စာအုပ်နှင့်သီချင်းlink: အာဆင် နယ် သတင်းတိုများ ===================================== အေစီမီလန် အသင်းဟာ ယမန်နှစ် က အာဆင် နယ် အသင်းပစ် မှတ် ထားခဲ့ဖူးတဲ့ တိုက် စစ် မှုး နီယန်း ကို ပေါင် ၁၅ သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ဖို့ စိတ် ကူးရှိနေတယ် လို့ သတင်းရရှိပါတယ် ။

Search This Blog

Tuesday, June 27, 2017

အာဆင် နယ် သတင်းတိုများ ===================================== အေစီမီလန် အသင်းဟာ ယမန်နှစ် က အာဆင် နယ် အသင်းပစ် မှတ် ထားခဲ့ဖူးတဲ့ တိုက် စစ် မှုး နီယန်း ကို ပေါင် ၁၅ သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ဖို့ စိတ် ကူးရှိနေတယ် လို့ သတင်းရရှိပါတယ် ။

အာဆင် နယ် သတင်းတိုများ

=====================================

အေစီမီလန် အသင်းဟာ ယမန်နှစ် က အာဆင် နယ် အသင်းပစ် မှတ် ထားခဲ့ဖူးတဲ့ တိုက် စစ် မှုး နီယန်း ကို ပေါင် ၁၅ သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ဖို့ စိတ် ကူးရှိနေတယ် လို့ သတင်းရရှိပါတယ် ။

အာဆင် နယ် နဲ့ ဘာစီလိုနာအသင်းတို့ဟာ စပို့တင်းဘရာဂါ  မှာကစားနေတဲ့ ပေါ်တူဂီလူငယ် လက် ရွေးစင် ပက် ဒရို နီတို ကို ခေါ်ယူဖို့ စိတ် ၀င် စားနေကြတယ်လို့ သိရပါတယ် ။ ဘရာဂါ က တော့ ဘာစီလိုနာ ရဲ့ ပေါင် ၁၃ သန်း တန်ကမ်းလှမ်းမှုကိုငြင်းပယ် ထားခဲ့ပြီး နီတို ရဲ့ စာချုပ် ဖျက် သိမ်းကြေး ပေါင် ၁၇.၅ သန်းကိုသာ အလိုရှိတယ် လို့ သိရပါတယ် ။

လီဗာပူး တာဝန် ရှိသူတွေက တော့ ချိန် ဘာလိန် နဲ့ ပတ်သက် လို့ အာဆင် နယ် အသင်းဆီ တွေ့ဆုံဆွေးနွေး သွားခဲ့ကြောင်း သတင်းကြားသိရပါတယ် ။

ဝက်စ်ဟမ်း အသင်းက တော့ အိုလီဗာဂီရော့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ တစ် ပတ် လုပ် ခ ပေါင် ၁၃၀၀၀၀ ဖြင့် ကမ်းလှမ်းဖို့ ပြင် ဆင် နေပြီလို့ သိရပါတယ် ။

အာဆင် နယ် အသင်းဟာ ကွင်းလယ်လူ ၀ီလ် ရှိုင်းယား ကို စာချုပ် သက် တမ်းတိုးဖို့ ဆုံးဖြတ် ခဲ့တာ မှန် ကန် ကြောင်း မာတင် ကီယွန် က ပြောဆိုသွားခဲ့ပေမယ့် ၀ီလ် ရှိုင်းယား အ နေနဲ့ ဒဏ် ရာတွေကြောင့် တိုးတက် မလာတာကို မြင် တွေ့ရတာတော့ ရင် နာမိတယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

အာဆင် နယ် ဂိုးသမား ဆက်ဇ် နီ ဟာ ဂျုဗင် တပ် အသင်းထံ ပြောင်းရွှေ့ဖို့ နှုတ် အရ သ ဘောတူညီထားပြီ လို့လည်း ကြားသိရ ပါတယ် ။

စကိုင်းအီတလီယာ သတင်းဌာနက တော့ မန်စီးတီး နဲ့ အာဆင် နယ် တို့ဟာ ဆန်းချက် - အဂူရို အလဲအထပ် ပြုလုပ် ဖွယ် ရှိတယ် လို့ ဖော်ပြသွားခဲ့ပါတယ် ။

ဘီဘီစီ က တော့ အာဆင် နယ် အ နေဖြင့် ဆန်းချက် ကို စာချုပ် သက် တမ်းတိုးကာ အိုဇေးလ် ကို ရောင်းထုတ်ပြီး အခြား ကွင်းလယ် ဖန် တီးရှင် သစ် ကို ခေါ်ယူဖို့ လိုအပ် တယ် လို့ ရေးသားသွားခဲ့ပါတယ် ။

အာဆင် နယ် ကစားသမားဟောင်း ပီရက် က တော့ သူ့အနှစ် သက် ဆုံး ၅ ယောက် အသင်းကို ရွေးချယ် ခဲ့ရာမှာ အာဆင် နယ် အသင်းဖော်ဟောင်း ဒင်းနစ် ဘားကင့် နဲ့ အွန် နရီတို့ကို ထည့်သွင်းခဲ့တယ် လို့ သိရ ပါတယ် ။ ကျန် ၃ ဦးက တော့ ပီရက် ရဲ့ ပြင် သစ် အသင်းဖော်တွေဖြစ်ကြတဲ့ ဘားသက်ဇ် ၊ ဒယ် ဆယ် လီ နဲ့ ဇီဒန်းတို့ဖြစ် ကြပါတယ် ။

အာရွန် ရမ်ဆေး က တော့ လာမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီဟာ သူ့ရဲ့ ဘ၀မှာ အ တောက် ပဆုံးရာသီဖြစ် လာဖို့ မျှော် လင့်ထားတယ် လို့ ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။

“လက် ရှိ အချိန် အထိ ကျွန်တော် ဟာ အာဆင် နယ် ကစားသမားအဖြစ် ရှိနေဆဲပါ ။ အခု အင်္ဂလန် နဲ့ ယူ-၂၁ ပြိုင် ပွဲကိုပဲ အာရုံစိုက်ထာားပြီး နောက် ရာသီ ဘာဖြစ် မလဲဆိုတာတွေကို မစဉ်းစားသေးပါဘူး”
#ချမ်းဘားစ်

No comments:

Post a Comment