စာအုပ်နှင့်သီချင်းlink: မန်စီးတီးသတင်းတိုများ ================== "ကျနော် ဒန်နီရယ်လ်အဲဗက်နဲ့ စကားပြောခဲ့ပေမယ့် သူက ဘယ်ကိုပြောင်းမလဲဆိုတာ လေစလေးတောင် မထိုးခဲ့ပါဘူး။ စီးတီးကလဲ သူကိုခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာတောင် မသိဘူးလေ။ ဒါပေမယ့်

Search This Blog

Wednesday, June 28, 2017

မန်စီးတီးသတင်းတိုများ ================== "ကျနော် ဒန်နီရယ်လ်အဲဗက်နဲ့ စကားပြောခဲ့ပေမယ့် သူက ဘယ်ကိုပြောင်းမလဲဆိုတာ လေစလေးတောင် မထိုးခဲ့ပါဘူး။ စီးတီးကလဲ သူကိုခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာတောင် မသိဘူးလေ။ ဒါပေမယ့်

မန်စီးတီးသတင်းတိုများ
==================

"ကျနော် ဒန်နီရယ်လ်အဲဗက်နဲ့ စကားပြောခဲ့ပေမယ့် သူက ဘယ်ကိုပြောင်းမလဲဆိုတာ လေစလေးတောင် မထိုးခဲ့ပါဘူး။ စီးတီးကလဲ သူကိုခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာတောင် မသိဘူးလေ။ ဒါပေမယ့် သူရောက်လာရင်တော့ ကျေကျေနပ်နပ်ကြီးကို ကြိုဆိုသွားမှာပါ" #ဂျီးဆပ်

ကတ်တလန်သတင်းတွေကတော့ ပက်ဟာ ဆန်းချက်ကိုခေါ်ယူဖို့သာ ကြိုးစားနေတာဖြစ်ပြီး ဒေါ့မွန်က ဒမ်ဘီလီကို စိတ်ဝင်စားခြင်း မရှိဘူးလို့ ဖော်ပြလိုက်ပါတယ်။

" အာဆင်နယ်၊ မန်စီးတီး နဲ့ လီဗာပူးအသင်းတွေက ပြီးခဲ့တဲ့နှစ်က ကျနော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကြီးကိုတောင် အဲဒီအကြောင်းမပြောပြခဲ့ပါဘူး။ မကြာခင်မှာတော့ ဥရောပ ထိပ်သီးကလပ်တွေမှာ ကစားခွင့်ရဖို့ မျှော်လင့်နေပါပြီ " #ကီတာ (လိုက်ပစ်ဇ်ကွင်းလယ်လူ)

" ကျနော်က မန်စီးတီးကစားသမားပါ။ ဇူလိုင် 10 ရက်မှာ စတင်မယ့် ရာသီကြို အစီစဉ်တွေအတွက်တောင် အသင့်ဖြစ်နေပါပြီ" #ဘိုနီ

ဂျူဗီဟာ အဲလ်ဗက်နဲ့ တရားဝင် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ဒီကနေ့မှာပဲ ကြေငြာဖွယ် ရှိပါတယ်။

အသက် 32 နှစ်အရွယ် ကွင်းလယ်လူ ဖာနန်ဒိုရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်သော်လဲ စီးတီးဘက်က အခုချိန်ထိ စာချုပ်သစ်ကိစ္စ ပြောဆိုလာခြင်း မရှိသေးပါဘူး။

စတုတ်အသင်းကတော့ ဒဲ့ဖ်ကို အငှားနဲ့ခေါ်ယူဖို့ တရားဝင် စုံစမ်းမှုတွေ ပြုလုပ်လာနေပါတယ်။

ဘရီဒါအသင်းကဟာ လူငယ်ကစားသမား မာနူဂါစီယာကို နောက်ထပ်တစ်ရာသီ ထပ်မံအငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

လိုင်ယွန်နဲ့ စာချုပ်ကိစ္စအဆင်မပြေဖြစ်ခဲ့တဲ့ နောက်တန်းကစားသမား မန်ဂါလာကို အေစီမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Happy Birthday ဒီဘရိုင်း . . . လာမယ့်ရာသီမှာလဲ ဆက်လက်ခြေစွမ်းပြနိုင်ပါစေကွာ . . .:)

No comments:

Post a Comment