်မူဆလင်ကောင်စီက ဦးစီးကျင်းပသည့် ဒုတိယအကြိမ် ၄င်းအစီအစဉ်အရ မူဆလင်မဟုတ်သူများသည် ဗြိတိန်ဗလီ များတွင် မူဆလင်တို့၏ ၀တ်ပြုပုံနှင့် ယုံကြည်ကိုးကွယ်မှု့အား လွတ်လပ်စွာလေ့လာနိုင်မည်ဖြစ်သည်။

၂၀၁၁-ခုနှစ်စာရင်းအရ အင်္ဂလန်နှင့် ဝေလပြည်နယ်တွင် မူဆလင်ဦးရေ ၂.၇-သန်းရှိနေပြီး ခရစ်ယာန်မဟုတ်သူများတွင် ဘာသာကိုးကွယ်မှု့ အများဆုံးဦးရေဖြစ်၍ ဗြိတိန်နိုင်ငံလူဦးရေ၏ ၅-ရာခိုင်နှုန်းရှိသည်။

ဗြိတိန်နိုင်ငံတစ်ဝှမ်း အစ္စလာမ်အစွန်းရောက်အယူအဆကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းများဖြစ်ပွားခဲ့ရာတွင် ဇူလိုင်-၇ ၂၀၀၅-ခုနှစ် လန်ဒန်မြေအောက်မီးရထားဘူတာရုံ အသေခံဗုံးခွဲခံရခြင်းမှာ အဆိုးဝါးဆုံးဖြစ်၍ လူ ၅၂-ဦးသေဆုံး၊ ၇၀၀ ကျော်ဒါဏ်ရာရရှိခဲ့သည်။ ၂၀၁၃-ခုနှစ် ဗြိတိသျှစစ်သားတစ်ဦး အသတ်ခံရခြင်း။ ၂၀၁၅-ခုနှစ် ဥပဒေပညာရှင်တစ်ဦး။ ၂၀၁၇-ခုနှစ် ၀က်စ်မင်နစ္စတာတံတား ၅-ဦးသေ၊ လူ-၄၀ ဒါဏ်ရာရ။ မန်ချက်စတာ ဂီတဖျော်ဖြေပွဲ အသေခံဗုံးခွဲမှု့ ၂၂-ဦးသေ၊ ၅၉-ဦးဒါဏ်ရာရ။ လန်ဒန်တံတား ၇-ဦးသေ၊ ဒါဇင်ပေါင်းများစွာဒါဏ်ရရှိစေခဲ့သော အကြမ်းဖက်မှု့များမှာ ထင်ရှားသည်။

http://www.independent.co.uk/news/uk/home-news/finsbury-park-attack-latest-witnesses-man-shouted-kill-muslims-london-mosque-van-crash-dead-police-a7796601.html

http://www.independent.co.uk/news/uk/home-news/finsbury-park-attack-muslims-islam-right-wing-extremists-response-uk-a7799901.html

https://www.nytimes.com/2017/06/04/world/europe/terrorist-attacks-britain-history.html

http://www.bbc.com/news/uk-40323769
Htay Oung

No comments:

Post a Comment