စာအုပ်နှင့်သီချင်းlink: တောင်းဆိုချက်တွေ တပတ်အတွင်းမပေးရင် အမျိုးသားရေးလှုပ်ရှားသူတွေ သပိတ်မှောက်မည်ဟုဆို အမျိုးသားရေးလှုပ်ရှားသူတွေက သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကို နှုတ်ထွက်ပေးဖို့ အပါအ၀င် တောင်းဆိုချက် ၆ချက်ကို ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ကန့်ကွက်ရူံ့ချပွဲမှာ တောင်းဆိုလိုက်ပါတယ်။

Search This Blog

Monday, June 26, 2017

တောင်းဆိုချက်တွေ တပတ်အတွင်းမပေးရင် အမျိုးသားရေးလှုပ်ရှားသူတွေ သပိတ်မှောက်မည်ဟုဆို အမျိုးသားရေးလှုပ်ရှားသူတွေက သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကို နှုတ်ထွက်ပေးဖို့ အပါအ၀င် တောင်းဆိုချက် ၆ချက်ကို ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ကန့်ကွက်ရူံ့ချပွဲမှာ တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်တွေ တပတ်အတွင်းမပေးရင် အမျိုးသားရေးလှုပ်ရှားသူတွေ သပိတ်မှောက်မည်ဟုဆို

အမျိုးသားရေးလှုပ်ရှားသူတွေက သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကို နှုတ်ထွက်ပေးဖို့ အပါအ၀င် တောင်းဆိုချက် ၆ချက်ကို ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ကန့်ကွက်ရူံ့ချပွဲမှာ တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုချက်တွေကို တစ်ပတ်အတွင်း မရရှိပါက သပိတ်မှောက်သွားမယ်လို့ဆိုပါတယ်။

“ ဦးဇင်းတို့ တစ်လ စောင်ကြည့်ပြီးပြီ အကြောင်းပြန်ကြားခြင်းမရှိဘူး အခုတော့ ဒါနောက်ဆုံးအကြိမ်ပါ ”လို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့ရဲ့ အလုပ်အမှုဆောင် ဆရာတော် ဦးတေဇ၀ံသ က မိန့်ပါတယ်။

နေပြည်တော်မှာ ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် ဘာမှမထူးခဲ့ဘူးလို့ဆရာတော်ဦးတေဇ၀ံသကမိန့်ပါတယ်။ သပိတ်မှောက် ဆန္ဒထုတ်ဖော်သွားမယ့်အသေးစိတ်အစီအစဉ်ကိုတော့ အမျိုးသားရေးလှုပ်ရှားသူတွေပူးပေါင်းပြီး ထပ်မံ တိုင်ပင်မယ်လို့ သိရပါတယ်။

သည်ကနေ့ နေ့လည် ၁း၀၀ နာရီက မြို့တော်ခန်းမရှေ့မှာ သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကို ကန့်ကွက်ရှုံ့ချပွဲကျင်းပခဲ့ပြီး လူ၂၀၀ ၀န်းကျင်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

“ အစိုးရအနေနဲ့ သူရဦးအောင်ကို ကို အရေးယူမှုတွေလုပ်သင့်တယ် အဲ့ဒါကို ထောက်ပြဖို့ပါ” လို့ ရှေ့နေဦးအေးပိုင်က ပြောပါတယ်။ သူရဦးအောင်ကို အနေနဲ့ သာသနာအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တစ်ချို့ကိစ္စတွေမှာ တရားစီရင်ရေးကို ၀င်ရောက်စွတ်ဖက်နေတယ်လို့ သူ က ပြောပါတယ်။ အစိုးရအနေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ဆန္ဒ၊ခံစားချက်၊ ယုံကြည်ချက်တွေကနေ ပေါက်ဖွားလာတဲ့ တောင်းဆိုမှုတွေကို စဉ်းစားပေးဖို့ ၊သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးမှ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့ ဦးဝင်းကိုကိုလတ် အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို အကျဉ်းချတာဟာ မဖြစ်သင့်တာကြောင့် ဖြေရှင်းပေးဖို့၊ ဆရာတော်ဦးဝီရသူ ကို တရားဟောခွင့် ပြန်လည်ခွင့်ပြုပေးဖို့ ၊ မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်အတွက် စွပ်စွဲခံရသူတွေအတွက် အမိန့်ပြန်လည် ရုတ်သိမ်းဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

Kumudra News

No comments:

Post a Comment